personal_accident_insurance_AYASOMPO_Banner_-scaled

ကိုယ်အင်္ဂါထိခိုက်မှုအာမခံ

ထိခိုက်သေဆုံးအန္တရာယ်အတွက် ဆုံးရှုံးမှုကို ကာကွယ်ဖို့ ကိုယ်အင်္ဂါထိခိုက်မှုအာမခံထားကြပါစို့

မမျှော်လင့်ထားသောအချိန်များမှာ မတော်တဆမှုများ ဖြစ်လာနိုင်ပါသည်။ AYA SOMPO ကိုယ်အင်္ဂါထိခိုက်မှုအာမခံသည် မတော်တဆထိခိုက်ဒဏ်ရာရမှုများမှ အကာအကွယ်ပေးရန်နှင့် မမျှော်လင့်ထားသော ဖြစ်ရပ်များကြောင့် ဆုံးရှုံးရသော ငွေကြေးဝန်ထုပ်ဝန်ပိုးကို လျှော့ချရန်အတွက် အကာအကွယ်ပေးခြင်းဖြစ်ပါသည်။

Edit Content
မတော်တဆထိခိုက်မှုကြောင့်သေဆုံးခြင်း
အာမခံထားငွေ* အတိုင်း ( ၅၀၀,၀၀၀ မှ ၂၀,၀၀၀,၀၀၀ ကျပ်) ရရှိမည့် ငွေပမာဏကို တစ်လုံးတည်း အကျိုးခံစားခွင့်ရှိသူမှရရှိပါမည်။
ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း

အာမခံထားငွေအတိုင်းရရှိမည့် ငွေပမာဏကို တစ်လုံးတည်းအကျိုးခံစားခွင့်ရှိသူမှ ရရှိပါမည်။

ထိခိုက်ဒဏ်ရာရရှိခြင်း / ကိုယ်အင်္ဂါဆုံးရှုံးခြင်း

ဆရာဝန်၏ထောက်ခံချက်အပေါ် အခြေခံ၍ အကျိုးခံစားခွင့်နှုန်းထားကို တွက်ချက်ပါသည်။

ထိခိုက်ဒဏ်ရာရမှုကြောင့် ဆေးရုံတက်ရခြင်း / အလုပ်မလုပ်နိုင်ခြင်း

ရက်သတ္တပတ်လျှင် အာမခံထားငွေ၏ ၃% ဖြင့် အများဆုံး အာမခံထားငွေ၏ ၁၅% အထိ အကျိုးခံစားခွင့် ရရှိပါမည်။

အာမခံထားငွေ*= အများဆုံး အကာအကွယ်ရနိုင်သည့် ပမာဏ
Edit Content

အသက် ၁၆ နှစ်မှ ၆၅နှစ် အတွင်းရှိကျန်းမာရေးကောင်းမွန်သူတိုင်း အာမခံထားရှိနိုင်ပါသည်။

Edit Content
အာမခံကြေးနှုန်းထား

အာမခံထားငွေစုစုပေါင်း၏ ၁ % ခန့်ဖြင့် အောက်ပါတို့ကို မူတည်၍ နှုန်းထားသတ်မှတ်ပါသည်။

  • အလုပ်အကိုင်
အာမခံသက်တမ်း
  • အများဆုံး အာမခံ သက်တမ်းမှာ တစ်နှစ်အထိဖြစ်ပြီး နှစ်စဉ်သက်တမ်းတိုးနိုင်ပါသည်။
  • ၃ လ၊ ၆ လ သက်တမ်းတို အာမခံလည်း ထားရှိနိုင်ပါသည်။
  • ပရီမီယံကြေးကို တစ်ကြိမ်တည်း ပေးသွင်းရပါမည်။
Edit Content
  • ကြိုတင်ကြံရွယ်ချက်ဖြင့် မိမိကိုယ်ကို ထိခိုက်ဒဏ်ရာ အနာတရဖြစ်စေခြင်း
  • မူးယစ်စေသော ဆေးဝါးသုံးစွဲခြင်းကြောင့် ဒဏ်ရာအနာတရ ဖြစ်ခြင်း၊ မသန်စွမ်းဖြစ်ခြင်းနှင့် သေဆုံးခြင်း
  • ရောဂါကြောင့် မသန်စွမ်းဖြစ်ခြင်းနှင့် သေဆုံးခြင်း
  • ဆန္ဒပြခြင်း၊ စစ်ဖြစ်ပွားခြင်း၊ စစ်အသွင်တိုက်ခိုက်ခြင်း
  • သပိတ်၊ အဓိကရုဏ်းနှင့် လူထုအုံကြွခြင်း ၊ သူပုန်ထခြင်း ၊ စစ်နှင့်စစ်အသွင်ဖြစ်ရပ်များကြောင့် ပျက်စီးဆုံးရှုံးမှုအတွက် အကာအကွယ်ပေးခြင်း
Edit Content

ကိုယ်အင်္ဂါထိခိုက်မှုအာမခံဝယ်ရန် မည်သည့်စာရွက်စာတမ်းများ လိုအပ်ပါသလဲ။

ကိုယ်အင်္ဂါထိခိုက်မှုအာမခံဝယ်ရန် အောက်ဖော်ပြပါ စာရွက်စာတမ်းများလိုအပ်ပါသည်။
- ပြည့်စုံစွာ ဖြည့်စွက်ထားသော အဆိုပြုလွှာ
- နားလည်သဘောပေါက်၍ သဘောတူလက်မှတ်ထိုးထားသော သိကောင်းစရာစာရွက်
- မှတ်ပုံတင်မိတ္တူ (တစ်ဦးချင်းအာမခံထားသူ)
- ကုမ္ပဏီမှတ်ပုံတင်နှင့် ရှယ်ယာဝင်အချက်အလက်မိတ္တူ (ကုမ္ပဏီမှ အာမခံထားပေးပါက)

ကိုယ်အင်္ဂါထိခိုက်မှုအာမခံ၏ အာမခံကြေးနှုန်းထားကို မည်သို့သတ်မှတ်ပါသလဲ။

ကိုယ်အင်္ဂါထိခိုက်မှုအာမခံ၏ အာမခံကြေးနှုန်းထားသည် -
- စုစုပေါင်းအာမခံထားငွေ
- အလုပ်အကိုင်အမျိုးအစား
- အာမခံစာချုပ်သက်တမ်းအပေါ် မူတည်၍ သတ်မှတ်ပါသည်။

Digital Services

Easy for you to access your insurance policy via our digital platform

Key benefits

Hassle-free Documentation

After you buy a Personal Accident Insurance with us, you don't have to sweat it out when it comes to the documentation process. Because of our strong belief in customer satisfaction, we go through a smooth process of documentation in place that is completely hassle-free. MY AYASOMPO Policy Checker is also available to check your policy in an easy way. We take care of everything, just ready to help you.

Hassle-free Claims

Enjoy our hassle-free process when making personal accident claims. Fast and reliable claims give you a sense of calm to focus on your recovery.

Quick Premium Payment

Choosing from a range of options, you can now make online payment quickly and effortlessly. Pay your premium digitally, or make payments by cash at our physical locations and get your policy within one week. It is comfort, safety and available 24/7 services.

Not sure what you need?

Learn in seconds which types of insurance match your needs.

Not sure what you need?

Learn in seconds which types of insurance match your needs.