Digital Services

Easy for you to access your insurance policy via our digital platform

၁။ ရေယာဉ်ကိုယ်ထည်အာမခံ အမျိုးအစား ဘယ်နှစ်မျိုးရှိပါသလဲ။

ဖြေ။   (၁) သံကိုယ်ထည်

(၂) သစ်သားကိုယ်ထည်

၂။ ရေယာဉ်ကိုယ်ထည် အာမခံပရီမီယံနှုန်းထားများ သိနိုင်ပါသလား။

သံကိုယ်ထည်ပရီမီယံနှုန်းထားများ (အလုံးစုံအကာအကွယ်)
စဉ်ရေယာဉ်အမျိုးအစားကုန်ပစ္စည်းအမျိုးအစားတစ်နှစ်အတွက် ပရီမီယံနှုန်းများ
မြစ်တွင်းသွားအထွေထွေကုန်တင်၂.၀%
လောင်စာဆီတင်၂.၄%
ကမ်းရိုးတန်းသွားအထွေထွေကုန်တင်၂.၄%
လောင်စာဆီတင်၃.၀%
သံကိုယ်ထည်ပရီမီယံနှုန်းထားများ (လုံးဝဆုံးရှံးမှု အကာအကွယ်)
စဉ်ရေယာဉ်အမျိုးအစားကုန်ပစ္စည်းအမျိုးအစားတစ်နှစ်အတွက် ပရီမီယံနှုန်းများ
မြစ်တွင်းသွားအထွေထွေကုန်တင်၁.၀%
လောင်စာဆီတင်၁.၂%
ကမ်းရိုးတန်းသွားအထွေထွေကုန်တင်၁.၄%
လောင်စာဆီတင်၁.၆%
သစ်သားကိုယ်ထည်ပရီမီယံနှုန်းထားများ (လုံးဝဆုံးရှံးမှု အကာအကွယ်)
စဉ်ရေယာဉ်အမျိုးအစားကုန်ပစ္စည်းအမျိုးအစားတစ်နှစ်အတွက် ပရီမီယံနှုန်းများ
ကမ်းရိုးတန်းသွားအထွေထွေကုန်တင်၂.၀%
ငါးဖမ်း၂.၀%

၃။ ရေယာဉ်ကိုယ်ထည်အာမခံအတွက် သက်တမ်းတိုနှုန်းဖြင့် အာမခံထားလို့ရနိုင်ပါသလား။ ဥပမာ (၃)လ သို့ (၆)လ ။

ဖြေ။ သက်တမ်းတိုနှုန်းဖြင့် လက်ခံဆောင်ရွက်ပေးပါတယ်။

သက်တမ်းပရီမီယံနှုန်းပေါ်လစီအမျိုးအစား
(၁၅)ရက်အောက်တစ်နှစ်တာပရီမီယံ၏ ၁/၁၂Voyage
(၁)လသက်တမ်းတစ်နှစ်တာပရီမီယံ၏ ၂/၁၂Time
(၂)လသက်တမ်းတစ်နှစ်တာပရီမီယံ၏ ၃/၁၂Time
(၃)လသက်တမ်းတစ်နှစ်တာပရီမီယံ၏ ၄/၁၂Time
(၄)လသက်တမ်းတစ်နှစ်တာပရီမီယံ၏၅/၁၂Time
(၅)လသက်တမ်းတစ်နှစ်တာပရီမီယံ၏ ၆/၁၂Time
(၆)လသက်တမ်းတစ်နှစ်တာပရီမီယံ၏ ၇/၁၂Time
(၆)လ နှင့် အထက်တစ်နှစ်ပရီမီယံအပြည့်Time

၄။ သံကိုယ်ထည်၊ သစ်သားကိုယ်ထည်အပြင် ဖိုင်ဘာဂလပ်စ် အမျိုးအစားအား အာမခံထားလို့ရနိုင်ပါသလား။

ဖြေ။ Fiber Glass အမျိုးအစားအား သစ်သားကိုယ်ထည်နှုန်းဖြင့် အာမခံလက်ခံဆောင်ရွက်ပေးနိုင်ပါသည်။

၅။ သံကိုယ်ထည်၊ သစ်သားကိုယ်ထည်များ အာမခံထားလိုလျှင် အလုံးစုံအကာအကွယ်(All Risk Cover) ပေးပါသလား။

ဖြေ။ သံကိုယ်ထည်ရေယာဉ်များအား All Risk Cover နှင့် Total Loss Cover ပေးပြီး သစ်သားကိုယ်ထည်ရေယာဉ်များအား All Risk Cover မပေးပါ။ (Total Loss Only သာပေးပါသည်။) ပင်လယ်ရပ်ခြားသွားသော သစ်သားကိုယ်ထည်ရေယာဉ်များအား လက်ခံဆောင်ရွက်ခြင်း ခွင့်မပြုသေးပါ။ မြန်မာပြည်ရေပိုင်နက်အတွင်းသွားခြင်းများသာ လက်ခံ ဆောင်ရွက်ပေးပါသည်။

၆။ Total Loss ကို ဘယ်လိုသတ်မှတ်ထားပါသလဲ။

ဖြေ။ သစ်သားကိုယ်ထည်ရေယာဉ်တစ်စင်း မြန်မာ့ရေပိုင်နက်ထဲ၌ နစ်မြုပ်သွားခြင်း၊ မီးလောင်ပျက်စီးခြင်း စသဖြင့် ဖြစ်သည်။ ၁၀၀% ပျက်စီးဆုံးရှုံးသွားခြင်း၊ ပြန်လည်ပြင်ဆင်လို့မရခြင်း စသည့်ဖြစ်စဉ်များအား Total Loss ဟု သတ်မှတ်ပါသည်။ သို့သော် ပြန်လည်ပြင်ဆင်ရသည့် အခြေအနေ၌ ၉၀% အထက်ဖြစ်နေပြီး ပြင်ဆင်ခသည် အာမခံထားသော အာမခံတန်ဖိုးထက် များပြားနေပါက Constructive Total Loss အဖြစ်သတ်မှတ်ပြီး အာမခံတန်ဖိုး ကို အပြည့်အဝ ပေးလျော်ပါသည်။ ပေးလျော်ပြီးသောအခါ AYA SOMPO အာမခံမှ သင်္ဘောအား သိမ်းယူပါသည်။

၇။ ကိုယ်ပိုင်မဟုတ်သော သင်္ဘောများအား အာမခံထားလို့ရပါသလား။

ဖြေ။ ကိုယ်ပိုင်သင်္ဘောမဟုတ်သော်လည်း တရားဝင်အဌား အဖြစ် စာချုပ်စာတမ်းရှိပါက အာမခံထားနိုင်ပါတယ်။