Digital Services

Easy for you to access your insurance policy via our digital platform

Secure your Cargo

Across Every Route

with

Inland Transit

Insurance

Secure your Cargo

Across Every Route

with

Inland Transit

Insurance

ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအာမခံ

စိတ်အေးချမ်းသာစွာ သယ်ပို့နိုင်ဖို့ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအာမခံထားကြစို့

အကျိုးခံစားခွင့်များ

အကျိုးခံစားခွင့် အသေးစိတ် အချက်အလက်များ

ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအာမခံသည် သယ်ယူပို့ဆောင်သည့်ခရီးစဉ်လမ်းကြောင်းတစ်လျှောက် အာမခံထားသော ကုန်ပစ္စည်းများအတွက် အကာအကွယ်ပေးပုံကို အောက်ဖော်ပြပါပုံတွင် ပြသထားပါသည်။

သတိပြုရန်- ကုန်စည်တင်ဆောင်ခြင်း သို့မဟုတ် သယ်ဆောင်ခြင်းများကြောင့် ပျောက်ဆုံးခြင်း သို့မဟုတ် ပျက်စီးခြင်းများကို ခရီးစဉ်အတွင်း အကျုံးမဝင်ပါ။

အကာအကွယ်

မီးလောင်ခြင်းနှင့် ပေါက်ကွဲခြင်း
မီးလောင်ခြင်း (သို့မဟုတ်) ပေါက်ကွဲခြင်းကြောင့် ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုအတွက် အကာအကွယ်ပေးခြင်း

ပြင်ပမှအခြားအရာဝတ္ထုများနှင့် တိုက်မိခြင်း
ယာဉ်အချင်းချင်းတိုက်မိခြင်း၊ ရေမှအပ ပြင်ပမှအရာဝတ္ထုများ လာရောက် ထိခိုက်မိခြင်းအတွက် အကာအကွယ်ပေးခြင်း

လမ်းချော်ခြင်း (သို့မဟုတ်) တိမ်းမှောက်ခြင်း
လမ်းချော်ခြင်း (သို့မဟုတ်) တိမ်းမှောက်ခြင်းအတွက် အကာအကွယ်ပေးခြင်း

အာမခံအချက်အလက်များ

အာမခံကြေးနှုန်းထား
ပရီမီယံကို အာမခံထားသည့်ငွေ (ကုန်စည်တန်ဖိုး) အပေါ်တွင်မူတည်၍တွက်ချက်ပါသည်။
အောက်ပါတို့ကို မူတည်၍ နှုန်းထားသတ်မှတ်ထားပါသည်။
၁။ ကုန်ပစ္စည်း အမျိုးအစား
၂။ သယ်ဆောင်မည့်လမ်းကြောင်

အာမခံသက်တမ်း
ခရီးစဉ်တစ်ကြောင်းအတွက် အကာအကွယ်ပေးပါသည်။

မေးလေ့ရှိသော မေးခွန်းများ

ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအာမခံထားရန် အောက်ဖော်ပြပါ စာရွက်စာတမ်းများ လိုအပ်ပါသည်။

  • အဆိုပြုလွှာ အပြည့်အစုံ
  • အချက်အလက်စာရင်း အပြည့်အစုံ
  • ကုမ္ပဏီမှတ်ပုံတင်လိုင်စင်မိတ္တူနှင့် အစုရှယ်ယာဝင်အချက်အလက် (ကုမ္ပဏီများအတွက်သာ)
  • ပြေစာ/ ယာဉ်ပေါ်ပါကုန်ပစ္စည်းစာရင်း/ ကုန်သွယ်လုပ်ငန်းပြေစာ/ ပိုင်ဆိုင်ကြောင်းသက်သေအထောက်အထား
  • ယာဉ်မှတ်ပုံတင်လိုင်စင်
  • သယ်ယူပို့ဆောင်ခွင့်လိုင်စင်
  • ယာဉ်မောင်းလိုင်စင်

အထွေထွေကုန်ပစ္စည်းများ၊ မီးလောင်လွယ်သော ကုန်ပစ္စည်းများ (ဒီဇယ်ဆီ၊ ဓါတ်ဆီ၊ ဓါတ်ငွေ့ စသည့်ဖြင့်) နှင့် ကွဲရှလွယ်သော ကုန်ပစ္စည်းများကို အာမခံထားရှိနိုင်ပါသည်။

ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအာမခံသည် ခရီးစဉ်တစ်ကြောင်းစာအတွက်သာ အကျုံးဝင်ပါသည်။ စတင်ထွက်ခွာချိန်မှ ဆိုက်ရောက်သည့်နေရာအထိ သွားနေစဉ်ကာလအတွင်း အာမခံအကျုံးဝင်ပါသည်။ (ကုန်ပစ္စည်းအတင်အချတွင် ဖြစ်ပေါ်သော ဆုံးရှံးမှုများအတွက် အကာအကွယ်မရရှိနိုင်ပါ)

အပြောင်းအလဲတစ်စုံတစ်ရာအတွက် Customer Service ဖုန်းနံပါတ် ၀၉-၇၇၇ ၁၀၀ ၅၅၅ သို့ဆက်သွယ်နိုင်ပါသည် (သို့မဟုတ်) သက်ဆိုင်ရာ အရောင်းဝန်ထမ်းထံ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။ Customer ဘက်မှ အာမခံနှင့်ပတ်သက်ပြီး ပြင်ဆင်ခြင်း/ ပြောင်းလဲခြင်းတောင်းဆိုလွှာ ကို ဖြည့်ပေးပြီး လိုအပ်သောစာရွက်စာတမ်းများကို ပေးရန်လိုအပ်ပါသည်။

More Information

Not sure what you need?

Learn in seconds which types of insurance match your needs.

Not sure what you need?

Learn in seconds which types of insurance match your needs.