Best Company to Work in Myanmar 2020 – Corporate Winner

Best Companies to Work in Myanmar – Corporate Winner” ဆုလက်ခံရရှိ (စက်တင်ဘာလ ၂ ရက်နေ့၊ ၂၀၂၀ ခုနှစ်)

JobNet မှ စီစဉ်ပြုလုပ်သော “Best Companies to Work in Myanmar 2020” Campaign တွင် AYA SOMPO အာမခံမှ “Best Companies to Work in Myanmar – Corporate Winner” အဖြစ် ရွေးချယ်သတ်မှတ်ခြင်းခံခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါသည်။

Best Companies to Work in Myanmar” ဆုကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့တွင် JobNet ၏ တာဝန်ရှိပုဂ္ဂိုလ်များမှ AYA SOMPO အာမခံရုံးချုပ်သို့ လာရောက်ပေးအပ်ခဲ့ပြီး CEO ဦးမျိုးမင်းသူနှင့် COO Mr.Keiji Okada မှ ဆုလက်ခံရယူခဲ့ပါသည်။

AYA SOMPO အာမခံမှ JobNet ၏ တာဝန်ရှိပုဂ္ဂိုလ်များနှင့်တကွ ပါဝင်ခဲ့ကြသော AYA SOMPO မှဝန်ထမ်းများ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် “Best Companies to Work in Myanmar” ဟူသော သတ်မှတ်ချက်နှင့်အညီ ဝန်ထမ်းများ၏ စိတ်ချရမှုနှင့် လုံခြုံမှုကို ရှေးရှု၍ ပိုမိုကောင်းမွန်အောင် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။