Digital Services

Easy for you to access your insurance policy via our digital platform

ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအာမခံထားဖို့ ဘာစာရွက်စာတမ်းတွေ လိုအပ်မလဲ။

ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအာမခံထားရန် အောက်ဖော်ပြပါ စာရွက်စာတမ်းများ လိုအပ်ပါသည်။
  • အဆိုပြုလွှာ အပြည့်အစုံ
  • အချက်အလက်စာရင်း အပြည့်အစုံ
  • ကုမ္ပဏီမှတ်ပုံတင်လိုင်စင်မိတ္တူနှင့် အစုရှယ်ယာဝင်အချက်အလက် (ကုမ္ပဏီများအတွက်သာ)
  • ပြေစာ/ ယာဉ်ပေါ်ပါကုန်ပစ္စည်းစာရင်း/ ကုန်သွယ်လုပ်ငန်းပြေစာ/ ပိုင်ဆိုင်ကြောင်းသက်သေအထောက်အထား
  • ယာဉ်မှတ်ပုံတင်လိုင်စင်
  • သယ်ယူပို့ဆောင်ခွင့်လိုင်စင်
  • ယာဉ်မောင်းလိုင်စင်
  • ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအာမခံမှာ ဘယ်လိုကုန်ပစ္စည်းတွေကို အာမခံထားနိုင်မလဲ။

    အထွေထွေကုန်ပစ္စည်းများ၊ မီးလောင်လွယ်သော ကုန်ပစ္စည်းများ (ဒီဇယ်ဆီ၊ ဓါတ်ဆီ၊ ဓါတ်ငွေ့ စသည့်ဖြင့်) နှင့် ကွဲရှလွယ်သော ကုန်ပစ္စည်းများကို အာမခံထားရှိနိုင်ပါသည်။

    မည်သည့်အချိန်မှ စတင်ပြီး အာမခံသက်တမ်း အကျုံးဝင်ပါသလဲ။

    ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအာမခံသည် ခရီးစဉ်တစ်ကြောင်းစာအတွက်သာ အကျုံးဝင်ပါသည်။ စတင်ထွက်ခွာချိန်မှ ဆိုက်ရောက်သည့်နေရာအထိ သွားနေစဉ်ကာလအတွင်း အာမခံအကျုံးဝင်ပါသည်။ (ကုန်ပစ္စည်းအတင်အချတွင် ဖြစ်ပေါ်သော ဆုံးရှံးမှုများအတွက် အကာအကွယ်မရရှိနိုင်ပါ)

    စတင်ထွက်ခွာချိန်မတိုင်မီ အပြောင်းအလဲတစ်စုံတစ်ရာပေါ်ပေါက်ပါက ဘယ်လိုလုပ်ဆောင်ရမလဲ။

    အပြောင်းအလဲတစ်စုံတစ်ရာအတွက် Customer Service ဖုန်းနံပါတ် ၀၉-၇၇၇ ၁၀၀ ၅၅၅ သို့ဆက်သွယ်နိုင်ပါသည် (သို့မဟုတ်) သက်ဆိုင်ရာ အရောင်းဝန်ထမ်းထံ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။ Customer ဘက်မှ အာမခံနှင့်ပတ်သက်ပြီး ပြင်ဆင်ခြင်း/ ပြောင်းလဲခြင်းတောင်းဆိုလွှာ ကို ဖြည့်ပေးပြီး လိုအပ်သောစာရွက်စာတမ်းများကို ပေးရန်လိုအပ်ပါသည်။