Easy for you to access your insurance policy via our digital platform
AYA Joy ခရီးသွားအာမခံ
AYA Joy ခရီးသွားအာမခံဖြင့် ကမ္ဘာအနှံ့ ခရီးစဥ်များကို စူးစမ်းရှာဖွေလိုက်ပါ
အာမခံအကာအကွယ်
အများဆုံး ၁၀,၀၀၀,၀၀၀ကျပ်အထိ အကာအကွယ်ပေးထားပါသည်။
အများဆုံး ၁၀၀,၀၀၀,၀၀၀ ကျပ်အထိ ပေးလျော်ပါသည်။ (အာမခံထားသူ၏ သတိမမူမှုကြောင့် ဖြစ်ပေါ်လာသော တစ်ပါးသူထိခိုက်နစ်နာမှုအတွက် ပေးလျော်ပါသည်)
၁၀၀,၀၀၀,၀၀၀ ကျပ် အထိ ထိခိုက်ဒဏ်ရာရရှိမှုပေါ် မူတည်၍ ပေးလျော်ပါသည်။
ဆေးကုသစရိတ်အကျိုးခံစားခွင့်
နေ့စဥ်ဆေးကုသစရိတ် ကျပ် ၁၀၀,၀၀၀ နှင့် ကျပ် ၃,၀၀၀,၀၀၀ အထိ
ခရီးဆောင်အိတ် ကြန့်ကြာခြင်း
အကယ်၍ ခရီးဆောင်အိတ်ရောက်ရှိကြောင်း စာရင်းသွင်းချိန်မှ စတင်၍ သတ်မှတ်ထားသော နေရာသို့ ရောက်ရှိချိန်၌ ကြန့်ကြာမှု ဖြစ်ပေါ်ခဲ့ပါက နောက်ကျမှု ၆ နာရီတိုင်းအတွက် ကျပ် ၅၀,၀၀၀
လေကြောင်းခရီးစဥ် ကြန့်ကြာခြင်း
ပထမ ၆ နာရီတိတိ နောက်ကျမှုအတွက် ကျပ် ၅၀,၀၀၀ နှင့် ထပ်မံနောက်ကျမှု ၆ နာရီတိုင်းအတွက် ကျပ် ၇၀,၀၀၀
ခရီးဆောင်အိတ်များနှင့်
ပုဂ္ဂိုလ်ရေး အသုံးအဆောင်ပစ္စည်းများ ပျောက်ဆုံးမှု
အသုံးအဆောင်ပစ္စည်းများ ပျောက်ဆုံးမှု (အခြားပစ္စည်း အမျိုးအစားတစ်ခု၊ တစ်စုံစီပါဝင်သည့် ကဏ္ဍတစ်ခုစီ ပျောက်ဆုံးမှုအတွက် အမြင့်ဆုံးပမာဏ ကျပ် ၂၀၀,၀၀၀)
အာမခံ အချက်အလက်များ
AYA Joy ခရီးသွားအာမခံကို အနည်းဆုံး ၁ ရက်မှ အများဆုံး ၃၁ ရက်ဆက်တိုက်ကာလအထိ ဝယ်ယူနိုင်ပါသည်။
အာမခံကြေးနှုန်းထား
မေးလေ့ရှိသော မေးခွန်းများ
AYA Joy ခရီးသွားအာမခံကို အနည်းဆုံး ၁ ရက်မှ အများဆုံး ၃၁ ရက်ဆက်တိုက်ကာလအထိ ဝယ်ယူနိုင်ပါသည်။
သင်၏နေအိမ် သို့မဟုတ် အာမခံဝယ်ယူရာတွင် ထည့်သွင်းထားသည့် စတင်မည့် နေရာမှ စတင်ထွက်ခွာသည့်အချိန်မှစ၍ (သတ်မှတ်ထားသည့် ထွက်ခွာချိန်မတိုင်မီ ၂၄ နာရီထက် စော၍ဖြစ်စေ၊ ခရီးရောက်ရှိမည့်နေရာသို့ ၂၄ နာရီထက်နောက်ကျ၍ဖြစ်စေ အကာအကွယ် အကျုံးမဝင်ပါ။) သတ်မှတ်ထားသော ဆိုက်ရောက်ရာနေရာသို့ ရောက်ရှိသည့်အချိန်အထိ အကျုံးဝင်ပါသည်။
ပရီမီယံကြေးကို တစ်ကြိမ်တည်းပေးချေရပါမည်။
ခရီးသွားအာမခံပေါ်လစီတွင် သက်တမ်းတိုး၍ မရနိုင်ပါ။
ခရီးသွားကာလ သို့မဟုတ် ဦးတည်ရာနေရာများကို ခရီးစဥ်မစတင်မီရက်မတိုင်ခင် ၂၄ နာရီ ကြိုတင်အသိပေးခြင်းဖြင့် ပြောင်းလဲနိုင်ပါသည်။
ခရီးသွားအာမခံအကာအကွယ်သည် ပေါ်လစီမှ သတ်မှတ်ထားသော လျော်ကြေးအကျုံးမဝင်သည့် အချက်များကြောင့် ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှုများကို အကာအကွယ်မပေးပါ။ (ဥပမာ – ရှိရင်းစွဲရောဂါလက္ခဏာများ၊ မိမိကိုယ်ကို သတ်သေခြင်း သတ်သေရန်ကြိုးစားခြင်း၊ ရည်ရွယ်ချက်ရှိရှိမိမိကိုယ်ကိုအနာတရဖြစ်အောင်လုပ်ခြင်း၊ ဆေးသုံးစွဲခြင်း၊ အရက်၊ မူးယစ်ဆေးသုံးစွဲမှုကြောင့် ဖြစ်ပေါ်သော ဆိုးကျိုးများ) မှတ်ချက် – လျော်ကြေးအကျုံးမဝင်သည့် အချက်များကို ပေါ်လစီတွင် လေ့လာနိုင်ပါသည်။
| အကျိုးခံစားခွင့် | လိုအပ်သော ဆောင်ရွက်ချက် / စာရွက်စာတမ်းများ | |
|---|---|---|
| အခြေခံ | မတော်တဆ သေဆုံးမှု | လျော်ကြေးတောင်းခံလိုပါက Call Center ၀၉ ၇၇၇ ၁၀၀ ၉၉၉ (သို့) E claim မှတစ်ဆင့် ဆက်သွယ်အကြောင်းကြားလျော်ကြေးတောင်းခံနိုင်ပါသည်။ စာရွက်စာတမ်း / အစီအရင်ခံစာ / ထောက်ခံချက် တို့အားလိုအပ်ခဲ့လျှင်ပြန်လည်တောင်းခံသွားပါမည်။ |
| ဆေးကုသစရိတ်၊ ဆေးရုံစရိတ်နှင့် အခြားအသုံးစရိတ်များ | ||
| တစ်ပါးသူထိခိုက်နစ်နာခြင်း | ||
| ရွေးချယ်မှု ၁ | ဆေးရုံထောက်ပံ့ကြေး | ဆရာဝန်၏ထောက်ခံချက်စသည်တို့ လိုအပ်ပါသည်။ |
| ရွေးချယ်မှု ၂ | လေယာဉ်ချိန် နှောင့်နှေးခြင်း | ခရီးကို အနှောင့်အယှက်ဖြစ်စေသည့် အကြောင်းအရင်း အထောက်အထားများ စသည်တို့ လိုအပ်ပါသည်။ |
| ရွေးချယ်မှု ၃ | ခရီးဆောင်အိတ်နောက်ကျခြင်း | သက်ဆိုင်ရာမှ အိတ်နောက်ကျခြင်း အစီရင်ခံစာတို့ လိုအပ်ပါသည်။ |
| ရွေးချယ်မှု ၄ | ခရီးဆောင်အိတ်များနှင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များ ဆုံးရှုံးမှု | ပျက်စီးသွားသောပစ္စည်းများ၏ တန်ဖိုးကို ပြန်ပေးရန် Receipt သို့ Credit Card အချက်အလက်တို့ လိုအပ်ပါသည်။ |
အာမခံထားသူ၏ အလုပ်အကိုင်၊ စီးပွားရေးလုပ်ငန်းများနှင့် မသက်ဆိုင်သော ရည်ရွယ်ချက်များဖြင့် အာမခံဝယ်ယူမည်ဆိုပါက Proposal Form (အဆိုပြုလွှာ) တွင် မှန်ကန်သော အချက်အလက်များကို ဖြည့်သွင်းရန် လိုအပ်ပါသည်။ အာမခံထားသူသည် မေးခွန်းများကို မှန်ကန်စွာနှင့် တိကျစွာ ဖြေပေးရန် လိုအပ်ပါသည်။ မေးခွန်းများအား မှန်ကန်စွာ ဖြေဆိုခြင်းမရှိပါက အာမခံပေါ်လစီအား ငြင်းပယ်ခြင်း၊ လျော်ကြေးငြင်းပယ်ခြင်းနှင့် အာမခံပေါ်လစီဖျက်သိမ်းခြင်းများအား ပြုလုပ်နိုင်ပါသည်။ အာမခံထားသူဘက်မှ ကုမ္ပဏီ၏ ဆုံးဖြတ်ချက်များ၊ အန္တရာယ်ကို လက်ခံနိုင်သည့် အတိုင်းအတာနှင့် သတ်မှတ်ချက်များ စည်းမျဥ်းစည်းကမ်းများကို သိရှိထားရန် လိုအပ်သည်။ အာမခံထားသူသည် အသက်အာမခံထားရှိခြင်း၊ Proposal Form ပါအချက်အလက်များ ပြောင်းလဲခြင်းများ (သို့) အသက်အာမခံထားရှိသူသည် ခရီးသွားအာမခံထားမည်ဆိုပါက ကုမ္ပဏီကို ချက်ချင်းအကြောင်းကြားပေးရန် လိုအပ်ပါသည်။
More Information
Receive resources & tools that can help you prepare for the future. You can cancel anytime.