AYA Joy ခရီးသွားအာမခံ

AYA Joy ခရီးသွားအာမခံဖြင့် ကမ္ဘာအနှံ့ ခရီးစဥ်များကို စူးစမ်းရှာဖွေလိုက်ပါ

ကမ္ဘာအနှံ့ ခရီးသွားစဉ်အတွင်း ကြုံတွေ့ရသော မတော်တဆမှု၊ ကိုယ်ခန္ဓာဒဏ်ရာ ရရှိမှု၊ မသန်စွမ်းမှုတို့အတွက် အကာအကွယ်ပေးပါသည်။ AYA Joy ခရီးသွားအာမခံသည် ခရီးစဉ်အတွင်း အဆင်မပြေမှုများကြောင့် ဖြစ်ပေါ်လာသော ကုန်ကျစရိတ်များကိုလည်း ပြန်လည်ပေးပါသည်။

Edit Content
မတော်တဆသေဆုံးမှု

အများဆုံး ၁၀,၀၀၀,၀၀၀ကျပ်အထိ အကာအကွယ်ပေးထားပါသည်။

ပုဂ္ဂိုလ်ရေး တာဝန်ရှိမှု

အများဆုံး ၁၀၀,၀၀၀,၀၀၀ ကျပ်အထိ ပေးလျော်ပါသည်။  (အာမခံထားသူ၏ သတိမမူမှုကြောင့် ဖြစ်ပေါ်လာသော တစ်ပါးသူထိခိုက်နစ်နာမှုအတွက် ပေးလျော်ပါသည်)

ဆေးကုသမှု ဆေးရုံတက်ရောက်မှုနှင့် အခြားကုန်ကျစရိတ်များ

၁၀၀,၀၀၀,၀၀၀ ကျပ် အထိ ထိခိုက်ဒဏ်ရာရရှိမှုပေါ် မူတည်၍ ပေးလျော်ပါသည်။

Edit Content
ဆေးကုသစရိတ်အကျိုးခံစားခွင့်

နေ့စဥ်ဆေးကုသစရိတ် ကျပ် ၁၀၀,၀၀၀ နှင့် ကျပ် ၃,၀၀၀,၀၀၀ အထိ

ခရီးဆောင်အိတ် ကြန့်ကြာခြင်း

အကယ်၍ ခရီးဆောင်အိတ်ရောက်ရှိကြောင်း စာရင်းသွင်းချိန်မှ စတင်၍ သတ်မှတ်ထားသော နေရာသို့ ရောက်ရှိချိန်၌ ကြန့်ကြာမှု ဖြစ်ပေါ်ခဲ့ပါက နောက်ကျမှု ၆ နာရီတိုင်းအတွက် ကျပ် ၅၀,၀၀၀

လေကြောင်းခရီးစဥ် ကြန့်ကြာခြင်း

ပထမ ၆ နာရီတိတိ နောက်ကျမှုအတွက် ကျပ် ၅၀,၀၀၀ နှင့် ထပ်မံနောက်ကျမှု ၆ နာရီတိုင်းအတွက် ကျပ် ၇၀,၀၀၀

ခရီးဆောင်အိတ်များနှင့်
ပုဂ္ဂိုလ်ရေး အသုံးအဆောင်ပစ္စည်းများ ပျောက်ဆုံးမှု

အသုံးအဆောင်ပစ္စည်းများ ပျောက်ဆုံးမှု (အခြားပစ္စည်း အမျိုးအစားတစ်ခု၊ တစ်စုံစီပါဝင်သည့် ကဏ္ဍတစ်ခုစီ ပျောက်ဆုံးမှုအတွက် အမြင့်ဆုံးပမာဏ ကျပ် ၂၀၀,၀၀၀)

Edit Content
လူကြီး
အသက် (၇၀) အောက် လူကြီးများမြန်မာနိုင်ငံသား ဖြစ်သူ၊ မြန်မာနိုင်ငံ၌ တရားဝင်နေထိုင်ခွင့် ရရှိသူ (သို့) တရားဝင်အလုပ်လုပ်ကိုင်ခွင့် ရရှိသူနှင့် ၎င်းတို့၏ မိသားစုဝင်များ
ကလေးများ
အသက် ရက် (၃၀) နှင့် (၁၈) နှစ်ကြား (သို့) အသိအမှတ်ပြု အဖွဲ့အစည်း တစ်ခုခုတွင် အချိန်ပြည့် ပညာသင်ကြားသူများအတွက် အသက် (၂၃) နှစ်အရွယ်အထိ
Edit Content
အာမခံကြေးနှုန်းထား
အာမခံသက်တမ်း​

AYA Joy ခရီးသွားအာမခံကို အနည်းဆုံး ၁ ရက်မှ အများဆုံး ၃၁ ရက်ဆက်တိုက်ကာလအထိ ဝယ်ယူနိုင်ပါသည်။

Edit Content
Edit Content

အာမခံအကာအကွယ်က ဘယ်လောက်ဖြစ်မလဲ။

AYA Joy ခရီးသွားအာမခံကို အနည်းဆုံး ၁ ရက်မှ အများဆုံး ၃၁ ရက်ဆက်တိုက်ကာလအထိ ဝယ်ယူနိုင်ပါသည်။

အာမခံအကာအကွယ်က ဘယ်အချိန်စတင်မလဲ။

သင်၏နေအိမ် သို့မဟုတ် အာမခံဝယ်ယူရာတွင် ထည့်သွင်းထားသည့် စတင်မည့် နေရာမှ စတင်ထွက်ခွာသည့်အချိန်မှစ၍ (သတ်မှတ်ထားသည့် ထွက်ခွာချိန်မတိုင်မီ ၂၄ နာရီထက် စော၍ဖြစ်စေ၊ ​ခရီးရောက်ရှိမည့်နေရာသို့ ၂၄ နာရီထက်နောက်ကျ၍ဖြစ်စေ အကာအကွယ် အကျုံးမဝင်ပါ။) သတ်မှတ်ထားသော ဆိုက်​ရောက်ရာနေရာသို့ ​ရောက်ရှိသည့်အချိန်အထိ အကျုံးဝင်ပါသည်။

ပရီမီယံကြေးကို ဘယ်လိုပေးချေရမလဲ။

ပရီမီယံကြေးကို တစ်ကြိမ်တည်းပေးချေရပါမည်။

သက်တမ်းတိုးလို့ ရပါသလား။

ခရီးသွားအာမခံပေါ်လစီတွင် သက်တမ်းတိုး၍ မရနိုင်ပါ။

ခရီးသွားအာမခံကို ဝယ်ယူပြီးနောက် ခရီးစဉ်ကိုပြောင်းလဲလိုပါက ဘယ်လိုလုပ်ဆောင်ရမလဲ။

ခရီးသွားကာလ သို့မဟုတ် ဦးတည်ရာနေရာများကို ခရီးစဥ်မစတင်မီရက်မတိုင်ခင် ၂၄ နာရီ ကြိုတင်အသိပေးခြင်းဖြင့် ပြောင်းလဲနိုင်ပါသည်။

အဓိက လျော်ကြေးအကျုံးမဝင်တဲ့ အချက်တွေက ဘာတွေလဲ။

ခရီးသွားအာမခံအကာအကွယ်သည် ပေါ်လစီမှ သတ်မှတ်ထားသော လျော်ကြေးအကျုံးမဝင်သည့် အချက်များကြောင့် ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှုများကို အကာအကွယ်မပေးပါ။ (ဥပမာ – ရှိရင်းစွဲ​ရောဂါလက္ခဏာများ၊ မိမိကိုယ်ကို သတ်သေခြင်း သတ်သေရန်ကြိုးစားခြင်း၊ ရည်ရွယ်ချက်ရှိရှိမိမိကိုယ်ကိုအနာတရဖြစ်အောင်လုပ်ခြင်း၊ ဆေးသုံးစွဲခြင်း၊ အရက်၊ မူးယစ်ဆေးသုံးစွဲမှုကြောင့် ဖြစ်ပေါ်သော ဆိုးကျိုးများ) မှတ်ချက် – လျော်ကြေးအကျုံးမဝင်သည့် အချက်များကို ပေါ်လစီတွင် လေ့လာနိုင်ပါသည်။
လျော်ကြေးတောင်းခံမည်ဆိုပါက ဘယ်လိုစာရွက်စာတမ်းတွေ လိုအပ်မလဲ။
အကျိုးခံစားခွင့် လိုအပ်သော ဆောင်ရွက်ချက် / စာရွက်စာတမ်းများ
အခြေခံ မတော်တဆ သေဆုံးမှု လျော်ကြေးတောင်းခံလိုပါက Call Center ၀၉ ၇၇၇ ၁၀၀ ၉၉၉ (သို့) E claim မှတစ်ဆင့် ဆက်သွယ်အကြောင်းကြားလျော်ကြေးတောင်းခံနိုင်ပါသည်။ စာရွက်စာတမ်း / အစီအရင်ခံစာ / ထောက်ခံချက် တို့အားလိုအပ်ခဲ့လျှင်ပြန်လည်တောင်းခံသွားပါမည်။
ဆေးကုသစရိတ်၊ ဆေးရုံစရိတ်နှင့် အခြားအသုံးစရိတ်များ
တစ်ပါးသူထိခိုက်နစ်နာခြင်း
ရွေးချယ်မှု ၁ ဆေးရုံထောက်ပံ့ကြေး ဆရာဝန်၏ထောက်ခံချက်စသည်တို့ လိုအပ်ပါသည်။
ရွေးချယ်မှု ၂ လေယာဉ်ချိန် နှောင့်နှေးခြင်း ခရီးကို အနှောင့်အယှက်ဖြစ်စေသည့် အကြောင်းအရင်း အထောက်အထားများ စသည်တို့ လိုအပ်ပါသည်။
ရွေးချယ်မှု ၃ ခရီးဆောင်အိတ်နောက်ကျခြင်း သက်ဆိုင်ရာမှ အိတ်နောက်ကျခြင်း အစီရင်ခံစာတို့ လိုအပ်ပါသည်။
ရွေးချယ်မှု ၄ ခရီးဆောင်အိတ်များနှင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များ ဆုံးရှုံးမှု ပျက်စီးသွားသောပစ္စည်းများ၏ တန်ဖိုးကို ပြန်ပေးရန် Receipt သို့ Credit Card အချက်အလက်တို့ လိုအပ်ပါသည်။

သတိထားသင့်တဲ့ အဓိက အချက်အလက်တွေက ဘာဖြစ်မလဲ။

အာမခံထားသူ၏ အလုပ်အကိုင်၊ စီးပွားရေးလုပ်ငန်းများနှင့် မသက်ဆိုင်သော ရည်ရွယ်ချက်များဖြင့် အာမခံဝယ်ယူမည်ဆိုပါက Proposal Form (အဆိုပြုလွှာ) တွင် မှန်ကန်သော အချက်အလက်များကို ဖြည့်သွင်းရန် လိုအပ်ပါသည်။ အာမခံထားသူသည် မေးခွန်းများကို မှန်ကန်စွာနှင့် တိကျစွာ ဖြေပေးရန် လိုအပ်ပါသည်။ မေးခွန်းများအား မှန်ကန်စွာ ဖြေဆိုခြင်းမရှိပါက အာမခံပေါ်လစီအား ငြင်းပယ်ခြင်း၊ လျော်ကြေးငြင်းပယ်ခြင်းနှင့် အာမခံပေါ်လစီဖျက်သိမ်းခြင်းများအား ပြုလုပ်နိုင်ပါသည်။ အာမခံထားသူဘက်မှ ကုမ္ပဏီ၏ ဆုံးဖြတ်ချက်များ၊ အန္တရာယ်ကို လက်ခံနိုင်သည့် အတိုင်းအတာနှင့် သတ်မှတ်ချက်များ စည်းမျဥ်းစည်းကမ်းများကို သိရှိထားရန် လိုအပ်သည်။ အာမခံထားသူသည် အသက်အာမခံထားရှိခြင်း၊ Proposal Form ပါအချက်အလက်များ ပြောင်းလဲခြင်းများ (သို့) အသက်အာမခံထားရှိသူသည် ခရီးသွားအာမခံထားမည်ဆိုပါက ကုမ္ပဏီကို ချက်ချင်းအကြောင်းကြားပေးရန် လိုအပ်ပါသည်။

Digital Services

Easy for you to access your insurance policy via our digital platform

Key benefits

Variety Plan

When choosing AYA Joy Travel Insurance, it is helpful to remember that all plans-Express Plan, Eco Plan, Individual Plan and Family Plan. Compare them to find the coverage that is the best fit for your needs and financial situation.

Hassle-free Claims

Considering a problem within a trip that may occur, AYA Joy Travel Insurance policy can come in handy to make the claim process smoother. Fast and reliable claims give you a sense of calm to focus on your recovery.

Quick Premium Payment

Choosing from a range of options, you can now make online payment quickly and effortlessly. Pay your premium digitally, or make payments by cash at our physical locations and get your policy within one week. It is comfort, safety and available 24/7 services.

Not sure what you need?

Learn in seconds which types of insurance match your needs.

Not sure what you need?

Learn in seconds which types of insurance match you and your loved ones.