Digital Services

Easy for you to access your insurance policy via our digital platform

ကုန်စည်အာမခံထားဖို့ ဘာတွေ လိုအပ်မလဲ။

  • အဆိုပြုလွှာ အပြည့်အစုံ
  • အချက်အလက်စာရင်း အပြည့်အစုံ
  • ကုမ္ပဏီမှတ်ပုံတင်လိုင်စင်မိတ္တူနှင့် အစုရှယ်ယာဝင်အချက်အလက် (ကုမ္ပဏီများအတွက်သာ)
  • ပြေစာ/ ယာဉ်ပေါ်ပါကုန်ပစ္စည်းစာရင်း/ ကုန်သွယ်လုပ်ငန်းပြေစာ/ ပိုင်ဆိုင်ကြောင်းသက်သေအထောက်အထား
  • ရေယာဉ်မှတ်ပုံတင်လိုင်စင်
  • သယ်ယူပို့ဆောင်ခွင့်လိုင်စင်
  • ရေကြောင်းကုန်စည်အာမခံမှာ ဘယ်လိုကုန်ပစ္စည်းတွေကို အာမခံထားနိုင်မလဲ။

  • အထွေထွေ ကုန်ပစ္စည်းအာမခံ
  • မီးလောင်လွယ်သော ကုန်ပစ္စည်းများ (ဒီဇယ်ဆီ၊ ဓါတ်ဆီ၊ ဓါတ်ငွေ့ စသည့်ဖြင့်)အာမခံထားရှိနိုင်ပါတယ်။
  • ရေကြောင်းကုန်စည်အာမခံမှာ ဘယ်လိုအကာအကွယ်တွေ‌ ပေးမှာလဲ။

    အလုံးစုံ ဆုံးရှုံးခြင်း (ICC-C )1.1.82 အတွက်သာ အကာအကွယ်ပေးမှာ ဖြစ်ပါတယ်။

    မည်သည့်အချိန်မှ စတင်ပြီး အာမခံသက်တမ်း အကျုံးဝင်ပါသလဲ။

    ရေကြောင်းကုန်စည်အာမခံပေါ်လစီသည် ခရီးစဉ်တစ်ကြောင်းစာအတွက်သာ အကျုံးဝင်ပါသည်။ စတင်ထွက်ခွာချိန်မှ ဆိုက်ရောက်သည့်နေရာအထိ သွားနေစဉ်ကာလအတွင်း အာမခံအကျုံးဝင်ပါသည်။ (ကုန်ပစ္စည်းအတင်အချတွင် ဖြစ်ပေါ်သော ဆုံးရှံးမှုများအတွက် အကာအကွယ်မရရှိနိုင်ပါ)

    စတင်ထွက်ခွာချိန်မတိုင်မီ အပြောင်းအလဲတစ်စုံတရာ ပေါ်ပေါက်ပါက ဘယ်လိုလုပ်ဆောင်ရမလဲ။

    အပြောင်းအလဲတစ်စုံတရာအတွက် Customer Service ဖုန်းနံပါတ် ၀၉-၇၇၇ ၁၀၀ ၅၅၅ သို့ဆက်သွယ်နိုင်ပါသည် (သို့မဟုတ်) သက်ဆိုင်ရာ အရောင်းဝန်ထမ်းထံ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။ Customer ဘက်မှ အာမခံနှင့်ပတ်သက်ပြီး ပြင်ဆင်ခြင်း/ ပြောင်းလဲခြင်းတောင်းဆိုလွှာ ကို ဖြည့်ပေးပြီး လိုအပ်သောစာရွက်စာတမ်းများကို ပေးရန်လိုအပ်ပါသည်။