Digital Services

Easy for you to access your insurance policy via our digital platform

Secure your Worksite

All Risks Insurance

with

Contractor’ s

Secure your Worksite

with

Contractor’ s

All Risks Insurance

ကန်ထရိုက်တာအလုံးစုံအာမခံ၊ တည်ဆောက်မှုအလုံးစုံအာမခံ

တည်ဆောက်မှုလုပ်ဆောင်နေစဉ်အတွင်း ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုများကို
ကန်ထရိုက်တာအလုံးစုံအာမခံ/ တည်ဆောက်မှုအလုံးစုံအာမခံ နှင့် ကာကွယ်ပါ။

အကျိုးခံစားခွင့်များ

အကျိုးခံစားခွင့် အသေးစိတ် အချက်အလက်များ

ကန်ထရိုက်တာအလုံးစုံအာမခံ (CAR)
ကန်ထရိုက်တာအလုံးစုံအာမခံသည်

  • ရုံးအဆောက်အဦး၊ စက်ရုံ၊ ဈေးဝယ်စင်တာနှင့် လူနေအိမ်ခန်းများ ဆောက်လုပ်စဉ်အတွင်းသော်လည်းကောင်း၊
  • မော်တော်ကားလမ်း၊ မီးရထားလမ်း၊ သင်္ဘောဆိပ်၊ ဉမင်လှိုဏ်ခေါင်း၊ ဆည်ကာတာ၊ ရေပိုလွှဲ၊ လေဆိပ်နှင့် မြေအောက်ဈေးဝယ်စင်တာများ ဆောက်လုပ်ဆဲကာလတွင်လည်းကောင်း ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များကို အကာအကွယ်ပေးပါသည်။

တည်ဆောက်တပ်ဆင်မှုအလုံးစုံအာမခံ (EAR)
တည်ဆောက်တပ်ဆင်မှုအလုံးစုံအာမခံသည်

  • အမျိုးမျိုးသော စက်ပစ္စည်းများ တည်ဆောက်တပ်ဆင်ခြင်းကာလတွင်လည်းကောင်း၊
  • စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်စဉ်တွင်လည်းကောင်း၊
  • တံတားနှင့် သံမဏိတာဝါတိုင်များ တည်ဆောက်တပ်ဆင်ခြင်း ကာလတွင်လည်းကောင်း ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များကို အကာအကွယ်ပေးပါသည်။

အာမခံအကာအကွယ်

ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုများကို အကာအကွယ်ပေးပါသည်။

ပစ္စည်းပျက်စီးဆုံးရှုံးမှု: လုပ်ငန်းခွင်အတွင်း အာမခံထားသော ပစ္စည်းများ ရုတ်တရက် မမျှော်လင့်ဘဲ ပျက်စီးဆုံးရှုံးခြင်းများကို အကာအကွယ်ပေးပါသည်။

သူတစ်ပါး ထိခိုက်နစ်နာမှုဆိုင်ရာတာဝန်ယူမှု: အာမခံထားသူသည် မတော်တဆ ပျက်စီးဆုံးရှုံးမှု၏အကျိုးဆက်အနေဖြင့် အကျိုးခံစားခွင့်ရှိသည့် ပျက်စီးဆုံးရှုံးမှုများအား ဉပဒေအရ တရားဝင်ပေးဆောင်ရမည့်အချိန်တွင်

(က) သူတစ်ပါးထိခိုက်ဒဏ်ရာရရှိခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့် အသက်သေဆုံးခြင်း

(ခ) သူတစ်ပါး၏ပိုင်ဆိုင်မှုများ မတော်တဆ ဆုံးရှုံးခြင်း သို့မဟုတ် ပျက်စီးခြင်း

  • ပစ္စည်းပျက်စီးဆုံးရှုံးမှုအကာအကွယ်အရ အာမခံထားသော ပစ္စည်းများကို ဆောက်လုပ်စဉ် သို့မဟုတ် တည်ဆောက်စဉ် ပျက်စီးခြင်း၊
  • လုပ်ငန်းခွင်အတွင်း သို့မဟုတ် ပတ်ဝန်းကျင်တွင် ပျက်စီးခြင်း
  • အာမခံအကာအကွယ်ရရှိသည့် ကာလအတွင်း ပျက်စီးခြင်း

အာမခံ အချက်အလက်များ

အာမခံကြေးနှုန်းထား
လုပ်ငန်းပြီးဆုံးသည်အထိ ပါဝင်သည့်လုပ်ငန်းများ၏စာချုပ်တန်ဖိုး အရ

ဆောက်လုပ်မှုကုန်ကျစရိတ်များ

ကုန်ပစ္စည်းကုန်ကျစရိတ် သို့မဟုတ် ကုန်သွင်းသူများ၏ပစ္စည်းများ (ပစ္စည်းကုန်ကျစရိတ်) များအပြင်

အခွန်၊ အကောက်ခွန်များ
အာမခံကုန်ကျစရိတ်၊ သယ်ယူပို့ဆောင်စရိတ်

ဆောက်လုပ်မှု/ တည်ဆောက်မှုကုန်ကျစရိတ် (အလုပ်သမားကုန်ကျစရိတ်)
အခြားသော ကုန်ကျစရိတ်များ (ကော်မရှင်)

အာမခံသက်တမ်း
အများဆုံး အာမခံ သက်တမ်းမှာ တစ်နှစ်အထိဖြစ်ပြီး နှစ်စဉ်သက်တမ်းတိုးနိုင်ပါသည်။

လုပ်ငန်းရှင်မှ ထောက်ပံ့ပေးသော လုပ်ငန်းခွင်ဝန်ဆောင်မှု ပစ္စည်းကိရိယာများ


ဆောက်လုပ်ရေးကာလအပိုင်းအခြား

အာမခံထားနိုင်သည့် လုပ်ငန်းကာလ

အာမခံသက်တမ်း စတင်ချိန်

  • လုပ်ငန်းစတင်ချိန်
  • လုပ်ငန်းခွင်အတွင်း ပစ္စည်းများစတင်နေရာချထားပြီးချိန်၊ (အာမခံထားခြင်းကိစ္စရပ်များ ပြီးဆုံးချိန်)

အာမခံသက်တမ်းပြီးဆုံးချိန်

  • ကိုယ်စားလှယ်မှ လုပ်ငန်းလွှဲယူပြီးချိန် သို့မဟုတ် ‌ဆောက်လုပ်ပြီး အဆောက်အဦးများ စတင်အသုံးပြုချိန်
  • အာမခံစာချုပ်တွင် သတ်မှတ်ထားသောအချိန်

အာမခံသက်တမ်းပြီးဆုံးချိန်

  • ကိုယ်စားလှယ်မှ လုပ်ငန်းလွှဲယူပြီးချိန် သို့မဟုတ် ‌ဆောက်လုပ်ပြီး အဆောက်အဦးများ စတင်အသုံးပြုချိန်
  • အာမခံစာချုပ်တွင် သတ်မှတ်ထားသောအချိန်

မေးလေ့ရှိသော မေးခွန်းများ

ကန်ထရိုက်တာအလုံးစုံအာမခံသည် 

  • ရုံးအဆောက်အဦး၊ စက်ရုံ၊ စျေးဝယ်စင်တာနှင့်  လူနေအိမ်ခန်းများ​ဆောက်လုပ်စဥ် ကာလအတွင်း သော်လည်းကောင်း၊  
  • မော်တော်ကားလမ်း၊ မီးရထားလမ်း၊ တံတားများ၊ ဥမင်လိုဏ်ခေါင်းများ၊ ဆည်ကာတာများ၊ ရေပိုလွှဲများ၊ လေဆိပ်နှင့် မြေအောက် စျေးဝယ်စင်တာများ ဆောက်လုပ်ဆဲ ကာလအတွင်းသော်လည်းကောင်း အကာအကွယ်ပေးနိုင်သော အာမခံအမျိုးအစားဖြစ်ပါသည်။

တည်ဆောက်တပ်ဆင်မှုအလုံးစုံအာမခံသည်

  • အမျိုးမျိုးသော စက်ပစ္စည်းများ တည်ဆောက်တပ်ဆင်ခြင်းကာလတွင်လည်းကောင်း၊
  • စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်စဉ်တွင်လည်းကောင်း၊
  • တံတားနှင့် သံမဏိတာဝါတိုင်များ တည်ဆောက်တပ်ဆင်ခြင်း ကာလတွင်လည်းကောင်း ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များကို အကာအကွယ်ပေးပါသည်

ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုများကို အကာအကွယ်ပေးပါသည်။ ပစ္စည်းပျက်စီးဆုံးရှုံးမှု: လုပ်ငန်းခွင်အတွင်း အာမခံထားသော ပစ္စည်းများ ရုတ်တရက် မမျှော်လင့်ဘဲ ပျက်စီးဆုံးရှုံးခြင်းများကို အကာအကွယ်ပေးပါသည်။
အပိုအကာအကွယ်
သူတစ်ပါး ထိခိုက်နစ်နာမှုဆိုင်ရာတာဝန်ယူမှု: အာမခံထားသူသည် မတော်တဆ ပျက်စီးဆုံးရှုံးမှု၏အကျိုးဆက်အနေဖြင့် အကျိုးခံစားခွင့်ရှိသည့် ပျက်စီးဆုံးရှုံးမှုများအား ဉပဒေအရ တရားဝင်ပေးဆောင်ရမည့်အချိန်တွင်
(က) သူတစ်ပါးထိခိုက်ဒဏ်ရာရရှိခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့် အသက်သေဆုံးခြင်း
(ခ) သူတစ်ပါး၏ပိုင်ဆိုင်မှုများ မတော်တဆ ဆုံးရှုံးခြင်း သို့မဟုတ် ပျက်စီးခြင်း
ပစ္စည်းပျက်စီးဆုံးရှုံးမှုအကာအကွယ်အရ အာမခံထားသော ပစ္စည်းများကို ဆောက်လုပ်စဉ် သို့မဟုတ် တည်ဆောက်စဉ် ပျက်စီးခြင်း၊
လုပ်ငန်းခွင်အတွင်း သို့မဟုတ် ပတ်ဝန်းကျင်တွင် အာမခံအကာအကွယ်ရရှိသည့် ကာလအတွင်း ပျက်စီးခြင်း 

အာမခံထားခွင့်ရှိသူများတွင် လုပ်ငန်းလိုအပ်ချက်အရ လုပ်ငန်းပိုင်ရှင်နှင့် ဆက်စပ်သူများ ပါဝင်သည်။ ၎င်းတို့မှာ –  
• ကိုယ်စားလှယ်၊ ပိုင်ရှင် သို့မဟုတ် လုပ်ငန်းရှင်
• ကန်ထရိုက်တာ
• ကန်ထရိုက်တာခွဲများ 
• အတိုင်ပင်ခံ၊ အင်ဂျင်နီယာ 

လုပ်ငန်းပြီးဆုံးသည်အထိ ပါဝင်သည့်လုပ်ငန်းများ၏စာချုပ်တန်ဖိုးအပေါ်တွင် အာမခံတန်ဖိုးကို တွက်ချက်ပါသည်။
• ကုန်ပစ္စည်းကုန်ကျစရိတ် သို့မဟုတ် ကုန်သွင်းသူများ၏ပစ္စည်းများ (ပစ္စည်းကုန်ကျစရိတ်)၊ အခွန်၊ အကောက်ခွန်များ၊ အာမခံကုန်ကျစရိတ်၊ သယ်ယူပို့ဆောင်စရိတ် အစရှိသော ဆောက်လုပ်မှုကုန်ကျစရိတ်များ
• ဆောက်လုပ်မှု/ တည်ဆောက်မှုကုန်ကျစရိတ် (အလုပ်သမားကုန်ကျစရိတ်)
• အခြားသော ကုန်ကျစရိတ်များ (ကော်မရှင်)
• လုပ်ငန်းရှင်မှ ထောက်ပံ့ပေးသော လုပ်ငန်းခွင်ဝန်ဆောင်မှု ပစ္စည်းကိရိယာများ

အမျိုးမျိုးသော စက်ပစ္စည်းများ တပ်ဆင်ခြင်း / တည်ဆောက်ခြင်း၊ စက်ရုံ / အလုပ်ရုံတည်ဆောက်ခြင်း၊ တံတားနှင့် သံမဏိတာဝါတိုင်တပ်ဆင်တည်ဆောက်ခြင်း ကဲ့သို့သော အန္တရာယ်ဖြစ်ပေါ်ရန် အလားအလာအလွန်များသော တည်ဆောက်‌ရေး လုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင်များအတွက် လိုအပ်သော အာမခံအမျိုးအစားတစ်ခု ဖြစ်ပါတယ်။

ရုံးအဆောက်အဦး၊ စက်ရုံ၊ ဈေးဝယ်စင်တာ၊ လူနေအိမ်ခန်းများ၊ မော်တော်ကားလမ်း၊ မီးရထားလမ်း၊ သင်္ဘောဆိပ်၊ ဉမင်လှိုဏ်ခေါင်း၊ ဆည်ကာတာ၊ ရေပိုလွှဲ၊ လေဆိပ်နှင့် မြေအောက်ဈေးဝယ်စင်တာများ ဆောက်လုပ်ဆဲကာလတွင် ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များကြောင့် ဆုံးရှုံးမှုကို ကာကွယ်ရန် တည်ဆောက်‌ရေး လုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင်များအတွက် လိုအပ်သော အာမခံအမျိုးအစားတစ်ခု ဖြစ်ပါတယ်။

More Information

Not sure what you need?

Learn in seconds which types of insurance match your needs.

Not sure what you need?

Learn in seconds which types of insurance match your needs.