Digital Services

Easy for you to access your insurance policy via our digital platform

  1. ယခင်ကတည်းက ကြိုတင်ရှိနေသော ကျန်းမာရေးအခြေအနေများ။
  2. မိမိ ကိုယ်ကိုယ်အဆုံးစီရင်ခြင်း တမင်ရည်ရွယ်၍ မိမိကိုယ်ကိုအနာတရဖြစ်စေခြင်း။
  3. အရက်သေစာနှင့် မူးယစ်ဆေး၀ါးသုံးခြင်း။
  4. AIDS ခုခံအားကျဆင်းမှု ရောဂါ (သို့) ARC (AIDS နှင့် ဆက်စပ်၍ ဖြစ်ပေါ်သော ရောဂါများ) နှင့် HIV နှင့် ဆက်နွယ် သောရောဂါများ တိုက်ရိုက်ဖြစ်စေ သွယ်၀ှိုက်ဖြစ်စေ ဖြစ်ပေါ်စေသောရောဂါများ။
  5. ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးမွေးဖွားခြင်း (ခွဲစိတ်မွေးဖွားမှုအပါအဝင်) ၊ သန္ဓေသားဖျက်ချခြင်း၊ ကိုယ်ဝန်လျောကျခြင်းနှင့် သက်ဆိုင်ရာ ဖြစ်စဉ်များ။ ယင်းတွင် မတော်တဆမှုတစ်ခုခုမှတဆင့် တိုက်ရိုက်ခန္ဓာကိုယ် ထိခိုက်မှု ကြောင့်ဖြစ်ပေါ်လာသည့် သန္ဓေသားပျက်ကျမှု မပါဝင်ပေ။
  6. ဆရာ၀န်၏အကြုံပြုချက်အားဆန့်ကျင့်၍ ခရီးသွားလာခြင်း ၊ အရေးပေါ်မဟုတ်သည့်ရောဂါစစ်ဆေးမှုခံယူခြင်း။
  7. စိတ်ဝေဒနာ ရှိခြင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးချို့ယွင်းနေခြင်း။
  8. အားကစားပြိုင်ပွဲတစ်ခုတွင် အခကြေးငွေ ရရှိရန်ပါ၀င်ခြင်း။
  9. အန္တရာယ်ရှိသောလှုပ်ရှားမှုများပြုလုပ်ခြင်း၊ယှဥ်ပြိုင်စီးနှင်းမောင်းနှင်ခြင်း၊ကျောက်ကမ်းပါးယံပေါ်တွင် တွယ်တက်သည့်အားကစားနည်းတွင်ပါ၀င်ခြင်း၊ကောင်းကင်ယံမှဒိုင်ဗင်ထိုးချခြင်း၊မိုးပျံပူဖောင်းစီးခြင်းစသည့် လှုပ်ရှားမှုများတွင်ပါ၀င်ခြင်းတို့ကြောင့်မတော်တဆထိခိုက်ဒဏ်ရာရရှိခြင်း။
  10. အခကြေးငွေပေးသည့် ခရီးသည်အနေနှင့် ပုံမှန်အချိန်ဇယားနှင့် ပြေးဆွဲနေသည့် လေကြောင်းလိုင်းတစ်ခု (သို့ ) စင်းလုံးငှားလေယာဥ်ဖြင့် စီးနှင်းလိုက်ပါခြင်း မဟုတ်သည့် ခရီးသွားလာမှု။
  11. တရားမ၀င်ဆောင်ရွက်မှုများ၊ ဥပဒေနှင့်မညီညွတ်သောအရာများ တို့ကြောင့်တိုက်ရိုက်ဖြစ်စေ သွယ်၀ှိုက်ဖြစ်စေ ဖြစ်ပေါ်သည့်ဆုံးရှုံးမှုများ။
  12. အငှားယူအသုံးပြုသော ပစ္စည်းကိရိယာတစ်စုံတစ်ရာ ပျက်စီးခြင်း။
  13. ကုန်သွယ်သင်္ဘောပေါ်တွင် ၀န်ထမ်း (သို့) ကာယလုပ်သားအဖြစ်တာ၀န်ထမ်းဆောင်ရခြင်း၊ စစ်ဆင်ရေးတွင်တာ၀န်ထမ်းဆောင်ရခြင်း၊ သင့်အလုပ်အကိုင်၏ တာ၀န်တစ်စိတ်တစ်ပိုင်းအဖြစ်နိုင်ငံရပ်ခြားသို့ သွားရောက်တာ၀န်ထမ်းဆောင်ရခြင်း။
  14. အပျော်တမ်းမဟုတ်သည့် ရေငုပ်ခြင်း၊ ရေနံတူးခြင်း၊ သတ္တုတူးဖော်ခြင်း၊ လုပ်ငန်းများလုပ်ဆောင်ခြင်း (သို့) ပေါက်ကွဲစေနိုင်သည့် ပစ္စည်းများအားကိုင်တွယ်အသုံးပြုရခြင်း။
  15. ဝေဟင်မှလေယာဥ် (သို့) အခြားယာဥ်စီးနှင်းလိုက်ပါ၍ တိုင်းတာခြင်း အပါအ၀င် ကမ်းလွန်တပ်ဆင်မှုများ (သို့) ဆောက်လုပ်မှုများ အား တိုင်းတာတွက်ချက်ခြင်း။
  16. စစ်ပွဲ၊ ကျူးကျော်မှု၊ နိုင်ငံရပ်ခြားမှရန်သူများ၏ ရန်လိုကျူးကျော်မှု၊ ပြည်တွင်းစစ်၊ ပုန်ကန်မှု၊ တော်လှန်ရေး၊ ပုန်ကန်မှု၊ သပိတ်မှောက်မှု၊ အဓိကရုဏ်း သို့မဟုတ် လူထုလှုပ်ရှားမှု၊ အကြမ်းဖက်မှုများ။
  17. နျူကလိယား လောင်စာဆီများကြောင့် ထွက်ရှိလာသော နျူကလိယားစွန့်ပစ်ပစ္စည်းများ၏ ရေဒီယိုသတ္တိကြွမှု၊ အခြားသော အန္တရယ်ရှိသည့်ပစ္စည်းများကြောင့် အိုင်းယွန်းအသွင်ကူးပြောင်းခြင်း။
  18. နောက်ဆက်တွဲဖြစ်ပေါ်လာသော ထိခိုက်ဆုံးရှုံးမှုအမျိုးမျိုး။
  19. အကြမ်းဖက်လုပ်ငန်းစဥ်များတွင်တိုက်ရိုက်ပါ၀င်လုပ်ဆောင်မှုများ။