AYA SOMPO’s Joint Venture Turns One Year

စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့တွင် AYA Myannmar General Insurance နှင့် Sompo Japan Nipponkoa Insurance Inc. တို့၏အကျိူးတူလုပ်ငန်း ပူးပေါင်းဆောင်ရွက်ခြင်းအား အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။

ယခုအခါ AYA SOMPO အာမခံကုမ္ပဏီအနေဖြင့် နှစ်ဦးသဘောတူလုပ်ငန်းလုပ်ကိုင်သည်မှာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီး ၎င်းတစ်နှစ်တာကာလသည် AYA SOMPO အာမခံအတွက် စိတ်လှုပ်ရှားစရာများ၊ စိန်ခေါ်မှုများစွာကို ပူးပေါင်းကျော်ဖြတ်ခဲ့ရုံသာမက ကုမ္ပဏီနှင့် လူမှုပတ်ဝန်းကျင်အတွက် အထောက်အကူပြုနိုင်သော ခရီးတစ်ခု ဖြစ်ခဲ့ပါသည်။ AYA SOMPO အာမခံအနေဖြင့် မြန်မာ့အာမခံစျေးကွက်တွင် ခိုင်မာသော Brand တစ်ခုအဖြစ် တည်ဆောက်နိုင်ခဲ့ပြီး မြန်မာပြည်သူပြည်သားများ၏ လိုအပ်ချက်နှင့် ကိုက်ညီသော အာမခံအမျိုးအစားများစွာကိုလည်း ဝန်ဆောင်မှုပေးနိုင်ခဲ့ပါသည်။
AYA SOMPO အာမခံ၏ သူမတူသော အားသာချက်တစ်ခုမှာ မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်များနှင့် ဂျပန်နိုင်ငံ၏ နည်းပညာအရည်အသွေးတို့ ပေါင်းစပ်ထားခြင်းကြောင့် အာမခံဝန်ဆောင်မှုများကို မြင့်မားသော နည်းပညာအရည်အသွေးများဖြင့် ပေးစွမ်းနိုင်ပြီး မြန်မာနှင့်ဂျပန် နှစ်နိုင်ငံကြား ယဉ်ကျေးမှု နှစ်ခုကြား ယုံကြည်မှု တိုးပွားစေမည် ဖြစ်သည်။
AYA SOMPO အာမခံအနေဖြင့်လည်း နောင်လာမည့် ခရီးသစ်များကို ကျွန်ုပ်တို့၏ လူ့စွမ်းအား နည်းပညာစွမ်းအား ကြိုးစားအားထုတ်မှု စသော အားအင်အသစ်များဖြင့် အကောင်းဆုံး ရင်ဆိုင်ကျော်ဖြတ်သွားဖို့အတွက် အသင့်ဖြစ်နေပြီ ဖြစ်သည်။