Edit Content

Digital Services

Easy for you to access your insurance policy via our digital platform



ဧရာမြန်မာအထွေထွေအာမခံကုမ္ပဏီလီမိတက် (AYA MYANMAR GENERAL INSURANCE CO.,LTD) နှင့် ထိပ်တန်း ဂျပန်အာမခံကုမ္ပဏီတစ်ခုဖြစ်သော SOMPO JAPAN NIPPONKOA INSURANCE INC. တို့ အကျိူးတူလုပ်ငန်းပူးပေါင်းဆောင်ရွက်ရန်အတွက် လုပ်ငန်းလိုင်စင်ရရှိ ​

နိုဝင်ဘာလ ၁၁ ရက်၊ ၂၀၁၉

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနမှ ဖက်စပ်အထွေထွေအာမခံလုပ်ငန်း အကျိုးတူလုပ်ငန်းပူးပေါင်းဆောင်ရွက်ရန် လုပ်ငန်းလိုင်စင်ပေးအပ်ပွဲအခမ်းအနားအား ယနေ့ မနက်ပိုင်းတွင် နေပြည်တော် Thingaha Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဧရာမြန်မာအာမခံ၏ လုပ်ငန်းခွဲဖြစ်သော ဧရာမြန်မာအထွေထွေအာမခံကုမ္ပဏီလီမိတက် (AYA Myanmar General Insurance Co.,Ltd) နှင့် Sompo Japan Nipponkoa Insurance Inc လုပ်ငန်းခွဲဖြစ်သော Sompo Holdings, Inc တို့သည် အကျိူးတူလုပ်ငန်းပူးပေါင်းဆောင်ရွက်ရန်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ခွင့်ပြုချက်အား ၂၀၁၉ ခုနှစ် နို၀င်ဘာလ (၂၈) ရက် နေ့တွင် တရား၀င်ရရှိခဲ့ပါသည်။

အဆိုပါ အကျိုးတူလုပ်ငန်းပူးပေါင်း ဆောင်ရွက်ခွင့်ပြုချက်နှင့်အညီ ဧရာမြန်မာအထွေထွေအာမခံကုမ္ပဏီလီမိတက် (AYA Myanmar General Insurance Co.,Ltd) အား ဧရာဆွန်ပိုအာမခံကုမ္ပဏီလီမိတက် (AYA SOMPO Insurance Co.,Ltd) အမည်ဖြင့်ပြောင်းလဲလုပ်ကိုင်သွားမည် ဖြစ်ပြီး မကြာမီအချိန်အတွင်း ကုမ္ပဏီ၏ အမှတ်တံဆိပ်အသစ်ကိုလည်း စျေးကွက်အတွင်းသို့ ချပြသွားမည်ဖြစ်ပါသည်။