IAR_insurance_AYASOMPO_Banner_-scaled

စက်မှုလုပ်ငန်းအလုံးစုံအန္တရာယ်အာမခံ

စက်မှုလုပ်ငန်းများတွင် မမျှော်လင့်ထားသော ဆုံးရှုံးမှုများအတွက်
စက်မှုလုပ်ငန်းအလုံးစုံအန္တရာယ်အာမခံ နှင့် ကာကွယ်ပါ။
သင့်အဆောက်အအုံအတွက် ပိုမိုပြည့်စုံသော အကာအကွယ်များဖြင့် အလုပ်ခွင်နှင့် ပတ်ဝန်းကျင်တွင် ဆိုးကျိုးများကြောင့် ရုတ်တရက်နှင့် ကြိုတင်မမြင်နိုင်သော ဆုံးရှုံးမှုများအတွက် စက်မှုလုပ်ငန်းအလုံးစုံအန္တရာယ်အာမခံနှင့် ကာကွယ်လိုက်ပါ။
Edit Content
Edit Content
  • သာမန်မီးအာမခံထက် ပိုမိုကျယ်ပြန့်သောအကာအကွယ် (အာမခံစာချုပ်တွင် ပါဝင်ခြင်းမရှိသော အန္တရာယ်များမှ လွဲ၍)​
  • သာမန်မီးအာမခံထက် ပိုမိုကောင်းမွန်သော ပရီမီယံနှုန်းထားဖြင့် နှစ်သက်ရာအကာအကွယ်များကို ရွေးချယ်နိုင်ခြင်း
  • ပိုမိုသင့်တင့် ကောင်းမွန်သော သတ်မှတ်ချက်များ (နှုတ်ဖြတ်ငွေ၊ Sublimit နှင့် အာမခံကြေးအား ညှိနှိုင်းနိုင်ခြင်း)​
Edit Content

အာမခံထားနိုင်သည့် အကျိုးစီးပွား (Insurable Interest) ရှိသည့် မည်သူမဆို (ဆိုလိုသည်မှာ ပစ္စည်း ပိုင်ဆိုင်မှုရှိသူ သို့မဟုတ် ထိုပစ္စည်း၏ လုံခြုံမှုအတွက် တရားဝင်တာဝန်ရှိသူ)

အောက်တွင် ဖော်ပြထားသော ပရဝဏ် အတွင်းရှိ ပစ္စည်းများအားလုံး၊

၁။ အဆောက်အအုံ

၂။ စက်ယန္တရား

၃။ အိမ်ထောင်ပရိဘောဂ

၄။ ကုန်ပစ္စည်း – ကုန်ချောပစ္စည်းများ၊ ထုတ်လုပ်ဆဲ (လုပ်ငန်းလုပ်စဥ်) ပစ္စည်းများ နှင့် ကုန်ကြမ်းများ

Edit Content

အာမခံကြေးနှုန်းထား

အောက်ပါအချက်အလက်များအပေါ် မူတည်၍ အာမခံကြေးနှုန်းထားကို သတ်မှတ်ပါသည်။

COPEM

  • C – အမျိုးအစား (အဆောက်အအုံ အမျိုးအစား၊ အဆောက်အအုံ အကျယ်အဝန်း)
  • O – အသုံးပြုပုံ (အဆောက်အအုံ အသုံးပြုပုံနှင့် ဂိုထောင်တွင်သိမ်းဆည်းသော ပစ္စည်းအမျိုးအစား)
  • P – မီးဘေးအကာအကွယ် (မီးသတ်စနစ်စီစဉ်ထားရှိမှု)
  • E – ပြင်ပအန္တရာယ်သက်ရောက်မှု (မြေပုံညွှန်း သို့မဟုတ် အာမခံထားမည့် အဆောက်အအုံ၏ တည်နေရာ)
  • M – စီစဉ်ထားရှိမှု (အဆောက်အအုံ ပြုပြင်ထိန်းသိမ်းရေးစနစ် သို့မဟုတ် FEA)

    အာမခံသက်တမ်း

အများဆုံး အာမခံ သက်တမ်းမှာ တစ်နှစ်အထိဖြစ်ပြီး နှစ်စဉ်သက်တမ်းတိုးနိုင်ပါသည်။

Edit Content

စက်မှုလုပ်ငန်းအလုံးစုံအန္တရာယ်အာမခံဆိုသည်မှာ အဘယ်နည်း။

စက်မှုလုပ်ငန်းအလုံးစုံအန္တရာယ်အာမခံသည် မီးအာမခံတွင် ဖော်ပြထားသော အန္တရာယ်များသာမက မီးအာမခံတွင် မပါဝင်သော မတော်တဆထိခိုက်ပျက်စီးမှုများကိုပါ အကာအကွယ်ပေးပါသည်။ အာမခံစာချုပ်တွင် ထည့်သွင်းမထားသော အန္တရာယ်များမှအပ မျှော်မှန်းမရသောအန္တရာယ်အလုံးစုံကို အကာအကွယ်ပေးပါသည်။

မည်သည်ကို အာမခံထားနိုင်သနည်း။

အဆောက်အဦး၊ စက်ပစ္စည်း၊ ပရိဘောဂနှင့် ပရဝုဏ်အတွင်းရှိ ကုန်ပစ္စည်းများကို အာမခံထားနိုင်ပါသည်။

သာမန်မီးအာမခံနှင့် စက်မှုလုပ်ငန်းအလုံးစုံအန္တရာယ်အာမခံ၏ ကွာခြားချက်ကို ပြောပါ။ 

မီးအာမခံသည် မတော်တဆမီး၊ ကူးစက်မီး၊ မိုးကြိုးပစ်၍မီးလောင်ခြင်းနှင့် အိမ်သုံးဓာတ်ငွေ့ယိုစိမ့်ပေါက်ကွဲမှုကို အကာအကွယ်ပေးပါသည်။   စက်မှုလုပ်ငန်းအလုံးစုံအန္တရာယ်အာမခံသည် အာမခံစာချုပ်တွင် မပါဝင်သည့် အန္တရာယ်များမှအပ အလုံးစုံသောအန္တရာယ်များကို အကာအကွယ်ပေးပါတယ်။

စက်မှုလုပ်ငန်းကြီးပိုင်သူများအနေနှင့် စက်မှုလုပ်ငန်းအလုံးစုံအန္တရာယ်အာမခံကို ဘာကြောင့် မဖြစ်မနေ ဝယ်ယူသင့်သလဲ။

စက်မှုလုပ်ငန်းအလုံးစုံအန္တရာယ်အာမခံသည် မီးအာမခံတွင် ဖော်ပြထားသော အန္တရာယ်များသာမက မီးအာမခံတွင် မပါဝင်သော မတော်တဆထိခိုက်ပျက်စီးမှုများကိုပါ အကာအကွယ်ပေးပါသည်။ အာမခံစာချုပ်တွင် ထည့်သွင်းမထားသော အန္တရာယ်များမှအပ မျှော်မှန်းမရသောအန္တရာယ်အလုံးစုံကို အကာအကွယ်ပေးပါသည်။  

Digital Services

Easy for you to access your insurance policy via our digital platform

Key benefits

Wide Coverages

Enjoy a wider scope of cover on your property with our Industrial All Risks (IAR) policy that protects your premises from sudden and unforeseen loss by any perils other than by exclusions.

Quick Premium Payment

Choosing from a range of options, you can now make online payment quickly and effortlessly. Pay your premium digitally, or make payments by cash at our physical locations and get your policy within one week. It is comfort, safety and available 24/7 services.

24/7 Claim Services

Timesaving and convenient claims speed up the process faster and smoother. At AYA SOMPO Insurance, we are always here to providing you and your loved ones with peace of mind while we resolve your claim. Please contact us any time of the day or night 24/7 at 09-777 100 999. You can also request help online by sending us photos of the damage from your mobile device.

Not sure what you need?

Learn in seconds which types of insurance match your needs.

Not sure what you need?

Learn in seconds which types of insurance match your needs.