Digital Services

Easy for you to access your insurance policy via our digital platform

၁။ ကုန်စည်အာမခံထားဖို့ ဘာတွေ လိုအပ်မလဲ။

ဖြေ။   ၁။ Completed Proposal

၂။ Copy of Invoice List /Packing List / Bill of Lading

၃။ Copy of Vessel Registration & Valid License

၄။ Copy of CB / OB Registration & Valid License

၅။ Copy of Vessel Trade(Transportation) “A” License

၆။ Copy of CB / OB Trade(Transportation) “A” License

၇။ Copy of Load line Certificate (If Coastal) တို့ လိုအပ်ပါတယ်။

၂။ ရေကြောင်းကုန်စည်အာမခံမှာ ဘယ်လိုကုန်ပစ္စည်းတွေကို အာမခံထားနိုင်မလဲ။

ဖြေ။   ၁။ အထွေထွေကုန်ပစွည်းအာမခံ

၂။ မီးလောင်လွယ်သော ကုန်ပစ္စည်းများ (ရေနံ၊ ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ ဓါတ်ငွေ့ စသည့်ဖြင့်)အာမခံထားရှိနိုင်ပါတယ်။

၃။ ရေကြောင်းကုန်စည်အာမခံမှာ ဘယ်လိုအကာအကွယ်တွေ‌ ပေးမှာလဲ။

ဖြေ။ အလုံးစုံ ဆုံးရှုံးခြင်း (ICC-C )1.1.82 အတွက်သာ အကာအကွယ်ပေးမှာ ဖြစ်ပါတယ်။

၄။ ရေကြောင်းကုန်စည်အာမခံအတွက် ပေါ်လစီထွက်ရှိရန် အချိန်ဘယ်လောက်ကြာပါသလဲ။

ဖြေ။ Survey စစ်ဆေးရန်မလိုပဲ စာရွက်စာတမ်းစုံလင်မည် ဆိုလျှင် (45)မိနစ် ကြာမြင့်ပါတယ်။ Survey စစ်ဆေးရမည် ဆိုပါက Survey စစ်ဆေးရမည့် နေရာဒေသပေါ်မူတည်၍ (၁) ရက်မှ (၁)ပတ်ခန့် ကြာမြင့်နိုင်ပါတယ်။

၅။ ရေကြောင်းကုန်စည်အာမခံအတွက်ပရီမီယံကြေး ဘယ်လောက်ပေးသွင်းရမလဲ။

အထွေထွေကုန်ပစ္စည်းမြစ်တွင်းဝ.၁၄%
ကမ်းရိုးတန်း(နွေရာသီ)ဝ.၂၈%
ကမ်းရိုးတန်း(မိုးရာသီ)ဝ.၅၆%
ရေနံဆီ၊ ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ ဓါတ်ငွေ့မြစ်တွင်းဝ.၂၈%
ကမ်းရိုးတန်း(နွေရာသီဝ.၄၂%
ကမ်းရိုးတန်း(မိုးရာသီ)ဝ.၈၄%

ခရီးစဉ်တခေါက် အာမခံထားရှိရမည်ဖြစ်ပြီး အာမခံထားငွေ ( ကုန်ပစ္စည်းတန်ဖိုး)၊ ကုန်ပစ္စည်းအမျိုးအစား ၊ သယ်ဆောင်မည့်လမ်းကြောင်း နှင့် သယ်ဆောင်မည့်ရာသီပေါ်တွင် ပရီမီယံနှုန်းထားသတ်မှတ် တွက်ချက်ပါသည်။

၆။ ရေကြောင်းကုန်စည်အာမခံမှာ ဘယ်အချိန်မှစတင်ပြီး ပေါ်လစီ အကျုံးဝင်သလဲ။

ဖြေ။ ပရီမီယံပေးသွင်းပြီးစတင်ထွက်ခွာချိန်မှ ဆိုက်ရောက်နေရာအထိ သွားနေစဉ်အတွင်း အာမခံအကျူံးဝင်ပါသည်။ (ကုန်ပစ္စည်းအတင်အချတွင် ဖြစ်ပေါ်သော ဆုံးရှံးမှုများအတွက် အကာအကွယ်မရရှိပါ)

၇။ ရေကြောင်းကုန်စည်အာမခံတွင် ဘယ်အချက်တွေအတွက် အကျုံးဝင်တာလဲ။

ဖြေ။ စတင်ထွက်ခွာချိန်မှ ဆိုက်ရောက်ရာနေရာအထိ သွားနေစဉ်ကာလအတွင်း သဘာဝ ဘေးအန္တရာယ် ကြောင့်သော်လည်းကောင်း၊ Accident တစ်ခုခုကြောင့် သော်လည်းကောင်း၊ ပြင်ပမှ အရာဝတ္ထုများကြောင့်သော်လည်းကောင်း ပျက်စီးဆုံးရှံးမှုများသည် လျော်ကြေးအကျုံးဝင်ပါသည်။

၈။ ကုန်းလမ်းကုန်စည်အာမခံမှာ ဘယ်အချက်တွေက လျော်ကြေးအကျုံးမဝင်တာလဲ။

ဖြေ။    ၁။ တင်ဆောင်ရမည့် ကုန်ပစ္စည်းထက် ပိုမိုတင်ဆောင်ခြင်း၊

၂။ ဥပဒေနှင့် မလွတ်ကင်းသော ကုန်ပစ္စည်းများတင်ဆောင်ခြင်း၊

၃။ ကုန်ပစ္စည်း၏ ပင်ကိုယ်သဘာဝ အရ ပျက်စီးခြင်းများ နှင့် လျော်ကြေးလိုချင်၍ မရိုးသားစွာဖြင့် တမင်တကာတိမ်းမှောက်ခြင်း ။

၉။ မတော်တဆမှုနှင့် ကြုံတွေ့ရရင် Customer ဘက်က ဘယ်လိုလုပ်ဆောင်ရမလဲ။ ဘာစာရွက်စာတမ်းတွေ ယူလာပေးရမလဲ။

ဖြေ။ Accident ဖြစ်ဖြစ်ချင်း AYA SOMPO အာမခံ၏ Claim Hotline- 09 429 305 224 ကို ချက်ချင်းဆက်သွယ်ဖို့ လိုအပ်ပါတယ်။ မတော်တဆမှု ဖြစ်ပွါးရာနေရာအား ဖုန်းဖြင့် မှတ်တမ်းတင်ထားပေးရန်၊ ဖြစ်စဉ်အကျဉ်းချုပ်၊ လျော်ကြေး တောင်းခံလွှာပေးရန်နှင့် ရဲစခန်းမှ ထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာ (သို့) အုပ်ချုပ်ရေးမှူးထောက်ခံစာတို့ လိုအပ်ပါတယ်။ Policy & Cash Received ပေးရန်လည်း လိုအပ်ပါတယ်။

၁၀။ လျော်ကြေးရရန် အချိန်ဘယ်လောက်ကြာပါသလဲ။

ဖြေ။ ဖြစ်စဉ်ပေါ်မူတည်၍ လျော်ကြေးကို အမြန်ဆုံး ဖြေရှင်းပေးပါတယ်။

၁၁။ ရေကြောင်းကုန်စည်အာမခံမှာ ၁နှစ်အတွင်း Claim ဘယ်နှစ်ကြိမ်အထိဖြစ်ခွင့်ရှိပါသလဲ။

ဖြေ။ ခရီးတစ်ခေါက်အာမခံဖြစ်တာကြောင့် (၁) ကြိမ်သာ လျော်ကြေးတောင်းခံခွင့်ရှိပါတယ်။

၁၂။ ရေကြောင်းကုန်စည်အာမခံထားပြီး တစ်ခုခုပြောင်းလဲလိုပါက ဘယ်လိုလုပ်ဆောင်ရမလဲ။

ဖြေ။ AYA SOMPO အာမခံရုံးသို့ အကြောင်းကြားပြီး Customer ဘက်မှ Endorsement Request Letter ကို ရေးပေးရန်လိုအပ်ပါသည်။

၁၃။ Refund (သို့) Policy ဖျက်သိမ်းရင် ဘယ်လိုလုပ်ဆောင်ရမလဲ။

ဖြေ။ Customer ဘက်မှ Cancellation Request Letter ကို ရေးပြီး AYA SOMPO အာမခံကုမ္ပဏီသို့ ပေးပို့ အကြောင်းကြားရန် လိုအပ်ပါတယ်။

၁၄။ AYA SOMPO အာမခံတွင် အိမ်အရောက်ဝန်ဆောင်မှု ရှိပါသလား။

ဖြေ။ အိမ်အရောက်ဝန်ဆောင်မှု ပြုလုပ်ပေးပါသည်။