Easy for you to access your insurance policy via our digital platform
AYA Go ခရီးသွားအာမခံ
AYA Go ခရီးသွားအာမခံဖြင့် မြန်မာနိုင်ငံအနှံ့ကို စူးစမ်းရှာဖွေလိုက်ပါ
အာမခံအကာအကွယ်
မတော်တဆသေဆုံးခြင်း
အများဆုံး ၁၀,၀၀၀,၀၀၀ ကျပ်အထိ အကာအကွယ်ပေးထားပါသည်။
ပုဂ္ဂိုလ်ရေး တာဝန်ရှိမှု
အများဆုံး ၁၀၀,၀၀၀,၀၀၀ ကျပ်အထိ ပေးလျော်ပါသည်။ (အာမခံထားသူ၏ သတိမမူမှုကြောင့် ဖြစ်ပေါ်လာသော တစ်ပါးသူထိခိုက်နစ်နာမှုအတွက် ပေးလျော်ပါသည်)
ဆေးကုသစရိတ်၊ ဆေးရုံစရိတ်နှင့် အခြားကုန်ကျစရိတ်များ
၁၀,၀၀၀,၀၀၀ ကျပ် အထိ ထိခိုက်ဒဏ်ရာရရှိမှုပေါ် မူတည်၍ ပေးလျော်ပါသည်။
ကလေးပညာရေးထောက်ပံ့ငွေ
အာမခံထားရှိသူ မတော်တဆသေဆုံးမှု ဖြစ်ခဲ့လျှင် အသက်ရှင်ကျန်ရှိသော ကလေးများ၏ ပညာရေးအတွက်ထောက်ပံ့ပေးခြင်း
အာမခံ အချက်အလက်များ
အာမခံသက်တမ်း
AYA Go ခရီးသွားအာမခံကို အနည်းဆုံး(၁) ရက်မှ အများဆုံး (၃၁) ရက်ဆက်တိုက်ကာလအထိ ဝယ်ယူနိုင်ပါသည်။
မေးလေ့ရှိသော မေးခွန်းများ
သင့်ခရီးစဥ်သည် သင့်အိမ်မှကီလိုမီတာ (၅၀) ထက်ကျော်လွန်ပါက အကာအကွယ်ပေးမည့် အာမခံအမျိုးအစား ဖြစ်ပါသည်။
AYA Go ခရီးသွားအာမခံကို အနည်းဆုံး (၁) ရက်မှ အများဆုံး (၃၁) ရက်ဆက်တိုက်ကာလအထိ ဝယ်ယူနိုင်ပါသည်။
သင်၏နေအိမ် သို့မဟုတ် အာမခံဝယ်ယူရာတွင် ထည့်သွင်းထားသည့် စတင်မည့် နေရာမှ စတင်ထွက်ခွာသည့်အချိန်မှစ၍ (သတ်မှတ်ထားသည့် ထွက်ခွာချိန်မတိုင်မီ ၂၄ နာရီထက် စော၍ဖြစ်စေ၊ ခရီးရောက်ရှိမည့်နေရာသို့ ၂၄ နာရီထက်နောက်ကျ၍ဖြစ်စေ အကာအကွယ် အကျုံးမဝင်ပါ) သတ်မှတ်ထားသော ဆိုက်ရောက်ရာနေရာသို့ ရောက်ရှိသည့်အချိန်အထိ အကျုံးဝင်ပါသည်။
ပရီမီယံကြေးကို တစ်ကြိမ်တည်းပေးချေရပါမည်။
ခရီးသွားအာမခံပေါ်လစီတွင် သက်တမ်းတိုး၍ မရနိုင်ပါ။
ခရီးသွားကာလ သို့မဟုတ် ဦးတည်ရာနေရာများကို ခရီးစဥ်မစတင်မီရက်မတိုင်ခင် ၂၄ နာရီ ကြိုတင်အသိပေးခြင်းဖြင့် ပြောင်းလဲနိုင်ပါသည်။
ခရီးသွားအာမခံအကာအကွယ်သည် ပေါ်လစီမှ သတ်မှတ်ထားသော လျော်ကြေးအကျုံးမဝင်သည့် အချက်များကြောင့် ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှုများကို အကာအကွယ်မပေးပါ။ (ဥပမာ – ရှိရင်းစွဲရောဂါလက္ခဏာများ၊ မိမိကိုယ်ကို သတ်သေခြင်း သတ်သေရန်ကြိုးစားခြင်း၊ ရည်ရွယ်ချက်ရှိရှိမိမိကိုယ်ကိုအနာတရဖြစ်အောင်လုပ်ခြင်း၊ ဆေးသုံးစွဲခြင်း၊ အရက်၊ မူးယစ်ဆေးသုံးစွဲမှုကြောင့် ဖြစ်ပေါ်သော ဆိုးကျိုးများ) မှတ်ချက် – လျော်ကြေးအကျုံးမဝင်သည့် အချက်များကို ပေါ်လစီတွင် လေ့လာနိုင်ပါသည်။
| အကျိုးခံစားခွင့် | လုပ်ဆောင်ရမည့် အချက်များ/ လိုအပ်သောစာရွက်စာတမ်းများ | |
|---|---|---|
| အခြေခံ | မတော်တဆ သေဆုံးမှု | လျော်ကြေးတောင်းခံလိုပါက Call Center ၀၉ ၇၇၇ ၁၀၀ ၉၉၉ (သို့) E claim မှတစ်ဆင့် ဆက်သွယ်အကြောင်းကြားလျော်ကြေးတောင်းခံနိုင်ပါသည်။ စာရွက်စာတမ်း / အစီအရင်ခံစာ / ထောက်ခံချက် တို့အားလိုအပ်ခဲ့လျှင်ပြန်လည်တောင်းခံသွားပါမည်။ |
| ဆေးကုသစရိတ်၊ ဆေးရုံစရိတ်နှင့် အခြားအသုံးစရိတ်များ | ||
| တစ်ပါးသူထိခိုက်နစ်နာခြင်း | ||
| ရွေးချယ်မှု | ကလေးပညာရေးထောက်ပံ့ငွေ | သေဆုံးကြောင်းသက်သေ စသည်တို့ လိုအပ်ပါသည်။ |
အာမခံထားသူ၏ အလုပ်အကိုင်၊ စီးပွားရေးလုပ်ငန်းများနှင့် မသက်ဆိုင်သော ရည်ရွယ်ချက်များဖြင့် အာမခံဝယ်ယူမည်ဆိုပါက Proposal Form (အဆိုပြုလွှာ) တွင် မှန်ကန်သော အချက်အလက်များကို ဖြည့်သွင်းရန် လိုအပ်ပါသည်။ အာမခံထားသူသည် မေးခွန်းများကို မှန်ကန်စွာနှင့် တိကျစွာ ဖြေပေးရန် လိုအပ်ပါသည်။ မေးခွန်းများအား မှန်ကန်စွာ ဖြေဆိုခြင်းမရှိပါက အာမခံပေါ်လစီအား ငြင်းပယ်ခြင်း၊ လျော်ကြေးငြင်းပယ်ခြင်းနှင့် အာမခံပေါ်လစီဖျက်သိမ်းခြင်းများအား ပြုလုပ်နိုင်ပါသည်။ အာမခံထားသူဘက်မှ ကုမ္ပဏီ၏ ဆုံးဖြတ်ချက်များ၊ အန္တရာယ်ကို လက်ခံနိုင်သည့် အတိုင်းအတာနှင့် သတ်မှတ်ချက်များ စည်းမျဥ်းစည်းကမ်းများကို သိရှိထားရန် လိုအပ်ပါသည်။ အာမခံထားသူသည် အသက်အာမခံထားရှိခြင်း၊ Proposal Form ပါအချက်အလက်များ ပြောင်းလဲခြင်းများ (သို့) အသက်အာမခံထားရှိသူသည် ခရီးသွားအာမခံထားမည်ဆိုပါက ကုမ္ပဏီကို ချက်ချင်းအကြောင်းကြားပေးရန် လိုအပ်ပါသည်။
AYA SOMPO အာမခံ၏ Customer Service Hotline ၀၉ ၇၇၇ ၁၀၀ ၅၅၅ သို့ တနင်္လာနေ့မှသောကြာနေ့ နံနက် ၉:၀၀ နာရီမှ ညနေ ၅:၀၀ နာရီအတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
More Information
Receive resources & tools that can help you prepare for the future. You can cancel anytime.