Digital Services

Easy for you to access your insurance policy via our digital platform

အောက်ဖော်ပြပါ အချက်များမှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ဖြစ်ပေါ်လာသော ထိခိုက်ဆုံးရှုံးမှုများအတွက် လျော်ကြေးအကျုံးမဝင်ပါ။ 

၁။ နဂိုရှိရင်းစွဲ ရောဂါလက္ခဏာများ

၂။ ကိုယ့်ကိုယ်ကိုသတ်သေခြင်း၊ သတ်သေရန်ကြိုးစားခြင်း၊ ရည်ရွယ်ချက်ရှိရှိမိမိကိုယ်ကိုအနာတရဖြစ်အောင်လုပ်ခြင်း

၃။ ဆေးသုံးစွဲခြင်း၊ အရက်၊ မူးယစ်ဆေးသုံးစွဲမှုကြောင့် ဖြစ်ပေါ်သော ဆိုးကျိုးများ

၄။ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ AIDS (သို့) ARC၊ HIV စသော ရောဂါများကြောင့် ထိခိုက်မှုများ

၅။ မတော်တဆထိခိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် ကိုယ်ဝန်ပျက်ကျခြင်းမှလွဲ၍ ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးမွေးဖွားခြင်း (ခွဲစိတ်မွေးဖွားခြင်း) ကိုယ်ဝန်ဖျက်ချခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်းနှင့်  ၎င်းကိစ္စရပ်များနှင့် ဆက်စပ်သည့် ထိခိုက်ဆုံးရှုံးမှုများ

၆။ ဆရာဝန်၏ လမ်းညွှန်ချက်များနှင့်အညီ ဆန့်ကျင်၍ ခရီးသွားခြင်း

၇။ ဆေးကုသမှုခံယူရန် နှင့် ဆေးစစ်ဆေးရန်အတွက် ခရီးသွားခြင်း

၈။ စိတ်ပိုင်းဆိုင်ရာ ရောဂါများဖြစ်သည့် စိတ်မတည်ငြိမ်မှု၊ စိတ်ဓာတ်ကျမှု၊ စိတ်ကစဥ့်ကလျားဖြစ်မှု စသည့် လက္ခဏာများ

၉။ နိုင်ငံအားကစားပွဲများတွင် အားကစား (သို့) ဂိမ်းများတွင် ပါဝင်ယှဥ်ပြိုင်ခြင်းများ

၁၀။ မြင်းစီးပြိုင်ပွဲ၊ မော်တော်ကားပြိုင်ပွဲ၊ တောင်တက်ခြင်း၊ ကျောက်တောင်တက်ခြင်း၊ တွင်းတူခြင်း၊ လေထဲခုန်ချခြင်း၊ လေထီးခုန်ခြင်း၊ ရေငုပ်ခြင်း၊ အမြင့်ခုန်ခြင်း၊ အမြင့်ဒိုင်ဗင်ထိုးခြင်း နှင့် လေပူဖောင်းစီးခြင်းစသည့် အန္တရာယ်ရှိ အားကစားနည်းများမှ ဖြစ်ပေါ်လာသော ထိခိုက်မှုများ

၁၁။ တရားမဝင်သော လုပ်ဆောင်ချက်များ

၁၂။ သယ်ယူပို့ဆောင်စဉ် ဌားရမ်းထားသော (သို့) တင်ဆောင်ထားသော ပစ္စည်းကိရိယာများ ပျက်စီးဆုံးရှုံးခြင်း

၁၃။ ပြည်ပလုပ်ငန်းနှင့် ဆက်စပ်သည့် ကုန်သွယ်ခြင်း အလုပ်အကိုင်များ

၁၄။ စစ်ပွဲ၊ ကျူးကျော်ခြင်း၊ တစ်ဖက်နိုင်ငံမှ ကျူးကျော်ဝင်ရောက်ခြင်း၊ ပြည်တွင်းစစ်၊ ပုန်ကန်မှု၊ တော်လှန်ရေး၊ ဆန္ဒပြမှု၊ အဓိကရုဏ်း၊ သပိတ်မှောက်မှုများ

၁၅။ နျူကလီးယားလောင်စာများ (သို့) ရေဒီယိုသတ္တိကြွ စွန့်ပစ်ပစ္စည်းများမှ ဓာတ်ရောင်ခြည် (သို့) ညစ်ညမ်းပျက်စီးမှုများ

၁၆။ အထက်ဖော်ပြပါ အကြောင်းအရာများ၏ နောက်ဆက်တွဲ ပျက်စီးဆုံးရှုံးမှုများ