အလုံးစုံမော်တော်ယာဥ်အာမခံ

လုံခြုံစိတ်ချမောင်းနှင်ဖို့ အာမခံထား၍ ကာကွယ်စို့

အလုံးစုံမော်တော်ယာဉ်အာမခံ

အလုံးစုံမော်တော်ယာဉ်အာမခံသည် သင့်လိုအပ်ချက်များနှင့် လိုက်လျောညီထွေရှိစေရန် အကာအကွယ် အပြည့်အစုံပေးထားခြင်းဖြစ်ပါသည်။ ဤအာမခံသည် သင်၏မော်တော်ယာဉ်သာမက သင်နှင့်အတူ လိုက်ပါစီးနင်းသူများအတွက်ပါ အကာအကွယ်ပေးထားပါသည်။ ထို့ကြောင့် သင်၏မော်တော်ယာဉ်ကို အကာအကွယ်အပြည့်အစုံဖြင့် လုံခြုံစိတ်ချစွာ မောင်းနှင်နိုင်ပါပြီ။

Edit
အာမခံထားသောယာဉ် ပျက်စီးဆုံးရှုံးခြင်း

မတော်တဆကားတိုက်မိခြင်း၊ မီးလောင်ခြင်းနှင့် မိုးကြိုးပစ်ခြင်းတို့ကြောင့် မိမိကိုယ်ပိုင်ယာဉ် ပျက်စီးဆုံးရှုံးမှုအတွက် အကာအကွယ်ပေးခြင်း (အာမခံထားသော ယာဉ်တန်ဖိုးအများဆုံးအထိ ရရှိနိုင်ပါသည်)

သေဆုံးမှုနှင့် ဒဏ်ရာရရှိမှု အကျိုးခံစားခွင့်
သေဆုံးမှုနှင့် ဒဏ်ရာရရှိခြင်းအတွက် လျော်ကြေးပေးဆောင်မှုကို ထိခိုက်သည့်အတိုင်းအတာပေါ်မူတည်၍ အကျိုးခံစားခွင့် ကျပ် (၁၀) သိန်းအထိ ရရှိနိုင်ခြင်း
လေကာမှန် အကာအကွယ်

လေကာမှန်တန်ဖိုးအပေါ်မူတည်၍ ပျက်စီးဆုံးရှုံးမှုအတွက် အကျိုးခံစားခွင့် သိန်း (၃၀) အထိ ရရှိနိုင်ခြင်း

တစ်ပါးသူထိခိုက်နစ်နာခြင်း

တစ်ပါးသူသေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းနှင့် တစ်ပါးသူပိုင်ဆိုင်သော ပစ္စည်းများ ပျက်စီးဆုံးရှုံးခြင်းများအတွက် လျော်ကြေး ပေးဆောင်မှု (အများဆုံး သိန်း ၅၀၀ အထိ)

Edit
သပိတ်မှောက်ခြင်း၊ အဓိကရုဏ်းဖြစ်ခြင်း
သပိတ်မှောက်ခြင်း၊ အဓိကရုဏ်းဖြစ်ခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုအတွက် အကာအကွယ်ပေးခြင်း
စစ်ဘေးအန္တရာယ်
စစ်နှင့်စစ်အသွင်ဖြစ်ရပ်များကြောင့် ပျက်စီးဆုံးရှုံးမှုအတွက် အကာအကွယ်ပေးခြင်း
လျော်ကြေးနှုတ်ဖြတ်ငွေ ကင်းလွတ်ခွင့်အခ
မတော်တဆထိခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုအတွက် ထပ်ဆောင်းပေးရသော နှုတ်ဖြတ်ငွေကင်းလွတ်ခြင်း
မော်တော်ယာဉ်ခိုးယူခံရခြင်း
မော်တော်ယာဉ်ခိုးယူခံရခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုအတွက် အကာအကွယ်ပေးခြင်း
သဘာဝဘေးအန္တရာယ်
ရေကြီးခြင်း၊ လေမုန်တိုင်းတိုက်ခြင်း၊ တိုင်ဖုန်း၊ လေဆင်နှာမောင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ မြေငလျင်လှုပ်ခြင်း၊ မြေပြိုခြင်း၊ မြေကျွံခြင်း စသည်တို့ကြောင့် ပျက်စီးဆုံးရှုံးမှုအတွက် အကာအကွယ်ပေးခြင်း
Edit

အရေးပေါ်ယာဉ်ပျက်ဆွဲစရိတ်

ယာဉ်မတော်တဆမှုကြောင့် အရေးပေါ်ယာဉ်ပျက်ဆွဲယူခြင်း ဝန်ဆောင်မှုအတွက် အကျိုးခံစားခွင့် (၁) သိန်းကျပ်အထိ ရရှိနိုင်ခြင်း

တရားခွင်စရိတ်

မော်တော်ယာဉ်နှင့်ပတ်သက်ပြီး တရားစွဲဆိုမှု ကုန်ကျစရိတ်အတွက် (၂) သိန်းကျပ်အထိ ရရှိနိုင်ခြင်း

၂၄နာရီ လျော်ကြေးတောင်းခံခြင်း ဝန်ဆောင်မှု

အရေးပေါ်လျော်ကြေးတောင်းခံခြင်းကို ၂၄ နာရီ ဆက်သွယ်အကြောင်းကြားနိုင်ခြင်း

ယာဉ်စုအလိုက် လျှော့ဈေးပေးခြင်း (FLEET DISCOUNT)

အာမခံသူတစ်ဦးတည်း၏အမည်အောက်တွင် fleet discount ၁၀% အထိရရှိနိုင်ခြင်း

လျော်ကြေးမဲ့ဆု (No Claim Bonus)

၃နှစ်နှင့် ၃နှစ်အထက် လျော်ကြေးတောင်းခံမှု မရှိပါက လျော်ကြေးမဲ့ဆုကြေးအနေဖြင့် ပရီမီယံ၏ ၄၀% အထိရရှိနိုင်ခြင်း

Edit
တရားဝင်မှတ်ပုံတင်ထားသော မော်တော်ယာဥ်ယာဉ်များ သို့မဟုတ် ပုဂ္ဂလိကပိုင် သို့မဟုတ် အများသုံးယာဉ်များ။
Edit

အာမခံကြေးနှုန်းထား

အာမခံထားငွေ (ကားတန်ဖိုး) ပေါ်တွင်မူတည်ပြီး ၀.၈% မှ ၂%ထိ အောက်ပါတို့အပေါ်မူတည်၍ နှုန်းထားသတ်မှတ်ပါသည်။

  • ယာဉ်တန်ဖိုး
  • ယာဉ်အသုံးပြုပုံ
  • အင်ဂျင်ပါဝါ

 

အာမခံ သက်တမ်း

အများဆုံး ပေါ်လစီ သက်တမ်းသည် တစ်နှစ်အထိဖြစ်ပြီး နှစ်စဉ်သက်တမ်းတိုးနိုင်ပါသည်။

  • အနည်းဆုံး ၃လ၊ ၆လ နှင့် ၉လ အထိ ထားနိုင်ပါသည်။
Edit

အလုံးစုံမော်တော်ယာဉ်အာမခံထားရှိလိုပါက မည်သည့်စာရွက်စာတမ်းများလိုအပ်ပါသလဲ။

အလုံးစုံမော်တော်ယာဥ်အာမခံထားရှိလိုပါက အောက်ဖော်ပြပါ စာရွက်စာတမ်းများ လိုအပ်ပါသည်။
  • အဆိုပြုလွှာ အပြည့်အစုံ
  • အချက်အလက်စာရင်း အပြည့်အစုံ
  • ယာဥ်မှတ်ပုံတင်သက်​သေခံ လက်မှတ်(wheel tax)/ က.ည.န ကနဦးမှတ်ပုံတင်စာရွက်
  • ယာဉ်မောင်းလိုင်စင်
  • ယာဉ်မှတ်ပုံတင်စာအုပ်
  • အရောင်းအဝယ်စာချူပ်/ ပြေစာ
  • ကားဓာတ်ပုံ
  • အာမခံကုမ္ပဏီများအားလုံး ကောက်ခံသော ပရီမီယံနှုန်းထားသည် တူညီပါသလား။

    အလုံးစုံမော်တော်ယာဉ်အာမခံမှာ Tariff Rate ဖြင့် သတ်မှတ်ထားခြင်းဖြစ်ပါသည်။ ဆိုလိုသည်မှာ ၄င်းအကာအကွယ်အတွက် ကောက်ခံမည့်ပရီမီယံသည် အာမခံတာဝန်ရှိသူမှ ချမှတ်ထားသော ပုံသေနည်းပေါ်တွက်ချက်ပြီး ကောက်ခံခြင်းဖြစ်သောကြောင့် အာမခံကုမ္ပဏီတိုင်း တူညီသောအကာအကွယ်အတွက် တူညီသောအခြေခံပရီမီယံနှုန်းဖြင့် ကောက်ခံခြင်းဖြစ်ပါသည်။

    လျော်ကြေးနှုတ်ဖြတ်ငွေဆိုတာဘာလဲ။ ဘယ်လိုအသုံးပြုနိုင်လဲဆိုတာကို ဥပမာပေးပြီးရှင်းပြပေးပါ။

    လျော်ကြေးနှုတ်ဖြတ်ငွေဆိုသည်မှာ အာမခံကုမ္ပဏီမှလျော်ကြေးပေးရချိန်တိုင်း အာမခံထားသူမှပေးဆောင်ရမည့် ပမာဏကိုဆိုလိုခြင်းဖြစ်ပါသည်။ ဥပမာအနေဖြင့် လျော်ကြေးပေးဆောင်မည့်ပမာဏသည် ခြောက်သောင်းကျပ်ဆိုလျှင် ပေါ်လစီတွင် ဖော်ပြထားသောလျော်ကြေးနှုတ်ဖြတ်ငွေ ငါးသောင်းကျပ်ကို အာမခံထားသူမှ ပေးဆောင်ရမည်ဖြစ်ပြီး အာမခံကုမ္ပဏီမှကျန်ငွေ တစ်သောင်းကျပ်ကို ပေးလျော်မည်ဖြစ်ပါသည်။ 

    လျော်ကြေးမဲ့ဆု (No Claim Bonus) ဆိုတာဘာလဲ။

    လျော်ကြေးမဲ့ဆုဆိုသည်မှာ အာမခံတာဝန်ရှိသူမှသတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းနှင့်အညီ အာမခံသက်တမ်းအတွင်း လျော်ကြေးတောင်းခံခဲ့ခြင်းမရှိပါက အခြေခံပရီမီယံပေါ်တွင် ရာခိုင်နှုန်းအလိုက် လျော့ဈေးခံစားခွင့်ကိုဆိုလိုခြင်းဖြစ်ပါသည်။ သို့သော် အာမခံထားသူတစ်ဦးထဲမှ မော်တော်ယာဉ်ကို သက်တမ်း (၁၂) လ ဆက်တိုက်အာမခံထားမှသာ ခံစားခွင့်ရှိမည်ဖြစ်ပါသည်။

    လျော်ကြေးမဲ့ဆုကို မော်တော်ယာဉ်တစ်စီးမှနောက်တစ်စီးသို့ လွှဲပြောင်းနိုင်ပါသလား။

    သင့်အမည်ဖြင့် မော်တော်ယာဉ်များကိုမှတ်ပုံတင်ထားပါက လျော်ကြေးမဲ့ဆုကို မော်တော်ယာဉ်တစ်စီးမှ နောက်တစ်စီးသို့ လွှဲပြောင်းပေးနိုင်ပါသည်။ သို့သော် နောက်နှစ်လျော်ကြေးမဲ့ဆုကို အာမခံထားသူတစ်ဦးထဲမှ မော်တော်ယာဉ်ကို သက်တမ်း (၁၂) လ ဆက်တိုက်အာမခံထားရှိထားပြီး အာမခံသက်တမ်းအတွင်း လျော်ကြေးတောင်းခံခဲ့ခြင်းမရှိမှသာ ခံစားခွင့်ရရှိမည်ဖြစ်ပါသည်။ (မှတ်ချက်၊ ရရှိသော လျော်ကြေးမဲ့ဆုကို မော်တော်ယာဉ်တစ်စီးထက်ပို၍ အသုံးပြုခွင့်မရှိပါ။)

    ကားအာမခံထားချင်ရင် ဘယ်လောက်နဲ့ထားရမလဲ။

    ဈေးကွက်ပေါက်ဈေးပေါ်မူတည်ပြီး အာမခံထားရှိနိုင်ပါသည်။ အာမခံထားရှိလိုသော ကားတန်ဖိုအား သိရှိလိုပါက ကားအရောင်းတာဝန်ခံ (သို့မဟုတ်) ကားအရောင်းပြခန်းတွင်လည်း မေးမြန်းနိုင်ပါသည်။

    ကားပြောင်းချင်ရင် ဘာလုပ်ဖို့လိုမလဲ။

    ကားပြောင်းဖို့အတွက် Customer Service ဖုန်းနံပါတ် ၀၉ ၇၇၇ ၁၀၀ ၅၅၅ သို့ဆက်သွယ်နိုင်ပါသည် (သို့မဟုတ်) သက်ဆိုင်ရာ အရောင်းဝန်ထမ်းများသို့ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။ အာမခံနှင့်ပတ်သက်၍ ပြင်ဆင်ခြင်း/ပြောင်းလဲခြင်း တောင်းဆိုလွှာ ကို ဖြည့်ပေးပြီး လိုအပ်သောစာရွက်စာတမ်းများကို ပေးရန်လိုအပ်ပါသည်။ ပြန်အမ်းငွေ (သို့မဟုတ်) ထပ်ဆောင်းပရီမီယံကို သင်၏အာမခံထားငွေအသစ်အပေါ်တွင် ကောက်ခံသွားမည်ဖြစ်ပါသည်။ 

    ပေါ်လစီ ပယ်ဖျက်ချင်ရင် ဘာလုပ်ဖို့လိုမလဲ။

    ပေါ်လစီ ပယ်ဖျက်ခြင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ Customer Service ဖုန်းနံပါတ် ၀၉ ၇၇၇ ၁၀၀ ၅၅၅ သို့ဆက်သွယ်နိုင်ပါသည် (သို့မဟုတ်) သက်ဆိုင်ရာ အရောင်းဝန်ထမ်းများသို့ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။ အာမခံနှင့်ပတ်သက်၍ ဖျက်သိမ်းခြင်း တောင်းဆိုလွှာ ဖြည့်ပေးရန်လိုအပ်ပါသည်။ ကျန်ရှိနေသော အာမခံသက်တမ်းပေါ်မူတည်ပြီး ပရီမီယံကို ပြန်အမ်းပေးသွားမည်ဖြစ်ပါသည်။

    Digital Services

    Easy for you to access your insurance policy via our digital platform

    Key benefits

    Wide Coverages

    Comprehensive Motor Insurance offers additional coverages such as Windscreen, SRCC (Strike, Riot and Civil Commotion), Acts of God (Flood, Windstorm, Earthquake and etc), War Risks, and Theft. Some of these coverages are included in the compulsory plan while some are optional add-ons that come with an additional premium. We let you choose various options and benefits to design a plan suited to your specific needs.

    Hassle-free Claims

    Considering potential accidents that may occur and damage your vehicle, our policy can come in handy as it will significantly lower the costs incurred on repairing your vehicle or replacing its parts. Fast and reliable claims give you a sense of calm to focus on your recovery.

    Door to Door Service

    The safety of our customers will always be our first priority. We are committed to provide the most secure and convenient services to fulfill the needs of our customers. With our door to door service, you will experience a more streamlined approach.

    Not sure what you need?

    Learn in seconds which types of insurance match your needs.

    Not sure what you need?

    Learn in seconds which types of insurance match your needs.