Digital Services

Easy for you to access your insurance policy via our digital platform

စက်မှုလုပ်ငန်းအလုံးစုံအန္တရာယ်အာမခံဆိုသည်မှာ အဘယ်နည်း။

စက်မှုလုပ်ငန်းအလုံးစုံအန္တရာယ်အာမခံသည် မီးအာမခံတွင် ဖော်ပြထားသော အန္တရာယ်များသာမက မီးအာမခံတွင် မပါဝင်သော မတော်တဆထိခိုက်ပျက်စီးမှုများကိုပါ အကာအကွယ်ပေးပါသည်။ အာမခံစာချုပ်တွင် ထည့်သွင်းမထားသော အန္တရာယ်များမှအပ မျှော်မှန်းမရသောအန္တရာယ်အလုံးစုံကို အကာအကွယ်ပေးပါသည်။

မည်သည်ကို အာမခံထားနိုင်သနည်း။

အဆောက်အဦး၊ စက်ပစ္စည်း၊ ပရိဘောဂနှင့် ပရဝုဏ်အတွင်းရှိ ကုန်ပစ္စည်းများကို အာမခံထားနိုင်ပါသည်။

သာမန်မီးအာမခံနှင့် စက်မှုလုပ်ငန်းအလုံးစုံအန္တရာယ်အာမခံ၏ ကွာခြားချက်ကို ပြောပါ။ 

မီးအာမခံသည် မတော်တဆမီး၊ ကူးစက်မီး၊ မိုးကြိုးပစ်၍မီးလောင်ခြင်းနှင့် အိမ်သုံးဓာတ်ငွေ့ယိုစိမ့်ပေါက်ကွဲမှုကို အကာအကွယ်ပေးပါသည်။   စက်မှုလုပ်ငန်းအလုံးစုံအန္တရာယ်အာမခံသည် အာမခံစာချုပ်တွင် မပါဝင်သည့် အန္တရာယ်များမှအပ အလုံးစုံသောအန္တရာယ်များကို အကာအကွယ်ပေးပါတယ်။

စက်မှုလုပ်ငန်းကြီးပိုင်သူများအနေနှင့် စက်မှုလုပ်ငန်းအလုံးစုံအန္တရာယ်အာမခံကို ဘာကြောင့် မဖြစ်မနေ ဝယ်ယူသင့်သလဲ။