Digital Services

Easy for you to access your insurance policy via our digital platform

မော်တော်ယာဉ်အာမခံထားရှိလိုပါက မည်သည့်စာရွက်စာတမ်းများလိုအပ်ပါသလဲ။

  • မော်တော်ယာဥ်အာမခံထားရှိလိုပါက အောက်ဖော်ပြပါ စာရွက်စာတမ်းများ လိုအပ်ပါသည်။
  • အဆိုပြုလွှာ အပြည့်အစုံ
  • အချက်အလက်စာရင်း အပြည့်အစုံ
  • ယာဥ်မှတ်ပုံတင်သက်​သေခံ လက်မှတ်(wheel tax)/ က.ည.န ကနဦးမှတ်ပုံတင်စာရွက်
  • ယာဉ်မောင်းလိုင်စင်
  • ယာဉ်မှတ်ပုံတင်စာအုပ်
  • အရောင်းအဝယ်စာချူပ်/ ပြေစာ
  • ကားဓာတ်ပုံ
  • အာမခံကုမ္ပဏီများအားလုံး ကောက်ခံသော ပရီမီယံနှုန်းထားသည် တူညီပါသလား။

    မော်တော်ယာဉ်အာမခံမှာ Tariff Rate ဖြင့် သတ်မှတ်ထားခြင်းဖြစ်ပါသည်။ ဆိုလိုသည်မှာ ၄င်းအကာအကွယ်အတွက် ကောက်ခံမည့် ပရီမီယံသည် အာမခံတာဝန်ရှိသူမှ ချမှတ်ထားသော ပုံသေနည်း ပေါ်တွက်ချက်ပြီး ကောက်ခံခြင်းဖြစ်သောကြောင့် အာမခံကုမ္ပဏီတိုင်း တူညီသောအကာအကွယ်အတွက် တူညီသောအခြေခံပရီမီယံနှုန်းဖြင့် ကောက်ခံခြင်းဖြစ်ပါသည်။

    လျော်ကြေးနုတ်ဖြတ်ငွေဆိုတာဘာလဲ။ ဘယ်လိုအသုံးပြုနိုင်လဲဆိုတာကို ဥပမာပေးပြီးရှင်းပြပေးပါ။

    လျော်ကြေးနုတ်ဖြတ်ငွေဆိုသည်မှာ အာမခံကုမ္ပဏီမှ လျော်ကြေး ပေးရချိန်တိုင်း အာမခံထားသူမှပေးဆောင်ရမည့် ပမာဏကို ဆိုလို ခြင်းဖြစ်ပါသည်။ ဥပမာအနေဖြင့် လျော်ကြေးပေးဆောင်မည့် ပမာဏ သည် တစ်သိန်းခြောက်သောင်းကျပ်ဆိုလျှင် ပေါ်လစီတွင် ဖော်ပြထားသော လျော်ကြေးနုတ်ဖြတ်ငွေ တစ်သိန်းကျပ်ကို အာမခံထားသူမှ ပေးဆောင် ရမည်ဖြစ်ပြီး အာမခံကုမ္ပဏီမှကျန်ငွေ ခြောက်သောင်းကျပ်ကို ပေးလျော်မည်ဖြစ်ပါသည်။ 

    လျော်ကြေးမဲ့ဆု (No Claim Bonus) ဆိုတာဘာလဲ။

    လျော်ကြေးမဲ့ဆုဆိုသည်မှာ အာမခံတာဝန်ရှိသူမှ သတ်မှတ် ထားသော စည်းမျဉ်းစည်းကမ်း နှင့်အညီ အာမခံသက်တမ်း အတွင်း လျော်ကြေးတောင်းခံခဲ့ခြင်းမရှိပါက အခြေခံပရီမီယံ ပေါ်တွင် ရာခိုင်နှုန်းအလိုက် လျော့ဈေးခံစားခွင့်ကို ဆိုလို ခြင်းဖြစ်ပါသည်။ သို့သော် အာမခံထားသူတစ်ဦးထဲမှ မော်တော်ယာဉ်ကို သက်တမ်း (၁၂) လ ဆက်တိုက်အာမခံ ထားမှသာ ခံစားခွင့်ရှိ မည်ဖြစ်ပါသည်။

    ကားပြောင်းချင်ရင် ဘာလုပ်ဖို့လိုမလဲ။

    ကားပြောင်းဖို့အတွက် Customer Service ဖုန်းနံပါတ် ၀၉ ၇၇၇ ၁၀၀ ၅၅၅ သို့ဆက်သွယ်နိုင်ပါသည် (သို့မဟုတ်) သက်ဆိုင် ရာ အရောင်းဝန်ထမ်းများသို့ ဆက်သွယ်အကြောင်းကြား နိုင်ပါသည်။ အာမခံနှင့်ပတ်သက်၍ ပြင်ဆင်ခြင်း/ပြောင်းလဲခြင်း တောင်းဆိုလွှာ ကို ဖြည့်ပေးပြီး လိုအပ်သော စာရွက်စာတမ်း များကို ပေးရန်လိုအပ်ပါသည်။ ပြန်အမ်းငွေ (သို့မဟုတ်) ထပ်ဆောင်းပရီမီယံကို သင်၏အာမခံထားငွေအသစ်အပေါ်တွင် ကောက်ခံသွားမည်ဖြစ်ပါသည်။

    လျော်ကြေးမဲ့ဆုကို မော်တော်ယာဉ်တစ်စီးမှနောက်တစ်စီးသို့ လွှဲပြောင်းနိုင်ပါသလား။

    သင့်အမည်ဖြင့် မော်တော်ယာဉ်များကိုမှတ်ပုံတင်ထားပါက လျော်ကြေးမဲ့ဆုကို မော်တော်ယာဉ်တစ်စီးမှ နောက်တစ်စီးသို့ လွှဲပြောင်းပေးနိုင်ပါသည်။ သို့သော် နောက်နှစ်လျော်ကြေးမဲ့ဆုကို အာမခံထားသူတစ်ဦးထဲမှ မော်တော်ယာဉ်ကို သက်တမ်း (၁၂) လ ဆက်တိုက်အာမခံထားရှိထားပြီး အာမခံသက်တမ်းအတွင်း လျော်ကြေးတောင်းခံခဲ့ခြင်းမရှိမှသာ ခံစားခွင့်ရရှိမည်ဖြစ်ပါသည်။ (မှတ်ချက်၊ ရရှိသော လျော်ကြေးမဲ့ဆုကို မော်တော်ယာဉ် တစ်စီးထက်ပို၍ အသုံးပြုခွင့်မရှိပါ။)

    ကားအာမခံထားချင်ရင် ဘယ်လောက်နဲ့ထားရမလဲ။

    ဈေးကွက်ပေါက်ဈေးပေါ်မူတည်ပြီး အာမခံထားရှိနိုင်ပါသည်။ အာမခံထားရှိလိုသော ကားတန်ဖိုးအား သိရှိလိုပါက ကားအရောင်းတာဝန်ခံ (သို့မဟုတ်) ကားအရောင်းပြခန်းတွင်လည်း မေးမြန်းနိုင်ပါသည်။

    ပိုမိုကောင်းမွန်လာခြင်း အပိုအကာအကွယ် (Betterment) ဆိုတာဘာလဲ။

    အကယ်၍ သင်၏ မော်တော်ယာဉ်သည် အစားထိုးပစ္စည်းများဖြင့် ပြုပြင်ရာတွင် ပစ္စည်းသစ်များ သုံးစွဲရပါက သင်၏ မော်တော် ယာဉ်သည် ပျက်စီးမှုမဖြစ်မီက ရှိခဲ့သော အခြေအနေထက် ပိုမို ကောင်းမွန်သွားမည်ဖြစ်ပါသည်။ စက်ပစ္စည်းအသစ် ထည့်ဝင်ခြင်းကြောင့် ပိုမိုကောင်းလာသော တန်ဖိုးအတွက် ကျသင့်သည့် အချိုးကျ စရိတ်ကို အာမခံထားသူဘက်မှ ပူးပေါင်းကျခံရန်လိုအပ်ပါသည်။ No Betterment အပိုအကာအကွယ် ဝယ်ယူထားခြင်းဖြင့် ပိုမိုကောင်းလာသော တန်ဖိုးအတွက် ကျသင့်သည့်စရိတ်ကို အာမခံကုမ္ပဏီမှသာ ကျခံပေးမည်ဖြစ်ပါသည်။

    ပေါ်လစီ ပယ်ဖျက်ချင်ရင် ဘာလုပ်ဖို့လိုမလဲ။

    ပေါ်လစီ ပယ်ဖျက်ခြင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ Customer Service ဖုန်းနံပါတ် ၀၉ ၇၇၇ ၁၀၀ ၅၅၅ သို့ဆက်သွယ်နိုင်ပါသည် (သို့မဟုတ်) သက်ဆိုင်ရာ အရောင်းဝန်ထမ်းများသို့ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။ အာမခံနှင့်ပတ်သက်၍ ဖျက်သိမ်းခြင်း တောင်းဆိုလွှာ ဖြည့်ပေးရန်လိုအပ်ပါသည်။ ကျန်ရှိနေသော အာမခံ သက်တမ်းပေါ်မူတည်ပြီး ပရီမီယံကို ပြန်အမ်းပေးသွားမည်ဖြစ်ပါသည်။

    ထပ်ဆောင်းနုတ်ဖြတ်ငွေဆိုတာဘာလဲ။

    လျော်ကြေးတောင်းခံမှု ဖြစ်ပွားချိန်တွင် ထပ်ဆောင်းနုတ်ဖြတ်ငွေ ပမာဏကို အာမခံထားသူဘက်မှ ကျခံခြင်းဖြင့် ပရီမီယံ သက်သာခွင့် ရရှိနိုင်မည်ဖြစ်ပါသည်။