Edit Content

Digital Services

Easy for you to access your insurance policy via our digital platform

AYA Myanmar General Insurance Company Limited သည် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ အကျိုးတူပူးပေါင်းဆောင်ရွက်ရန် လိုင်စင်ကို ၂၀၁၉ခုနှစ် နိုဝင်ဘာလ (၂၈) ရက်နေ့တွင် ခွင့်ပြုချက်ရရှိခဲ့ပြီး AYA SOMPO Insurance Company Limited အဖြစ် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၁) ရက်တွင် အတည်ပြုပြောင်းလဲခဲ့ကာ အထွေထွေအာမခံလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

AYA SOMPO အနေဖြင့် မြန်မာနိုင်ငံသားတစ်ဦးချင်းစီကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရန်အတွက် အောက်ပါတို့ကို ရည်မှန်းဆောင်ရွက်လျက်ရှိပါသည် –

၁။ မျှော်မှန်း၍မရနိုင်သော အနာဂတ်နှင့် မသေချာသော မနက်ဖြန်များကို ဧရာဆွန်ပိုနှင့်အတူ လက်တွဲဆောင်ရွက်ခြင်းဖြင့် မိတ်ဆွေများ၏ စိတ်အေးချမ်းသာမှုများ ဖန်တီးပေးနိုင်ခြင်း။

၂။ မိတ်ဆွေများ၏ လိုအပ်ချက်များကို ဗဟိုပြု၍ ရိုးရှင်းလွယ်ကူသောအာမခံဝန်ဆောင်မှုများဖြင့် နိုင်ငံအတွက်လိုအပ်သောငွေကြေးဆိုင်ရာ ဘဏ္ဍာရေးအသိပညာ ပေးမှုများမြှင့်တင်ပေးနိုင်ခြင်း။

၃။ ကုမ္ပဏီ၏ လိုအပ်ချက်များကိုကျော်လွန်၍ နိုင်ငံ၏လိုအပ်ချက်များကိုပါ ပံ့ပိုးပေးနိုင်ရန်နှင့် ဆန်းသစ်သောလုပ်ဆောင်ချက်များကို အခြေခံ၍ သာလွန်ကောင်းမွန်သော လူ့စွမ်းအားအရင်းအမြစ်ကို တည်ဆောက်ခြင်း။

မျှတသော ပေါင်းသင်းဆက်ဆံမှုမှာ မိမိတို့၏ ယဉ်ကျေးမှုအစဉ်အလာဖြစ်ပြီး မိတ်ဆွေများအတွက် အကောင်းဆုံးဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ စီးပွားဖက်နှင့် တစ်ဦးချင်း မိတ်ဆွေများအတွက် ဈေးကွက်စီးပွားရေးဆိုင်ရာ နည်းပညာတိုးမြှင့်မှုများ ဆောင်ရွက်ထားရှိပြီး ရိုးရှင်းသော လုပ်ထုံးလုပ်နည်းများ၊ တာဝန်ခံမှုများဖြင့် မိတ်ဆွေများ၏ စိတ်ကျေနပ်မှုရရှိရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။

AYA SOMPO အာမခံ၏ မူဝါဒများ၊ ရည်မှန်းချက်များ၊ စစ်ဆေးချက် ရလဒ်များ လေ့လာသုံးသပ်မှုများ၊ ကြိုတင်ကာကွယ်မှုများနှင့် အုပ်ချုပ်ရေးဆိုင်ရာ သုံးသပ်မှုများ အစရှိသော အရည်အသွေးမြင့်မားသော အုပ်ချုပ်မှုနည်းပညာများကို တိုးတက်အောင် အစဉ်အမြဲဆောင်ရွက်လျက်ရှိပါသည်။

AYA SOMPO အာမခံမှ မိတ်ဆွေများ၏ အဆင်ပြေချောမွေ့စေမည့် နည်းလမ်းများကို ရွေးချယ်ဆောင်ရွက်လျက်ရှိပါသည်။ ရေရှည်တည်တံ့သော အောင်မြင်မှုများအတွက်ရည်ရွယ်ပြီး ငွေကြေးတစ်ခုတည်းကိုသာ ရင်းနှီးမြှုပ်နှံခြင်းမဟုတ်ဘဲ နည်းပညာနှင့် လူ့စွမ်းအား အရင်းအမြစ်များကိုပါ ရင်းနှီးမြှုပ်နှံထားပါသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ တိုးတက်နေသာဈေးကွက်အတွင်း ထိုးဖောက်ဝင်ရောက်ရန်နှင့်အာမခံလုပ်ငန်းများကို ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် ဦးတည်ဆောင်ရွက်လျက်ရှိပါသည်။

အတွေ့အကြုံများကိုအခြေခံ၍ သတ်မှတ်ထားသော ဥပဒေများကို လိုက်နာပြီး အာမခံကုမ္ပဏီ တစ်ခုထက်ကျော်လွန်သော ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံ၏ အနာဂတ်ကို ပုံဖော်ရာတွင် ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။