COVID-19 ကူးစက်မှု လျင်မြန်စွာ မြင့်တက်လျက်ရှိရာ ဧရာဝတီဖောင်ဒေးရှင်း အနေဖြင့် ဧရာဝတီဘဏ် သင်တန်းကျောင်းနှင့် အမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်)တို့ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ Quarantine Centre များအဖြစ် ထားရှိနိုင်ရန် စီမံဆောင်ရွက် ထားရှိပါသည်။
COVID-19 ကာကွယ် ကုသရေး အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိကြသော ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများ အပါအဝင် စုစုပေါင်း (၁၀၉) ဦးကို ၂၀၂၀ စက်တင်ဘာလ (၆) ရက်နေ့မှ စတင်၍ လက်ခံထားရှိစေပြီး ၎င်းတို့၏ နေရေးထိုင်ရေးနှင့် စားသောက်ရေး ကိစ္စအဝဝကို ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ယူ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
Receive resources & tools that can help you prepare for the future. You can cancel anytime.