Digital Services

Easy for you to access your insurance policy via our digital platform

၁။ ငွေသားလုံခြုံမှုအာမခံထားရန် မည်သည့်စာရွက်စာတမ်းများ လိုအပ်ပါသလဲ။

ဖြေ။    ၁။ အဆိုပြုလွှာ

၂။ ငွေသွင်းငွေထုတ်လယ်ဂျာစာရင်း

၃။ ငွေကိုင် ၂ ဦး၏နာမည်နှင့် မှတ်ပုံတင်မိတ္တူတို့ လိုအပ်ပါတယ်။

၂။ ငွေသားလုံခြုံမှုအာမခံအတွက် (၁)နှစ်စာ ပရီမီယံကြေး ဘယ်လောက်ပေးသွင်းရမလဲ။

ဖြေ။ ပရီမီယံကြေးမှာ အာမခံထားငွေ၏

ပုဂ္ဂလိကဘဏ်များ  –   ၀.၂%

ပုဂ္ဂလိကလုပ်ငန်းအဖွဲ့အစည်းများ  –  ၁%

၃။ မည်သည့်အချိန်တွင် အာမခံအကာအကွယ် စတင်ပါသလဲ။

ဖြေ။ ပရီမီယံကြေးပေးသွင်းသည့် အချိန်မှ စတင်၍ အကာအကွယ် စတင်ပါသည်။

၄။ ငွေသားလုံခြုံမှုအာမခံက ဘယ်လိုဆုံးရှုံးမှုများကို အကာအကွယ်ပေးပါသလဲ။

ဖြေ။ သိမ်းဆည်းထားသည့် ငွေများကို ဖောက်ထွင်းခိုးယူခံရခြင်း၊ လက်နက်ဖြင့် ခြိမ်းခြောက်၍ လုယူခံရခြင်းများအန္တရာယ်မှ အကာအကွယ်ပေးပါတယ်။

၅။  ငွေသားလုံခြုံမှုအာမခံတွင် အာမခံသက်တမ်း မည်မျှထားခွင့်ရှိပါသလဲ။

ဖြေ။ အာမခံသက်တမ်း အနည်းဆုံး (၁) ရက် မှ အများဆုံး တစ်နှစ်အထိ ထားရှိနိုင်ပါတယ်။