Edit Content

Digital Services

Easy for you to access your insurance policy via our digital platform

Secure what matters

with

fire insurance

Secure what matters

with

fire insurance

မီးအာမခံ

အိုးအိမ်တိုက်တာကာကွယ်ဖို့ မီးအာမခံထားစို့

အကျိုးခံစားခွင့်များ

အကျိုးခံစားခွင့် အသေးစိတ် အချက်အလက်များ

လျော်ကြေးမဲ့ဆု
လျော်ကြေးမဲ့ဆုအနေဖြင့် မူလအာမခံကြေး၏ ၂၅ % အထိ လျှော့ပေးပါသည်။

၂၄ နာရီ အရေးပေါ် လျော်ကြေးဝန်ဆောင်မှု
လျော်ကြေးတောင်းခံလိုပါက ကျွန်ုပ်တို့၏ ၂၄ နာရီ အရေးပေါ် ဝန်ဆောင်မှုအဖွဲ့ကို ဆက်သွယ်လိုက်ပါ။

အာမခံအကာအကွယ်

မီး / ပေါ့ဆမီး
မီးနှင့် ပေါ့ဆမီးကြောင့် ဖြစ်ပေါ်သော လုံးဝဆုံးရှုံးမှုနှင့် တစ်စိတ်တစ်ပိုင်းဆုံးရှုံးမှုကို အကာအကွယ်ပေးပါသည်။

အိမ်သုံးဓာတ်ငွေ့ယိုစိမ့်ပေါက်ကွဲမှု
အိမ်သုံးဓာတ်ငွေ့ယိုစိမ့်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်သော လုံးဝဆုံးရှုံးမှုနှင့် တစ်စိတ်တစ်ပိုင်းဆုံးရှုံးမှုကို အကာအကွယ်ပေးပါသည်။

မိုးကြိုးပစ်၍မီးလောင်ဆုံးရှုံးမှု
မိုးကြိုးပစ်၍မီးလောင်ဆုံးရှုံးမှုကြောင့် ဖြစ်ပေါ်သော လုံးဝဆုံးရှုံးမှုနှင့် တစ်စိတ်တစ်ပိုင်းဆုံးရှုံးမှုကို အကာအကွယ်ပေးပါသည်။

ကူးစက်မီး
ကူးစက်မီးကြောင့် ဖြစ်ပေါ်သော လုံးဝဆုံးရှုံးမှုနှင့် တစ်စိတ်တစ်ပိုင်းဆုံးရှုံးမှုကို အကာအကွယ်ပေးပါသည်။

Edit Content

လေယာဉ်ကြောင့် ထိခိုက်ပျက်စီးခြင်း
လေယာဉ်နှင့်ဆက်စပ်ပစ္စည်းများကြောင့် ဖြစ်ပေါ်သော ဆုံးရှုံးမှုကို အကာအကွယ်ပေးပါသည်။

ကုန်းလမ်းသွားယာဉ်ကြောင့် ထိခိုက်ပျက်စီးခြင်း
ကုန်းလမ်းသွားယာဉ်ကြောင့် ဖြစ်ပေါ်သော ဆုံးရှုံးမှုကို အကာအကွယ်ပေးပါသည်။

မြေကျွံ ၊ မြေပြိုခြင်း
မြေကျွံ၊ မြေပြိုခြင်းကြောင့် ဖြစ်ပေါ်သော ဆုံးရှုံးမှုကို အကာအကွယ်ပေးပါသည်။

လေမုန်တိုင်းအမျိုးမျိုး
လေမုန်တိုင်းအမျိူးမျိုးကြောင့် ဖြစ်ပေါ်သော ဆုံးရှုံးမှုကို အကာအကွယ်ပေးပါသည်။

ပေါက်ကွဲပျက်စီးခြင်း
ပေါက်ကွဲပျက်စီးခြင်းကြောင့် ဖြစ်ပေါ်သော ဆုံးရှုံးမှုကို အကာအကွယ်ပေးပါသည်။

ဖောက်ထွင်းခိုးယူခြင်း
ချိုးဖျက်ဝင်ရောက်၍ ဖောက်ထွင်းခိုးယူခြင်းကြောင့် ဖြစ်ပေါ်သော ဆုံးရှုံးမှုကို အကာအကွယ်ပေးပါသည်။

မြေငလျင်နှင့် မီးတောင်ပေါက်ကွဲမှု
မြေငလျင်နှင့် မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်သော ဆုံးရှုံးမှုကို အကာအကွယ်ပေးပါသည်။.

ရေကြီးခြင်း၊ ရေလျှံခြင်း
ရေကြီးခြင်း၊ ရေလျှံခြင်းကြောင့် ဖြစ်ပေါ်သော ဆုံးရှုံးမှုကို အကာအကွယ်ပေးပါသည်။

အလိုအလျောက်မီးစွဲလောင်မှု
အလိုအလျောက်ဓာတ်ပြု၊ အပူကူး၍မီးစွဲလောင်မှုကြောင့် ဖြစ်ပေါ်သော ဆုံးရှုံးမှုကို အကာအကွယ်ပေးပါသည်။

အာမခံ အချက်အလက်များ

အာမခံကြေးနှုန်းထား
စုစုပေါင်း အာမခံတန်ဖိုး (ပိုင်ဆိုင်မှုပစ္စည်းတန်ဖိုး) ၏ ၀.၁၃ % မှ ၃.၅ %အတွင်း

အာမခံ သက်တမ်း
အများဆုံး အာမခံ သက်တမ်းသည် တစ်နှစ်အထိဖြစ်ပြီး နှစ်စဉ်သက်တမ်းတိုးနိုင်ပါသည်။
အနည်းဆုံး ၁၀ ရက်မှ စ၍ အာမခံထားနိုင်ပါသည်။

အောက်ပါတို့ကို မူတည်၍ နှုန်းထားသတ်မှတ်ပါသည်။

  • အဆောက်အအုံအမျိုးအစား
  • အဆောက်အအုံအနေအထား
  • အဆောက်အအုံအသုံးပြုပုံ

မေးလေ့ရှိသော မေးခွန်းများ

Edit Content
(က) အဆောက်အဦး
  • ပြည့်စုံစွာဖြည့်စွက်ထားသော အဆိုပြုလွှာ 
  • နားလည်သဘောတူ၍ လက်မှတ်ထိုးထားသော မီးအာမခံအကြောင်း သိကောင်းစရာစာရွက် 
  • ပရိဘောဂနှင့် စက်ပစ္စည်းအသေးစိတ်စာရင်း 
  • အဝယ် (သို့) အရောင်းစာချုပ်မိတ္တူ 
  • ပိုင်ဆိုင်မှုစာချုပ် သို့မဟုတ် အငှားစာချုပ်မိတ္တူ
  • နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ (လူပုဂ္ဂိုလ်ဖြစ်ပါက) 
  • ကုမ္ပဏီမှတ်ပုံတင်နှင့် ရှယ်ယာဝင်အချက်အလက်မိတ္တူ
    (ကုမ္ပဏီဖြစ်ပါက) 

 

(ခ) ကုန်ပစ္စည်း
  • ပြည့်စုံစွာဖြည့်စွက်ထားသော အဆိုပြုလွှာ 
  • နားလည်သဘောတူ၍ လက်မှတ်ထိုးထားသော မီးအာမခံအကြောင်း သိကောင်းစရာစာရွက် 
  • ကုန်ပစ္စည်းအသေးစိတ်စာရင်း  
  • အဝင်အထွက်စာရင်းစာအုပ် 
  • နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ (လူပုဂ္ဂိုလ်ဖြစ်ပါက) 
  • ကုမ္ပဏီမှတ်ပုံတင်နှင့် ရှယ်ယာဝင်အချက်အလက်မိတ္တူ
    (ကုမ္ပဏီဖြစ်ပါက)  
Edit Content

အာမခံထားမည့် အဆောက်အဦး၏အတန်းအစား၊ အသုံးပြုပုံနှင့် ဘေးပတ်ဝန်းကျင်အပေါ် မူတည်၍ ပရီမီယံနှုန်း ၀.၁၃% မှ ၃.၅၀% အတွင်း ကျသင့်နိုင်ပါသည်။ အာမခံထားမည့် အဆောက်အဦးကို မျက်မြင်စစ်ဆေးပြီး အာမခံကြေးနှုန်းထားကို အတိအကျ တွက်ချက်ပေးပါသည်။ အာမခံကြေးကို တစ်ပေါင်းတည်း ပေးသွင်းရပါမည်။

Edit Content

အပြောင်းအလဲ ပြုလုပ်လိုပါက Customer Service ဖုန်းနံပါတ် 09 777 100 555 ကိုဖြစ်စေ သက်ဆိုင်ရာအရောင်းဝန်ထမ်းကိုဖြစ်စေ ဆက်သွယ်နိုင်ပါသည်။ endorsement ဖောင်ကို ဖြည့်စွက်၍ လိုအပ်သောစာရွက်စာတမ်းများကို တင်ပြပါ။ ပြုလုပ်လိုသော အပြောင်းအလဲအပေါ် မူတည်၍ ပြန်အမ်းငွေ သို့မဟုတ် ထပ်ဆောင်းအာမခံကြေး ပေးသွင်းခြင်း ရှိနိုင်ပါသည်။

Edit Content

သာမန်မီးအာမခံအကာအကွယ်တွင်
၁။ မီးလောင်၍ ပျက်စီးဆုံးရှုံးမှုနှင့် မိုးကြိုးပစ်၍ မီးလောင်ဆုံးရှုံးမှု
၂။ မတော်တဆမီး
၃။ အိမ်သုံးဓာတ်ငွေ့ယိုစိမ့်ပေါက်ကွဲမှုကြောင့် မီးလောင်ဆုံးရှုံးမှုတို့ ပါဝင်ပါသည်။

Edit Content

အခြေခံမီးအကာအကွယ်နှင့်အတူ အောက်ဖော်ပြပါ အပိုအကာအကွယ်များလည်း ဝယ်ယူနိုင်ပါသည်။:
၁။ လေယာဉ်ကြောင့် ထိခိုက်ပျက်စီးခြင်း (အာမခံထားငွေစုစုပေါင်း၏ ၀.၁၀ %)
၂။ ကုန်းလမ်းသွားယာဉ်ကြောင့် ထိခိုက်ပျက်စီးခြင်း (အာမခံထားငွေစုစုပေါင်း၏ ၀.၁၀ %)
၃။ မြေကျွံ၊ မြေပြိုခြင်း (အာမခံထားငွေစုစုပေါင်း၏ ၀.၁၀ %)
၄။ မြေငလျင်နှင့် မီးတောင်ပေါက်ကွဲမှု (အာမခံထားငွေစုစုပေါင်း၏ ၀.၁၀ %)
၅။ ပေါက်ကွဲပျက်စီးခြင်း (အာမခံထားငွေစုစုပေါင်း၏ ၀.၁၀ %)
၆။ အလိုအလျောက်မီးစွဲလောင်မှု (အာမခံထားငွေစုစုပေါင်း၏ ၀.၀၈ %)
၇။ လေမုန်တိုင်းအမျိုးမျိုး (တိုင်ဖွန်း၊ ဟာရီကိန်း စသဖြင့်) (အာမခံထားငွေစုစုပေါင်း၏ ၀.၂၀ – ၀.၂၅ %)
၈။ ရေကြီးခြင်း၊ ရေလျှံခြင်း (အာမခံထားငွေစုစုပေါင်း၏ ၀.၁၀ %)
၉။ ဖောက်ထွင်းခိုးယူခြင်း (အာမခံထားငွေစုစုပေါင်း၏ ၀.၂၅% – ၀.၇၅ %)

Edit Content

အပြောင်းအလဲ ပြုလုပ်လိုပါက Customer Service ဖုန်းနံပါတ် 09 777 100 555 ကိုဖြစ်စေ သက်ဆိုင်ရာအရောင်းဝန်ထမ်းကိုဖြစ်စေ ဆက်သွယ်နိုင်ပါသည်။ cancellation ဖောင်ကို ဖြည့်စွက်ပါ။ ကျန်ရှိသော အာမခံသက်တမ်းအလိုက် ကုမ္ပဏီမှ အာမခံကြေး ပြန်အမ်းမည် ဖြစ်ပါသည်။

More Information

Not sure what you need?

Learn in seconds which types of insurance match your needs.

Not sure what you need?

Learn in seconds which types of insurance match your needs.