AYA SOMPO x AYA Pay

၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်နေ့တွင် AYA SOMPO Insurance နှင့် AYA Pay တို့သည် အာမခံနှင့်ပတ်သက်သည့် ငွေပေးချေမှုများကို Digital စနစ်ဖြင့် လွယ်ကူစွာငွေပေးချေနိုင်ရန်အတွက် “အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း သဘောတူညီမှုလက်မှတ်” ကို AYA SOMPO အာမခံရုံးချုပ်၌ လက်မှတ်ရေး ထိုးခဲ့ပါတယ်။

အခမ်းအနားကို AYA SOMPO အာမခံမှ တာဝန်ရှိသူများနှင့် AYA Pay မှ တာဝန်ရှိသူများ တက်ရောက်၍ လက်မှတ်ရေးထိုးခဲ့ပါတယ်။ AYA SOMPO အာမခံနှင့် AYA Pay တို့ လုပ်ငန်းပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပိုမိုကောင်းမွန်သော အာမခံဝန်ဆောင်မှုများကို အချိန် နေရာမရွေး အဆင်ပြေလွယ်ကူစွာ ဝန်ဆောင်မှု ရယူနိုင်အောင် ဆောင်ရွက်သွားမှာ ဖြစ်တဲ့အပြင် လုံခြုံစိတ်ချရပြီး မြန်မာပြည်သူလူထု၏ လူနေမှုဘဝနှင့် ကိုက်ညီသော အာမခံအကာအကွယ်ကောင်းများ ပေးနိုင်ရန်အတွက်လည်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။