Digital Services

Easy for you to access your insurance policy via our digital platform

ကျန်းမာရေးအာမခံဝယ်ယူရန် မည်သည့် စာရွက်စာတမ်းများလိုအပ်ပါသလဲ။

  • ပြည့်စုံအောင်ဖြည့်ထားသော အဆိုပြုလွှာ
  • ဆေးစာအုပ်/ ဆေးစစ်ချက်
  • မှတ်ပုံတင်မိတ္တူ (တစ်ဦးချင်းအာမခံထားသူဖြစ်ပါက)
  • ကုမ္ပဏီမှတ်ပုံတင်နှင့် ရှယ်ယာဝင် အချက်အလက်မိတ္တူ (ကုမ္ပဏီဖြစ်ပါက)

ကျန်းမာရေးအာမခံအတွက် ဆေးစစ်မှုခံယူရန် လိုအပ်ပါသလား။

အာမခံထားသူမှ တင်ပြထားသော အဆိုပြုလွှာရှိ ကျန်းမာရေးအချက်အလက်များ အပေါ် မူတည်၍ လိုအပ်နိုင်ပါသည်။

လျော်ကြေးအကျုံးမဝင်သော ကုန်ကျစရိတ်များအတွက် မည်သူက ပေးဆောင်ရမည်နည်း။

အာမခံထားသူမှ ကိုယ်တိုင်ပေးဆောင်ရပါမည်။

မီးဖွားခြင်းစောင့်ရှောက်မှုအတွက် စောင့်ဆိုင်းကာလဆိုသည်မှာအဘယ်နည်း။

အာမခံပေါ်လစီတွင်ပါဝင်သူ၏ ခန့်မှန်းထားသည့် မွေးဖွားရက်စွဲသည် ပေါ်လစီ ကနဦး စတင်အကျုံးဝင်သည့်နေ့မှ အနည်းဆုံး စောင့်ဆိုင်းကာလ ၁၀ လ နောက်ပိုင်းတွင် ဖြစ်မှသာ သားဖွားစောင့်ရှောက်မှု အကာအကွယ်အတွက် ပေါ်လစီ၏ အများဆုံးအကျိုးခံစားခွင့်ထိ ပေးလျော်မည် ဖြစ်သည်။

ကျန်းမာရေးဆုကြေး (Health Bonus) ဆိုတာဘာလဲ။

ယခင်နှစ်သက်တမ်းတွင် အာမခံအကျိုးခံစားခွင့် တောင်းခံခဲ့ခြင်းမရှိပါက ပထမဆုံး ‌ပေါ်လစီသက်တမ်းတိုးသည့်နှစ်တွင် သက်တမ်းတိုးပရီမီယံ၏ ၁၀ ရာခိုင်နှုန်းထိ၊ ဒုတိယသက်တမ်းတိုးနှစ်မှစ၍ ၅ ရာခိုင်နှုန်းထိ ပရီမီယံ သက်သာခွင့်အား ကျန်းမာရေးဆုကြေးအနေဖြင့် ပေးအပ်မည် ဖြစ်ပါသည်။