ငွေကြေးကို တာဝန်ယူထိန်းသိမ်းရန် တာဝန်ပေးအပ်ခြင်းခံရသူကြောင့် ငွေကြေးပျောက်ဆုံးခြင်း၊ အလွဲသုံးစားပြုခံရခြင်းများ ဖြစ်ပွားသည့်အခါ နစ်နာဆုံးရှုံးမှုများကို ရင်းစားပြန်လည်ရရှိရန်အတွက် သမာဓိအာမခံကို ထားရှိနိုင်ပါသည်။

“သမာဓိ” ဆိုသည်မှာ တာဝန်တစ်ခုကို မဖောက်မယွင်း ထမ်းဆောင်ခြင်းပင် ဖြစ်သည်။ ငွေကြေးကိုင်ဆောင်သူ၏ ပျက်ကွက်မှု၊ ပေါ့လျော့မှု၊ လစ်ဟင်းမှု၊ လိမ်လည်ကောက်ကျစ်မှု၊ အကျင့်သိက္ခာပျက်ပြားမှု၊ မရိုးသားမှုတို့ကြောင့် လုပ်ငန်းပိုင်ရှင်များ၏ငွေကြေးဆုံးရှုံးမှုကို အကာအကွယ်ပေးပါသည်။

အာမခံသက်တမ်း

အာမခံသက်တမ်းမှာ (၁)နှစ် ဖြစ်ပါသည်။