Digital Services

Easy for you to access your insurance policy via our digital platform

Secure Your Business

with

Credit Guarantee

Insurance

Secure Your Business

with

Credit Guarantee

Insurance

ချေးငွေအာမခံ

ချေးငွေအာမခံ (Credit Guarantee Insurance – CGI) သည် ဘဏ်များနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများမှ ထုတ်ပေးထားသော ချေးငွေများ ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးမှုအန္တရာယ်များကို ကာကွယ်ပေးရန် အထူးစီမံထားသော အာမခံအမျိုးအစားဖြစ်ပါသည်။ ဤအာမခံသည် ဘဏ္ဍာရေးအဖွဲ့အစည်းများအနေဖြင့် အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များကို ပိုမိုယုံကြည်စိတ်ချစွာ ချေးငွေထုတ်ပေးနိုင်ရန် ပံ့ပိုးပေးပြီး မြန်မာ့စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေပါသည်။

AYA SOMPO ၏ ချေးငွေအာမခံကို ဘာကြောင့်ရွေးချယ်သင့်သလဲ။

အာမခံအနှစ်ချုပ်နှင့် ရရှိမည့်အကျိုးခံစားခွင့်များ

အာမခံအနှစ်ချုပ်နှင့် ရရှိမည့်အကျိုးခံစားခွင့်များ

ကျသင့်မည့် ပရီမီယံနှုန်းထားများကို အာမခံသက်တမ်းနှစ်နှင့် အပေါင်ပစ္စည်း ရှိ/မရှိ အပေါ်မူတည်၍ အောက်ပါအတိုင်း ပွင့်လင်းမြင်သာစွာ သတ်မှတ်ထားပါသည်—

အာမခံသက်တမ်းအပေါင်ပစ္စည်းရယူပြီး ချေးငွေထုတ်ပေးခြင်းအပေါင်ပစ္စည်းမပါရှိသော ချေးငွေထုတ်ပေးခြင်း
ပထမနှစ်၄.၀%၅.၀%
ဒုတိယနှစ်၃.၀%၄.၀%
တတိယနှစ်နှင့်အထက်၂.၀%၃.၀%

လျော်ကြေးအကျုံးမဝင်သည့် အချက်များ

အောက်ပါအခြေအနေများကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများအတွက် အာမခံအကာအကွယ် ရရှိမည်မဟုတ်ပါ—

အမေးများသောမေးခွန်းများ (FAQ)

ချေးငွေအာမခံ (CGI) ဆိုသည်မှာ အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များက ချေးငွေပြန်လည်ပေးဆပ်ရန် ပျက်ကွက်ခြင်းကြောင့် ဘဏ်များနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများတွင် ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးမှုများကို အကာအကွယ်ပေးသည့် အထူးစီးပွားရေးလုပ်ငန်းအာမခံတစ်ခု ဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ MSME လုပ်ငန်းရှင်များထံသို့ ချေးငွေနှင့် ငွေထုတ်ချေးခြင်း ဝန်ဆောင်မှုပေးနေသည့် ဘဏ်များနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများ က အာမခံထားသူအဖြစ် ထားရှိနိုင်ပါသည်။

အများဆုံး ကျပ်သန်း (၅၀) အထိ အာမခံထားရှိနိုင်ပါသည်။

အာမခံသက်တမ်းမှာ (၁) နှစ် ဖြစ်ပြီး၊ ပရီမီယံကြေး ပေးသွင်းသည့်အချိန်မှစ၍ သတ်မှတ်ထားသော သက်တမ်းကုန်ဆုံးမည့်ရက် ည (၁၂) နာရီအထိ အကျုံးဝင်ပါသည်။

ပေါ်လစီစည်းကမ်းချက်များနှင့်အညီ အမှန်တကယ် ဆုံးရှုံးသွားသော ချေးငွေအရင်းပမာဏ၏ ၅၀% နှင့်အတူ (၃) လစာ အတိုးနှုန်းကို စည်းကမ်းချက်အတိုင်း အာမခံကုမ္ပဏီမှ ကြိုတင်လျော်ကြေးအဖြစ် ထုတ်ပေးမည်ဖြစ်ပါသည်။

MSME လုပ်ငန်းရှင်များက ချေးငွေအရင်းနှင့် အတိုးကို ပေးဆပ်ရန် ပျက်ကွက်သည့်နေ့မှ ရက်ပေါင်း (၉၁) ရက်မြောက်သည့်နေ့ကို ဆုံးရှုံးမှုပေါ်ပေါက်သည့်နေ့ဟု သတ်မှတ်ပါသည်။ ဘဏ် သို့မဟုတ် ဘဏ္ဍာရေးအဖွဲ့အစည်းမှ တရားရုံးတွင် တရားစွဲဆိုမှုစတင်ပြီး အမှုတွဲအမှတ်ရရှိသည့်ရက်မှစ၍ လျော်ကြေးကို စတင်ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

ချေးငွေရယူသူမှ တင်ပြထားသော စီမံချက် (Business Plan) အတိုင်း လုပ်ငန်းမလုပ်ဘဲ လွဲမှားစွာသုံးစွဲခြင်း၊ တည်ဆဲဥပဒေများကို ချိုးဖောက်ပြီး တရားမဝင်လုပ်ငန်းများ လုပ်ကိုင်ခြင်း၊ သို့မဟုတ် အဆိုလွှာနှင့် စာရင်းဇယားများတွင် အချက်အလက်လိမ်လည်ထိန်ချန်ခြင်းများ ရှိပါက လျော်ကြေးရရှိမည်မဟုတ်ပါ။ ထို့ပြင် ဆုံးရှုံးမှုဖြစ်ပွားပြီး (၁) နှစ်အတွင်း လျော်ကြေးတောင်းခံရန် ပျက်ကွက်ပါကလည်း အကျိုးခံစားခွင့် ဆုံးရှုံးမည်ဖြစ်ပါသည်။

အာမခံလျှောက်ထားရန်အတွက် ချေးငွေထုတ်ပေးမည့် ဘဏ်နှင့် လုပ်ငန်းရှင်တို့မှ အောက်ပါစာရွက်စာတမ်းများကို မဖြစ်မနေ ပူးတွဲတင်ပြရပါမည်—

  • ဘဏ်မှအကြောင်းကြားစာ နှင့် အဆိုလွှာ
  • လုပ်ငန်းစီမံချက် (Business Plan)
  • ဝင်ငွေ/သုံးငွေစာရင်း (Financial Statement & Audit Report)
  • SME လုပ်ငန်းရှင်ဖြစ်ကြောင်း ထောက်ခံချက် (မူရင်း) (စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ထုတ်ပေးထားသည့် စာရွက်)
  • ပုဂ္ဂလိကစက်မှုလုပ်ငန်း မှတ်ပုံတင်လက်မှတ် (SME Card)
  • သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့မှ ထုတ်ပေးသည့် လုပ်ငန်းလိုင်စင်
  • ကုမ္ပဏီမှတ်ပုံတင်လက်မှတ် (DICA) နှင့် သင်းဖွဲ့မှတ်တမ်း (ကုမ္ပဏီဖြစ်လျှင် တင်ပြရန်)
  • နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်)အိမ်ထောင်စုဇယား နှင့် လုပ်ငန်းဓာတ်ပုံများ
  • အခွန်ဆောင်ထားသည့် ပြေစာများ

MSME လုပ်ငန်းရှင်က အတိုး သို့မဟုတ် အရင်းကို စတင်ပျက်ကွက်သည့်နေ့မှစ၍ ရက်ပေါင်း (၃၀) အတွင်း ချေးငွေထုတ်ပေးသည့် ဘဏ် သို့မဟုတ် အဖွဲ့အစည်းက အာမခံကုမ္ပဏီထံသို့ လျော်ကြေးကိစ္စကို စာဖြင့် စတင်အကြောင်းကြားရပါမည်။

လျော်ကြေးကိစ္စကို စိစစ်ပြီး အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ရန်အတွက် အာမခံထားသူ ဘဏ်များအနေဖြင့် အောက်ပါအထောက်အထားများကို တင်ပြပေးရပါမည်—

  • လျော်ကြေးတောင်းခံလွှာ (Claims Form)
  • တရားရုံးမှ အမှုလက်ခံကြောင်း အမှုအမှတ်ပါသည့် တရားရုံးနေ့စဉ်မှတ်တမ်း (တရားရုံးတာဝန်ခံ မိတ္တူမှန်)
  • ချေးငွေရယူသူ၏ ဘဏ်စာရင်းရှင်းတမ်း (Bank Statement) မိတ္တူ (အခြားဘဏ်များတွင် ရှိသည့် စာရင်းများအပါအဝင်)
  • ချေးငွေနှင့် ပတ်သက်သည့် ဘဏ်ငွေထုတ်/ငွေသွင်း စာရင်းမိတ္တူများ
  • ချေးငွေကို တင်ပြထားသည့် Business Plan အတိုင်း အမှန်တကယ် သုံးစွဲခဲ့ခြင်း ရှိ/မရှိ ဘဏ်၏ စိစစ်တွေ့ရှိချက် အစီရင်ခံစာ

တရားစွဲဆိုမှု၊ အပေါင်ပစ္စည်း သိမ်းဆည်းလေလံတင်မှုများကြောင့် ချေးငွေရယူသူထံမှ ငွေများ ပြန်လည်ရရှိလာပါက အာမခံကုမ္ပဏီမှ ကြိုတင်ထုတ်ပေးထားသော လျော်ကြေးငွေကို ပြန်လည်စာရင်းရှင်းလင်း ပေးမည်ဖြစ်ကြောင်း ကတိပြုစာ

More Information

Not sure what you need?

Learn in seconds which types of insurance match your needs.

Not sure what you need?

Learn in seconds which types of insurance match your needs.