Digital Services

Easy for you to access your insurance policy via our digital platform

နိုင်ငံတကာတွင် ကျင့်သုံးနေသော ရေယာဉ်ကိုယ်ထည်အာမခံလုပ်ငန်း လုပ်ထုံးလုပ်နည်းများ နှင့်အညီ အမှန်တကယ်လုံးဝဆုံးရှုံးမှု အကာအကွယ် (Actual Total Loss) နှင့် အလုံးစုံအကာအကွယ် (All Risk) နှစ်မျိုးစလုံးအတွက် အောက်ပါအကာအကွယ် များကို ရရှိမည်ဖြစ်ပါသည်။ မြစ်ကြောင်း၊ ပင်လယ် သမုဒ္ဒရာတွင်းဖြစ်သော သဘာဝဘေးအန္တရာယ်များဖြစ်သည့်

• မီးလောင်ခြင်း၊ ပေါက်ကွဲခြင်း

• သင်္ဘောပြင်ပမှ အဓမ္မခိုးယူခြင်း

• သင်္ဘောအပေါ်မှပစ်ချခြင်း

• ပင်လယ်ဓားပြ

• နျူကလီးယားအဆောက်အဦး (သို့မဟုတ်) အနုမြူဓာတ်ပေါင်းဖို မတော်တဆချို့ယွင်းပျက်စီးမှု

• လေယာဉ်သို့မဟုတ် အလားတူအရာများနှင့်ထိခိုက်မိခြင်း၊ အပေါ်မှကျလာသောအရာများ နှင့် ထိခိုက်မိခြင်း၊ သင်္ဘောကျင်း သို့မဟုတ် ဆိပ်ကမ်းမှပစ္စည်းကိရိယာများနှင့် တိုက်မိခြင်း

• ငလျင်လှုပ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ ပေါက်ကွဲခြင်း

• ကုန်တင်ကုန်ချခြင်း၊ ကုန်များပြောင်းရာ၌ ထိခိုက်ခြင်းကြောင့် ပျက်စီးခြင်း

• ဘွိုင်လာများပေါက်ကွဲခြင်း၊ ကျိုးကျခြင်းနှင့် စက်နှင့် ရေယာဉ်ကိုယ်ထည်တွင် တည်ဆောက်မှု မှားယွင်းခြင်းကြောင့် ပျက်စီးခြင်း

• သင်္ဘောသား၊ ကပ္ပတိန်နှင့် အရာရှိများ၏ ပေါ့ဆမှားယွင်းမှုကြောင့် ပျက်စီးခြင်း

• ငှားရမ်းအသုံးပြုသူများ (သို့) ပြင်ဆင်သူများ၏ ပေါ့ဆမှုကြောင့် ပျက်စီးမှုများ

• သင်္ဘောအရာရှိ၊ သင်္ဘောသားများ ပုန်ကန်ခြင်းကြောင့်ဖြစ်စေ၊  သင်္ဘောအပိုင်စီးမှုများ ကြောင့်ဖြစ်စေ ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှံးမှုများ

အားလုံးသော အကြောင်းအရာများတွင် သင်္ဘောပိုင်ရှင်၏ပေါ့ဆမှု မပါစေရ။