Digital Services

Easy for you to access your insurance policy via our digital platform

၁။ ကျန်းမာရေးအာမခံထားမယ်ဆိုရင် ဘာတွေလိုအပ်မလဲ?

ဖြေ။ အာမခံထားမည့်သူ၏ မှတ်ပုံတင်၊ Proposal ,checklist တို့လိုအပ်ပါတယ်။ (၄) ယူနစ်နှင့်အထက် ဝယ်ယူသူများ (သို့) အသက်(၅၀) အထက် အာမခံထားသူများအနေဖြင့် Medical Check-up လုပ်ရန် လိုအပ်ပါတယ်။

၂။ ကျန်းမာ‌ရေးနဲ့ ပတ်သက်၍ ရရှိနိုင်သော အာမခံအမျိုးအစား ဘယ်နှစ်မျိုး ရှိပါသလဲ။

ဖြေ။   ၁။ ကျန်းမာရေး အာမခံ

၂။ ပြင်းထန်သော ရောဂါကုသမှုအာမခံ

၃။ လူထုအခြေပြုကျန်းမာရေးအာမခံ

၃။ ကျန်းမာရေးအာမခံမှာ ပေါ်လစီထွက်ရန် အချိန်ဘယ်လောက်ကြာပါသလဲ?

ဖြေ။ လိုအပ်သော စာရွက်စာတမ်းများ ပြည့်စုံပြီးနောက် (၁) နာရီ အတွင်း ပေါ်လစီရပါတယ်။

၄။ ကျန်းမာရေးအာမခံအတွက် ပရီမီယံကြေးက ဘယ်လောက်ကျမလဲ။

ဖြေ။ ကျန်းမာရေးအာမခံ package (၄) မျိုးရှိပြီး ပရီမီယံကြေးပမာဏသည် အသက်အရွယ်နှင့်ဝယ်ယူလိုသည့် အာမခံ Package ပေါ်မူတည်ပါတယ်။ တစ်ဦးချင်း‌သော်လည်းကောင်း၊ အသင်းအဖွဲ့နဲ့သော်လည်းကောင်း အာမခံထားရှိနိုင်ပါတယ်။ ပရီမီယံကြေးပေးသွင်းပုံမှာ တစ်ဦးချင်းအတွက် (၆)လ၊ တစ်နှစ် ဖြစ်ပြီး အသင်းအဖွဲ့နှင့် ထားသူများအတွက် လစဉ်၊ (၃)လ၊ (၆) လ နှင့် တစ်နှစ် ပေးသွင်းနိုင်ပါတယ်။

၅။ ကျန်းမာရေးအာမခံတွင် ဘယ်အချိန်မှစတင်ပြီး ပေါ်လစီအကျုံးဝင်သလဲ။

ဖြေ။ ပရီမီယံကြေး စတင်ပေးသွင်းသည့် အချိန်မှစတင်၍ အာမခံအကာအကွယ် စတင်အကျုံးဝင်ပါတယ်။

၆။ ကျန်းမာရေးအာမခံ ဝယ်ယူထားရင် ၁နှစ်အတွင်း လျ်ောကြေးဘယ်နှစ်ကြိမ် တောင်းခွင့်ရှိသလဲ။ လျော်ကြေးတောင်းခံခြင်း မရှိသောသူများအတွက်လည်း ဘယ်လိုမျိုးလုပ်ဆောင်ပေးပါသလဲ။

ဖြေ။ ဝယ်ယူထားသော အာမခံ package အရ သတ်မှတ်ထားသော လျော်ကြေးပမာဏအထိ လျော်ကြေးတောင်းခံခွင့် ရှိပါတယ်။ ပေါ်လစီသက်တမ်းမှာ တစ်နှစ်ဖြစ်ပြီး လျော်ကြေးမတောင်းသူများအနေနဲ့ အခြားခံစားခွင့်မရှိပါ။

၇။ ကျန်းမာရေးအာမခံကို သက်တမ်းတိုးလို့ ရနိုင်ပါသလား?

ဖြေ။ သက်တမ်းတိုးလို့ မရနိုင်ပါ။ အာမခံသက်တမ်းကုန်ပြီး သက်တမ်းထပ်တိုးလိုပါက ပေါ်လစီနံပါတ် အသစ်နှင့် နောက်တစောင်ထပ်သွားပါမည်။

၈။ ကျန်းမာရေးအာမခံမှာ နာမည်ပြောင်းလိုပါက ဘာတွေလိုအပ်ပါသလဲ။

ဖြေ။ ကျန်းမာရေးအာမခံတွင် နာမည်ပြောင်းခွင့်မရှိပါ။ အပြောင်းအလဲ (endorsement) လုပ်ခွင့်မရှိပါ။

၉။ ပေါ်လစီကို ဖျက်သိမ်းချင်ရင် ဘာတွေလိုအပ်ပါသလဲ။

ဖြေ။ ပေါ်လစီဖျက်သိမ်းလိုပါက ပရီမီယံကြေး ပြန်ထုတ်မပေးပါ။ ပရီမီယံကြေးပေးသွင်းရန် နောက်ကျပါက ပေါ်လစီ အလိုအလျောက် ပျက်ပြယ်ပါမယ်။

၁၀။ အိမ်အရောက်ဝန်ဆောင်မှု ပေးပါသလား?

ဖြေ။ အိမ်အရောက်ဝန်ဆောင်မှု လုပ်ပေးပါသည်။

၁၁။ Agent နဲ့ ကျန်းမာရေးအာမခံလုပ်တာနဲ့ လူကိုယ်တိုင် ရုံးလာလုပ်တာ ဘယ်လိုကွာခြားမှု ရှိပါသလဲ။

ဖြေ။ ကွာခြားမှု မရှိပါ။ AYA SOMPO အာမခံမှ Customer များအားလုံးကို တူညီသော ဝန်ဆောင်မှု ပေးပါတယ်။ AYA SOMPO အာမခံတွင် Door to Door ဝန်ဆောင်မှုရှိတာကြောင့် Customer များအတွက် အချိန်ကုန်သက်သာပြီး စိတ်အေးစေရန်အတွက် အကောင်းဆုံးဝန်ဆောင်မှုများ ပေးမှာ ဖြစ်ပါတယ်။

၁၂။ ဘဏ်နဲ့ ချိတ်ဆက်ပြီး အာမခံထားမယ်ဆိုရင် ဘာတွေလိုအပ်ပါသလဲ။

ဖြေ။ Bank နဲ့ချိတ်ဆက်ပီး အာမခံထားချင်ရင်ဧရာဝတီဘဏ်များတွင်ရှိသော Bancassurance များနှင့် ချိတ်ဆက်၍ လိုအပ်သောစာရွက်စာတမ်းများအားပေး၍ အာမခံထားရှိနိုင်ပါသည်။