Digital Services

Easy for you to access your insurance policy via our digital platform

၁။ ဆေးကုသမှုခံယူနေခြင်း၊ ဆေးကုသရန်ဆရာဝန်၏ ထောက်ခံချက်ကို ရရှိထားခြင်း၊ ရောဂါလက္ခဏာရှိပြီးသား ဖြစ်နေခြင်း။

၂။ သားဖွားခြင်း၊ ဗိုက်ခွဲမွေးခြင်း၊ မီးဖွားခြင်းနှင့်ဆိုင်သော ခွဲစိတ်ကုသမှု။ သို့သော် အာမခံထားပြီးနောက် ကိုယ်ဝန်နှင့်အာမခံထားချိန်တွင် ပုံမှန်ဖြစ်နေသော ကိုယ်ဝန်ကြောင့်ဖြစ်လာသည့်တွဲဖက်ရောဂါများ(ကိုယ်ဝန်ဆိပ်သင့်ခြင်း၊ ကိုယ်ဝန်ဆောင်သွေးတိုးရောဂါ၊ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ စသည်တို့) ကြောင့် ဆေးရုံတက်ခြင်းနှင့်ခွဲစိတ်ကုသခြင်းသည် အကျိုးခံစားခွင့်ပေးရန်အကျုံးဝင်သည်။ ထို့ပြင် ကိုယ်ဝန်ပျက်ကျခြင်းသည် ရွေးချယ်ထားသည့် အာမခံအကာအကွယ် (၁) ကို ဝယ်ယူထားပါက အကျိုးခံစားခွင့်ပေးချေရန် အကျုံးဝင်သည်။

၃။ စိတ်ပေါ့သွပ်ခြင်း၊ စိတ်ရောဂါဝေဒနာများကြောင့်ဖြစ်ခြင်း

၄။ ကျန်းမာရေး ဆေးစစ်ရန်နှင့် အနားယူအားမွေးရန်ဆေးရုံတက်ခြင်း

၅။ သားသမီးရလိုမှုဖြင့်ဆေးရုံတက်ခြင်းနှင့်ခွဲစိတ်ကုသခြင်း

၆။ မတော်တဆထိခိုက်ဒဏ်ရာရခြင်းမှအပ ဖြစ်သော သွားနှင့်ပတ်သတ်သည့်ကုသမှုအတွက်ဖြစ်ခြင်း

၇။ မတော်တဆထိခိုက်ဒဏ်ရာရခြင်းမှအပ ဖြစ်သော မျက်မှန်အပါအဝင် မျက်စိစမ်းသပ်ခြင်း၊ အမြင်သွေဖယ်ခြင်း၊ မျက်စိကုသခြင်း၊ အမြင်အာရုံ ကောင်းမွန်လာအောင် ပြုပြင်ရန်အတွက်ဖြစ်ခြင်း

၈။ အလှအပ အတွက်ဖြစ်ခြင်း၊

၉။ နားကြားကိရိယာတပ်ဆင်ရန်အတွက်ဖြစ်ခြင်း

၁၀။ ကိုယ်အင်္ဂါချို့ယွင်းခြင်း (သို့) မသန်စွမ်းခြင်း

၁၁။ မူးယစ်ဆေးဝါးသုံးစွဲခြင်း

၁၂။ ကိုယ်တိုင် ရာဇဝတ်မှုကျုးလွန်ခြင်း

၁၃။ ခုခံအား ကျဆင်းမှု ရောဂါဖြစ်ခြင်း

၁၄။ အကြမ်းဖက်ဖျက်စီးခြင်း၊ အဓိအရုဏ်း၊ စစ်နှင့်စစ်အသွင်ဖြစ်ပွါးခြင်း (စစ်ပြုခြင်းများ၊စစ်ပွဲကဲ့သို့ တိုက်ခိုက်ခြင်း၊ စစ်တပ်(သို့) အာဏာသိမ်းခြင်းနှင့် ဖော်ပြပါအဖြစ်အပျက် တစ်ခုခု၏ တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်၍ အကျိုးသက်ရောက်မှု တစ်ရပ်ရပ်ကြောင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ နီးကပ်စွာသော်လည်းကောင်း၊ ‌ဝေးလံစွာသော်လည်းကောင်း ဖြစ်ပေါ်စေသော၊ အားပေးသော၊ အခြေခံသော၊ ပေါ်ပေါက်သော မည်သည့်မတော်တဆဖြစ်ပွားခြင်း၊ ဆုံးရှုံးခြင်း၊ ပျက်စီးခြင်း)

၁၅။ ရောဂါကြောင့်ဆေးရုံတက်ရက်ပေါင်းသည် ၃ ရက်နှင့်အောက်ဖြစ်သောဆေးကုသမှုများ

၁၆။ လိမ်လည်တောင်းခံသည့် ဖြစ်ရပ်များ

၁၇။ မိမိကိုယ်ကိုသတ်သေခြင်း (သို့မဟုတ်) မိမိကိုယ်ကို ဒဏ်ရာအနာတရ ဖြစ်‌အောင်ပြုလုပ်ခြင်း