Digital Services

Easy for you to access your insurance policy via our digital platform

အာမခံကိုယ်စားလှယ်လောင်းများအတွက် အရည်အချင်းသတ်မှတ်ချက်များ

အာမခံကိုယ်စားလှယ်လောင်းတစ်ဦးသည် အောက်ဖော်ပြပါ အချက်များနှင့် ကိုက်ညီရမည်

၁။ မြန်မာနိုင်ငံတွင် အခြေချနေထိုင်သူဖြစ်ရမည်

၂။ အသက် (၁၈) နှစ်ပြည့်ပြီးသူ ဖြစ်ရမည်

၃။ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်ပြီးသူဖြစ်ရမည် သို့မဟုတ် တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်သူဖြစ်ပါက အာမခံနယ်ပယ်တွင် လုပ်သက် (၅) နှစ်ရှိသူ ဖြစ်ရမည်

၄။ လူမွဲအဖြစ် ကြေညာခြင်းခံရသူ မဖြစ်စေရ

၅။ ပြစ်မှုထင်ရှားစီရင်ခံရသူ မဖြစ်စေရ

၆။ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက် အဖွဲ့အစည်းများအား ငွေကြေးထောက်ပံ့မှုတို့တွင် ပါဝင်ပတ်သက်မှု မဖြစ်စေရ

၇။ အာမခံကိုယ်စားလှယ် သို့မဟုတ် အကျိုးဆောင်လိုင်စင် ထုတ်ပေးရန် ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း သို့မဟုတ် ရုတ်သိမ်းခြင်းခံရသူ မဖြစ်စေရ

၈။ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက အခါအားလျော်စွာထုတ်ပြန်သည့် အခြားလိုအပ်ချက်များနှင့် ကိုက်ညီရမည်

အာမခံကိုယ်စားလှယ်လိုင်စင်ရရှိရန် လိုအပ်ချက်များ
အထွေထွေအာမခံ ကိုယ်စားလှယ်လိုင်စင်အတွက် လျှောက်ထားသူတစ်ဦးသည် အောက်ပါလိုအပ်ချက်များကို ဖြည့်ဆည်းပေးရပါမည်

၁။ အာမခံကိုယ်စားလှယ် သင်တန်း သို့မဟုတ် သက်ဆိုင်ရာ အာမခံကုမ္ပဏီမှ ပို့ချသော အာမခံသင်တန်း တက်ရောက်ထားသူဖြစ်ရမည်

၂။ အာမခံကိုယ်စားလှယ်သင်တန်းမှ ပြုလုပ်သော အရည်အချင်းစစ်စာမေးပွဲကို အောင်မြင်ပြီးသူ ဖြစ်ရမည်

၃။ အာမခံကိုယ်စားလှယ်လိုင်စင်ထုတ်ပေးရန်အတွက် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ထံမှ ခွင့်ပြုချက်ရယူရမည်

ကော်ပိုရိတ်အာမခံကိုယ်စားလှယ်လောင်းများအတွက် အရည်အချင်းသတ်မှတ်ချက်များ

ကော်ပိုရိတ် အာမခံကိုယ်စားလှယ်သည် အောက်ပါအရည်အချင်းသတ်မှတ်ချက်များကို ဖြည့်ဆည်းပေးရပါမည်

၁။ ကော်ပိုရိတ်အာမခံကိုယ်စားလှယ်မှ လုပ်ငန်းဆောင်ရွက်ရာတွင် ပါဝင်ပတ်သက်သူတိုင်းသည် တရားဝင်အာမခံ ကိုယ်စားလှယ်လိုင်စင်များ ရှိရမည်

၂။ ကော်ပိုရိတ်အာမခံကိုယ်စားလှယ်အဖြစ် စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန် ရည်ရွယ်ထားသည့် ငွေရေးကြေးရေး အဖွဲ့အစည်းတစ်ခုတွင် တရားဝင်အာမခံလိုင်စင်ရှိသူ အနည်းဆုံး သုံးဦးပါဝင်ရမည်

၃။ အာမခံလုပ်ငန်း ဥပဒေ၊ သက်ဆိုင်ရာ စည်းမျဉ်းများ၊ ညွှန်ကြားချက်များ သို့မဟုတ် အခြား တည်ဆဲ ဥပဒေများအရ ချမှတ်ထားသော ညွှန်ကြားချက်များကို လိုက်နာမှုမရှိခြင်း မရှိစေရ

၄။ ကော်ပိုရိတ်အာမခံကိုယ်စားလှယ်ထံရှိ မည်သည့်ဝန်ထမ်းများမဆို အခြားအာမခံလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရပါ

၅။ ကော်ပိုရိတ်အာမခံကိုယ်စားလှယ်သည် ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ တောင်းခံသော အခြားလိုအပ်ချက်များကို အချိန်နှင့်တပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးရမည်

ကော်ပိုရိတ်အာမခံကိုယ်စားလှယ်လိုင်စင်ရရှိရန် လိုအပ်ချက်များ
အာမခံကိုယ်စားလှယ်လိုင်စင်လျှောက်ထားရန် အောက်ဖော်ပြပါအချက်များကို တင်ပြရန် လိုအပ်ပါသည်

၁။ မှတ်ပုံတင်ထားသော ကုမ္ပဏီအမည်နှင့် လျှောက်ထားသည့် နေ့စွဲ (ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးသည့် ကုမ္ပဏီမှတ်ပုံတင်အထောက်အထား)

၂။ ရုံးချုပ်လိပ်စာနှင့် တာဝန်ခံ အာမခံကိုယ်စားလှယ်အမည်

၃။ ဒါရိုက်တာဘုတ်အဖွဲ့ဝင်များ၏ အသေးစိတ်အချက်အလက်များ

၄။ ကုမ္ပဏီအသင်းအဖွဲ့စည်းမျဉ်း

၅။ အာမခံကိုယ်စားလှယ်စာရင်းနှင့် လိုင်စင်ကဒ်မိတ္တူများ

၆။ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ တောင်းခံသော အခြားလိုအပ်ချက်များ

၇။ အနည်းဆုံး မတည်ငွေ ကျပ် ၁၅,၀၀၀,၀၀၀