Home > Personal Insurance > အလုံးစုံမော်တော်ယာဥ်အာမခံ​

အလုံးစုံမော်တော်ယာဥ်အာမခံ

လုံခြုံစိတ်ချမောင်းနှင်ဖို့ အာမခံထား၍ ကာကွယ်စို့

Home > Personal Insurance > အလုံးစုံမော်တော်ယာဉ်အာမခံ

အလုံးစုံမော်တော်ယာဉ်အာမခံ

လုံခြုံစိတ်ချမောင်းနှင်ဖို့ အာမခံထား၍ ကာကွယ်စို့

မတော်တဆမှုများကြောင့် အာမခံထားသောယာဉ် ပျက်စီးဆုံးရှုံးမှုများ၏ ပြင်ဆင်စရိတ်များ (သို့) ဆုံးရှုံးမှုတန်ဖိုး

သေဆုံးမှု နှင့် ဒါဏ်ရာရရှိမှု များ

• သေဆုံးမှု အကျိုးခံစားခွင့် – ကျပ် (၁၀) သိန်း

• ဒါဏ်ရာရရှိမှု အကျိုးခံစားခွင့် – ပြည်သူ့ဆေးရုံ / ဆရာဝန်၏ ဆေးစာအရ ပေးလျော်ပါသည်။

သူတစ်ပါးထိခိုက်မှု

• အာမခံထားသောယာဉ် မတော်တဆမှုများကြောင့် အခြားယာဉ်နှင့်အရာဝတ္ထုများ ပျက်စီးဆုံးရှုံးမှုများ၏ ပြင်ဆင်စရိတ်များ (သို့) ဆုံးရှုံးမှုတန်ဖိုး

• သူတစ်ပါးထိခိုက်မှု အတွက်ဖြစ်စဉ်တစ်ခုအတွက် အများဆုံးလျော်ကြေး မှာ ကျပ် သိန်း (၅၀၀) ဖြစ်သည်။

၁) လေကာမှန်ကွဲအက်ပျက်စီးခြင်း (မထားမနေရ)

၂) သပိတ်၊ ဆူပူအဓိကရုဏ်ဖြစ်ခြင်း(မထားမနေရ)

၃) သဘာဝဘေးအန္တရာယ်( ရေကြီးခြင်း၊ လေမုန်တိုင်းတိုက်ခတ်ခြင်း၊ မြေခလျင်လှုပ်ခြင်း)

၄) စစ်ဘေးအန္တရာယ်

၅) မော်တော်ယာဉ်ခိုးယူခံရခြင်း

• ကညနတွင် မှတ်ပုံတင်ထားသောယာဉ်အားလုံး

• ကိုယ်ပိုင်ယာဉ်၊ အငှားယာဉ်၊ အိမ်သုံး နှင့် လုပ်ငန်းသုံးယာဉ်အမျိုးမျိုး

အာမခံတန်ဖိုး

• ယာဉ်၏ ကာလပေါက်ဈေး

ပရီမီယံနှုန်းသတ်မှတ်ပုံ

• ယာဉ်တန်ဖိုး

• ယာဉ်အသုံးပြုပုံ

• အင်ဂျင်ထုထည်၊သယ်ယူနိုင်သည့်ဝန်အား (Cubic Capacity) များအပေါ်တွင် အခြေခံ၍ သတ်မှတ်ပါသည်။

လျော်ကြေးမဲ့ဆု

• လျော်ကြေးမဲ့ဆု ခံစားခွင့်ကို နှစ်စဉ်သက်တမ်းတိုးချိန်တွင်ခံစားခွင့်ရှိပါသည်။

လျော်ကြေးမဲ့ဆုနှုန်းထားများ

• အာမခံထားသည့်ယာဉ် အာမခံထားသော နှစ်အတွင်း လျော်ကြေးမတောင်းလျှင် အောက်ပါအတိုင်း လျော်ကြေးမဲ့ဆု ခံစားခွင့်ရှိသည်။

သက်တမ်းကိုယ်ပိုင်ယာဉ်အငှားယာဉ်
ဒုတိယနှစ်၂၅%၁၅%
တတိယနှစ်၃၀%၂၀%
စတုတ္ထနှစ်နှင့် အထက်၄၀%၂၅%

အာမခံ သက်တမ်း

• (၃) လ၊ (၆)လ၊ (၉)လ၊ (၁) နှစ်

• (၁) နှစ် သက်တမ်းကုန်ဆုံးလျှင် ပေါ်လစီကို သက်တမ်းတိုး ဆက်လက်ထားနိုင်ပါသည်။

• ယာဉ်၏ကာလပေါက်ဈေးထက်မပိုသောတန်ဖိုး

• အာမခံထားသည့် ယာဉ်မတော်တဆတိုက်မိခြင်း၊ အတိုက်ခံရခြင်း တိမ်းမှောက်ခြင်း။

• မီးလောင်ခြင်း၊ မိုးကြိုးပစ်၍ မီးလောင်ခြင်း၊ ပေါက်ကွဲမှုဖြစ်ခြင်း။

• ယာဉ်ပေါ်သို့ ပစ္စည်းတစ်စုံတစ်ခု ပြုတ်ကျခြင်း။

• မသမာဖျက်ဆီးခံရခြင်း။

• ရေလမ်း၊ ကုန်းလမ်းဖြင့် သယ်ယူပို့ဆောင်စဉ်ပျက်စီးခြင်း။

၁။ အလုံးစုံ ​မော်​တော်ယာဥ် အာမခံ(Comprehensive Motor Insurance) ဆိုတာ ဘာလဲ။

ဖြေ။ အလုံးစုံ ​မော်​တော်ယာဥ် အာမခံဆိုတာ မမျှော်လင့်သော အခြေအနေများတွင် ​ဖြစ်ပေါ်လာသော မော်​တော်ယာဥ်ထိခိုက်ပျက်စီးမှုများ​ကြောင့် နစ်နာဆုံးရှုံးမှုများကို ငွေ​ကြေးအားဖြင့် ​ထောက်ပံ့​ပေး​သော ၊ သူတစ်ပါး ထိခိုက်မှု ( third party liability ) နစ်နာမှုများ အတွက်ပါ အကာအကွယ်ပေးနိုင်သည့် အာမခံအမျိုးအစား ဖြစ်ပါသည်။

၂။ သူတစ်ပါး ထိခိုက်မှု ( third party liability )ဆိုတာ ဘာလဲ။

ဖြေ။ မိမိပိုင် ​စက်တပ်ယာဥ် ၏ ​မ​တော်တဆထိခိုက်မှုကြောင့် သူတစ်ပါး(သက်ရှိ/သက်မဲ့)(life/property) တို့ ထိခိုက်နစ်နာ ဆုံးရှုံးမှု သည် သူတစ်ပါး ထိခိုက်မှု ( third party liability ) တွင် အကျုံးဝင်ပါသည်။

၃။ အလုံးစုံ ​မော်​တော်ယာဥ် အာမခံ(comprehensive motor insurance) ထားချင်ရင် ဘာ​​တွေလိုအပ်ပါသလဲ။

ဖြေ။ ယာဥ်မှတ်ပုံတင်စာအုပ်(owner book) ၊ ယာဥ်မှတ်ပုံတင်သက်​သေခံ ကဒ်ပြား(wheel tax) ၊ ယာဥ်ကို ​မောင်းနှင် ကိုင်တွယ်မည့် လူ၏ ယာဥ်​မောင်းလိုင်စင် (driving license) နှင့် လုပ်ငန်းသုံး ယာဥ် ဖြစ်ပါက အဆိုပါ ယာဥ်၏ လုပ်ငန်းလိုင်စင်(freight license) တို့ လိုအပ်ပါတယ်။

၄။ အလုံးစုံမော်တော်ယာဉ် အာမခံထားမယ်ဆိုရင် အာမခံ​ကြေး အနေနဲ့ ဘယ်လောက်ကျသင့်နိုင်မလဲ။

‌ဖြေ။ အာမခံ​ကြေးသည် ကားတန်ဖိုး(sum insured) ၊ ယာဥ်အသုံးပြုပုံ(vehicle usage) နှင့် ယာဥ်၏အင်ဂျင်ထုထည် (cubic capacity) တို့ပေါ် မူတည်၍ ၁% မှ ၂% ​အထိ ကျသင့်နိုင်ပါတယ်။

၅။ အလုံးစုံမော်တော်ယာဉ် အာမခံမှာ အာမခံသက်တမ်းဘယ်လောက်ထားရှိနိုင်မလဲ။

ဖြေ။ အာမခံသက်တမ်းက (၃လ/၆လ/၉လ/၁နှစ်)ဆိုပြီး ဆန္ဒရှိသ​လို ​ရွေးချယ် ၀ယ်ယူနိုင်ပါတယ်။ သက်တမ်းတိုအာမခံ​ပေါ်လစီ(short term policy _ ၃လ/၆လ/၉လ) မှာ​တော့ ၁နှစ် အာမခံ​ပေါ်လစီထက် ပရီမီယံ​ကြေး ၁၀% ပို​ဆောင်ရမှာ ဖြစ်ပါတယ်။

၆။ အလုံးစုံမော်တော်ယာဉ် အာမခံမှာ အာမခံသက်တမ်းအတွင်း လျော်ကြေးတောင်းခံခဲ့ခြင်းမရှိပါက ဘယ်လိုအကျိုးခံစားခွင့်တွေ ရရှိနိုင်မလဲ။

ဖြေ။ အာမခံသက်တမ်းအတွင်း လျော်ကြေးတောင်းခံခဲ့ခြင်းမရှိပါက သက်တမ်းဆက်ပရီမီယံပေါ်တွင် ​လျော်​ကြေးမဲ့ဆု( no claim bonus) အဖြစ် အခြေခံပရီမီယံပေါ်တွင် သတ်မှတ်ထားသော ရာခိုင်နှုန်းအလိုက် ခံစားခွင့်ရှိပါတယ်။ သက်တမ်းတိုအာမခံ​ပေါ်လစီ(၃လ/၆လ/၉လ) တို့ မှာ​တော့ လျော်​ကြေးမဲ့ဆု( no claim bonus ) ကို ခံစားခွင့်မရနိုင်ပါ။

၇။ အလုံးစုံမော်တော်ယာဉ် အာမခံတွင် ဘယ်လို အကာအကွယ်​တွေ ရရှိနိုင်မလဲ။

ဖြေ။   

၁။ မိမိပိုင်ယာဥ် ပျက်စီးခြင်း

၂။ သူတစ်ပါး ထိခိုက်မှု

၃။ သဘာဝ​ဘေးအန္တာရာယ်

၄။ ဆူပူအဓိကရုဏ်း၊သပိတ်၊မသမာဖျက်စီးမှု

၅။ စစ်​ဘေးအန္တရာယ်

၆။ သူခိုးအန္တရာယ်

၈။ ​အလုံးစုံမော်တော်ယာဉ်အာမခံတွင် ဘယ်လိုအချက်တွေက လျော်ကြေးအကျုံးမဝင်ပါသလဲ။

ဖြေ။

၁။ မြန်မာနိုင်ငံပြင်ပတွင် ဖြစ်ပွါးသော ယာဉ်မတော်တဆမှုများ

၂။ ဝန်ပိုတင်ဆောင်ခြင်း (သို့) သတ်မှတ်ခံနိုင်ဝန်အားထက်ပို၍ တင်ဆောင်ခြင်းကြောင့် ပျက်စီးဆုံးရှုံးခြင်း

၃။ ယာဉ်ထိခိုက်မှုနှင့် တစ်ချိန်တည်းဖြစ်ခြင်းမဟုတ်သည့် တာယာများပျက်စီးခြင်း

၄။ တစ်စုံတစ်ဉီး၏ လိမ်ညာမှုကြောင့် (သို့) ယင်းနှင့်ဆက်နွယ်သော အကြောင်းကြောင့် ဖြစ်ပေါ်သည့် ပျက်စီးဆုံးရှုံးမှု

၅။ အဆိုလွှာတွင် ယာဉ်အသုံးပြုပုံကို မှန်ကန်စွာ ဖော်ပြပေးရမည်။ အဆိုလွှာတွင် ဖော်ပြထားသည့် ကိစ္စမှလွဲ၍ အခြားနည်းဖြင့် အသုံးပြုခြင်းကြောင့် ဆုံးရှုံးပျက်စီးမှုများ

၆။ အသုံးပြုပုံပြောင်းလဲခြင်း၊ ယာဉ်ပုံစံ/စွမ်းအင် ပြုပြင်မွမ်းမံခြင်း၊ Modification ယာဉ်ပြောင်းလဲခြင်း၊ ပိုင်ရှင်ပြောင်းလဲခြင်း စသည့် ပြောင်းလဲမှုများဖြစ်ပေါ်ပါက AYA SOMPO သို့ အကြောင်းကြားရပါမည်။ အကြောင်းမကြားပဲ ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုများသည် လျော်ကြေးအကျုံးမဝင်ပါ။

Not sure what you need?

Drop your email and submit a form. We will contact you as soon as possible.

Or give us a call

  • +95-9-966662883