be the

for a Better Future

ကလေးတိုင်းမှာကောင်းမွန်တဲ့အိပ်မက်တွေကိုယ်စီရှိကြပါတယ်။ အဲ့ဒီ့အိပ်မက်တွေ လက်တွေ့ဖြစ်လာဖို့အတွက်ဆိုရင်တော့ လမ်းပြပေးမယ့်အလင်းရောင်တွေ လိုအပ်ပါတယ်။

10,000 MMK

From every new insurance policy

Total Policies Sold

0 Policies

Total Contribution

0 MMK

10,000 MMK

From every new insurance policy

Total Policies Sold

0 Policies

Total Contribution

0 MMK

[ Updated by 21st October 2026]

ပညာရေးဆိုတာ အိပ်မက်တွေကို လက်တွေ့ဖြစ်လာအောင် လမ်းပြပေးတဲ့အလင်းရောင်တစ်ခုဖြစ်ပါတယ်။

ကလေးတွေကို ပညာရေးဆိုတဲ့ အလင်းရောင်နဲ့ လမ်းပြပေးခြင်းဟာ သူတို့တစ်ဦးချင်းစီရဲ့ အနာဂတ်ကိုသာမက၊ သူတို့မိသားစုတွေအတွက် ကျွန်တော်တို့အားလုံးအတွက်ပါ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးနိုင်အောင် လမ်းပြပေးလိုက်ခြင်းဖြစ်ပါတယ်။

သင့်ရဲ့အာမခံပေါ်လစီတစ်စောင်ဟာ အာမခံအကာအကွယ်တစ်ခု ဆိုတာထက်ပိုပါတယ်။

သင့်ရဲ့အာမခံပေါ်လစီတစ်စောင်ဟာ အာမခံအကာအကွယ်တစ်ခု ဆိုတာထက်ပိုပါတယ်။ သင့်ရဲ့လမ်းပြတဲ့အလင်းရောင်နဲ့အတူ ကလေးတွေရဲ့ အိပ်မက်တွေ၊မျှော်လင့်ချက်တွေကို လက်တွေ့ဖြစ်လာစေမယ့်အပြင် သူတို့ရဲ့ အနာဂတ်ခရီးလမ်းကိုပါ လင်းလက်စေမှာဖြစ်ပါတယ်။

What They Said

ဘဝမှာ အကြောင်းအမျိုးမျိုးကြောင့် အနာဂတ်ကိုရှေ့ဆက်လျှောက်လှမ်းဖို့  ခက်ခဲနေတဲ့ကလေးငယ်တွေအတွက် အလင်းရောင်တစ်ခုအဖြစ် ဒီCampaign  မှာ ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်။နောင်များမှာလည်း ပိုမိုကောင်းမွန်တဲ့အနာဂတ်တွေအတွက် အလင်းရောင်တွေ ပေးနိုင်ပါစေလို့် ဆုတောင်းပေးပါတယ်။

ကိုအောင်မြင့်ထွေး

 ကျွန်မတို့ နေ့စဉ် ကိုယ့်ရဲ့ အလုပ်ကို လုပ်နေရင်းပဲ ကိုယ့်အိပ်မက်တွေကိုသာမက တခြားသူတွေရဲ့ အိပ်မက်တွေကိုပါ အကောင်အထည်ဖော်နိုင်ဖို့ အခွင့်အရေးတစ်ခုကို ဒီ Campaign ကနေတဆင့် ရရှိခဲ့ပါတယ်။ ဒါကြောင့် ဒီCampaign မှာ ပါဝင်ရတာကိုက ကိုယ့်ရဲ့ policyholders  ၊ Industry၊ နိုင်ငံနှင့် ကလေးတွေရဲ့ အနာဂတ်ကိုပါ အကျိုးရှိစေတဲ့အတွက် 'Win-Win’ ဖြစ်တယ်လို့ ခံစားရပါတယ်။

မသင်းသင်းအေး

ဘယ်လောက်သေးငယ်တဲ့ အပြုအမူလေးတွေပဲဖြစ်နေပါစေ ကိုယ်လုပ်ဆောင်လိုက်တဲ့ စေတနာနဲ့ ကြင်နာမှုတွေတွေက တစ်စုံတစ်ယောက်ကို ပိုမိုကောင်းမွန်တဲ့အရာတစ်ခုဖြစ်လာအောင် ပံပိုးပေးနိုင်တယ်ဆိုတာ သိလိုက်ရပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့  အနီးအနားမှာရှိတဲ့ သူတွေကို ပိုမိုကောင်းမွန်တဲ့ အရာတွေကိုဖန်တီးလာနိုင်အောင် ကူညီပေးခြင်းဟာ အရေးကြီးတယ်ဆိုတာကို သိခွင့်ရခဲ့အတွက် ဒီ campaign လေးက ကျွန်မအတွက်တော့ အဓိပ္ပာယ်တွေအများကြီးရှိပါတယ်။

မနှင်းယု