Digital Services

Easy for you to access your insurance policy via our digital platform

ကိုယ်အင်္ဂါထိခိုက်မှုအာမခံဝယ်ရန် မည်သည့်စာရွက်စာတမ်းများ လိုအပ်ပါသလဲ။

ကိုယ်အင်္ဂါထိခိုက်မှုအာမခံဝယ်ရန် အောက်ဖော်ပြပါ စာရွက်စာတမ်းများလိုအပ်ပါသည်။
- ပြည့်စုံစွာ ဖြည့်စွက်ထားသော အဆိုပြုလွှာ
- နားလည်သဘောပေါက်၍ သဘောတူလက်မှတ်ထိုးထားသော သိကောင်းစရာစာရွက်
- မှတ်ပုံတင်မိတ္တူ (တစ်ဦးချင်းအာမခံထားသူ)
- ကုမ္ပဏီမှတ်ပုံတင်နှင့် ရှယ်ယာဝင်အချက်အလက်မိတ္တူ (ကုမ္ပဏီမှ အာမခံထားပေးပါက)

ကိုယ်အင်္ဂါထိခိုက်မှုအာမခံ၏ အာမခံကြေးနှုန်းထားကို မည်သို့သတ်မှတ်ပါသလဲ။

ကိုယ်အင်္ဂါထိခိုက်မှုအာမခံ၏ အာမခံကြေးနှုန်းထားသည် -
- စုစုပေါင်းအာမခံထားငွေ
- အလုပ်အကိုင်အမျိုးအစား
- အာမခံစာချုပ်သက်တမ်းအပေါ် မူတည်၍ သတ်မှတ်ပါသည်။