Digital Services

Easy for you to access your insurance policy via our digital platform

အာမခံထားသောယာဉ် ပျက်စီးဆုံးရှုံးခြင်း

မတော်တဆကားတိုက်မိခြင်း၊ မီးလောင်ခြင်းနှင့် မိုးကြိုးပစ်ခြင်းတို့ကြောင့် မိမိကိုယ်ပိုင်ယာဉ် ပျက်စီးဆုံးရှုံးမှုအတွက် အကာအကွယ်ပေးခြင်း (အာမခံထားသော ယာဉ်တန်ဖိုးအများဆုံးအထိ ရရှိနိုင်ပါသည်)

သေဆုံးမှုနှင့် ဒဏ်ရာရရှိမှု အကျိုးခံစားခွင့်
သေဆုံးမှုနှင့် ဒဏ်ရာရရှိခြင်းအတွက် လျော်ကြေးပေးဆောင်မှုကို ထိခိုက်သည့်အတိုင်းအတာပေါ်မူတည်၍ အကျိုးခံစားခွင့် ကျပ် (၁၀) သိန်းအထိ ရရှိနိုင်ခြင်း
လေကာမှန် အကာအကွယ်

လေကာမှန်တန်ဖိုးအပေါ်မူတည်၍ ပျက်စီးဆုံးရှုံးမှုအတွက် အကျိုးခံစားခွင့် သိန်း (၃၀) အထိ ရရှိနိုင်ခြင်း

တစ်ပါးသူထိခိုက်နစ်နာခြင်း

တစ်ပါးသူသေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းနှင့် တစ်ပါးသူပိုင်ဆိုင်သော ပစ္စည်းများ ပျက်စီးဆုံးရှုံးခြင်းများအတွက် လျော်ကြေး ပေးဆောင်မှု (အများဆုံး သိန်း ၅၀၀ အထိ)

သပိတ်မှောက်ခြင်း၊ အဓိကရုဏ်းဖြစ်ခြင်း
သပိတ်မှောက်ခြင်း၊ အဓိကရုဏ်းဖြစ်ခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုအတွက် အကာအကွယ်ပေးခြင်း
စစ်ဘေးအန္တရာယ်
စစ်နှင့်စစ်အသွင်ဖြစ်ရပ်များကြောင့် ပျက်စီးဆုံးရှုံးမှုအတွက် အကာအကွယ်ပေးခြင်း
လျော်ကြေးနှုတ်ဖြတ်ငွေ ကင်းလွတ်ခွင့်အခ
မတော်တဆထိခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုအတွက် ထပ်ဆောင်းပေးရသော နှုတ်ဖြတ်ငွေကင်းလွတ်ခြင်း
မော်တော်ယာဉ်ခိုးယူခံရခြင်း
မော်တော်ယာဉ်ခိုးယူခံရခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုအတွက် အကာအကွယ်ပေးခြင်း
သဘာဝဘေးအန္တရာယ်
ရေကြီးခြင်း၊ လေမုန်တိုင်းတိုက်ခြင်း၊ တိုင်ဖုန်း၊ လေဆင်နှာမောင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ မြေငလျင်လှုပ်ခြင်း၊ မြေပြိုခြင်း၊ မြေကျွံခြင်း စသည်တို့ကြောင့် ပျက်စီးဆုံးရှုံးမှုအတွက် အကာအကွယ်ပေးခြင်း