Digital Services

Easy for you to access your insurance policy via our digital platform

၁။ ပြည်တွင်းခရီးသွားအာမခံက ဘာလဲ?

သင့်ခရီးစဥ်သည် သင့်အိမ်မှကီလိုမီတာ ၅၀ ထက်ကျော်လွန်ပါက အကာအကွယ်ပေးမည့် အာမခံအမျိုးအစား ဖြစ်ပါသည်။

၂။ အာမခံအကာအကွယ်က ဘယ်လောက်ဖြစ်မလဲ? 

AYA GO ခရီးသွားအာမခံကို အနည်းဆုံး ၁ ရက်မှ အများဆုံး ၃၁ ရက်ဆက်တိုက်ကာလအထိ ဝယ်ယူနိုင်ပါသည်။

၃။ အာမခံအကာအကွယ်က ဘယ်အချိန်စတင်မလဲ?

သင်၏နေအိမ် သို့မဟုတ် အာမခံဝယ်ယူရာတွင် ထည့်သွင်းထားသည့် စတင်မည့် နေရာမှ စတင်ထွက်ခွာသည့်အချိန်မှစ၍ (သတ်မှတ်ထားသည့် ထွက်ခွာချိန်မတိုင်မီ ၂၄ နာရီထက် စော၍ဖြစ်စေ၊ ​ခရီးရောက်ရှိမည့်နေရာသို့ ၂၄ နာရီထက်နောက်ကျ၍ဖြစ်စေ အကာအကွယ် အကျုံးမဝင်ပါ။) သတ်မှတ်ထားသော ဆိုက်ရောက်ရာနေရာသို့ ရောက်ရှိသည့်အချိန်အထိ အကျုံးဝင်ပါသည်။ 

၄။ ပရီမီယံကြေးကို ဘယ်လိုပေးချေရမလဲ?

ပရီမီယံကို တစ်လုံးတည်းပေးရပါမည်။

၅။ သက်တမ်းတိုးလို့ ရပါသလား? 

ခရီးသွားအာမခံပေါ်လစီတွင် သက်တမ်းတိုး၍ မရနိုင်ပါ။

၆။ ခရီးသွားအာမခံကို ဝယ်ယူပြီးနောက် ခရီးစဉ်အစီအစဉ်ကိုပြောင်းလဲလိုပါက ဘယ်လိုလုပ်ဆောင်ရမလဲ?

ခရီးသွားကာလ သို့မဟုတ် ဦးတည်ရာနေရာများကို ခရီးစဥ်မစတင်မီရက်မတိုင်ခင် (၂၄) နာရီ ကြိုတင်အသိပေးခြင်းဖြင့် ပြောင်းလဲနိုင်သည်။

၇။ အဓိက လျော်ကြေးအကျုံးမဝင်တဲ့ အချက်တွေက ဘာတွေလဲ?

ခရီးသွားအာမခံအကာအကွယ်သည် ပေါ်လစီမှ သတ်မှတ်ထားသော လျော်ကြေးအကျုံးမဝင်သည့် အချက်များကြောင့် ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှုများကို အကာအကွယ်မပေးပါ။ (ဥပမာ – ရှိရင်းစွဲ​ေရာဂါလက္ခဏာများ၊ မိမိကိုယ်ကို သတ်သေခြင်း သတ်သေရန်ကြိုးစားခြင်း၊ ရည်ရွယ်ချက်ရှိရှိမိမိကိုယ်ကိုအနာတရဖြစ်အောင်လုပ်ခြင်း၊ ဆေးသုံးစွဲခြင်း၊ အရက်၊ မူးယစ်ဆေးသုံးစွဲမှုကြောင့် ဖြစ်ပေါ်သော ဆိုးကျိုးများ) မှတ်ချက် – လျော်ကြေးအကျုံးမဝင်သည့် အချက်များကို ပေါ်လစီတွင် လေ့လာနိုင်ပါသည်။

၈။ လျော်ကြေးတောင်းခံမည်ဆိုပါက ဘယ်လိုစာရွက်စာတမ်းတွေ လိုအပ်မလဲ?

AYA GO (ပြည်တွင်း)
 အကျိုးခံစားခွင့်လုပ်ဆောင်ရမည့် အချက်များ/ လိုအပ်သောစာရွက်စာတမ်းများ
အခြေခံ မတော်တဆ သေဆုံးမှု

Claim Form ကို ခရီးမထွက်ခွာမီ download လုပ်ထားပေးရန် လိုအပ်ပါသည်။ 

အကယ်၍ လျော်ကြေးတောင်းခံရန်လိုအပ်ပါက ဆရာဝန်၏ ထောက်ခံချက်၊ ဆေးရုံမှငွေတောင်းခံလွှာနှင့် အခြားစာရွက်စာတမ်းများကို ပြည့်စုံစွာတင်သွင်း၍ လျော်ကြေးတောင်းခံနိုင်ပါသည်။

ဆေးကုသစရိတ်၊ ဆေးရုံစရိတ်နှင့် အခြားအသုံးစရိတ်များ
တစ်ပါးသူထိခိုက်နစ်နာခြင်း

မတော်တဆမှုပေါ်မူတည်ပါသည်။

လျော်ကြေးလျှောက်လွှာပုံစံ / ရဲအစီရင်ခံစာ / ခန့်မှန်းချက် / ဆေးဘက်ဆိုင်ရာငွေတောင်းခံလွှာ စသည်တို့ လိုအပ်ပါသည်။

ရွေးချယ်မှု ကလေးပညာရေးထောက်ပံ့ငွေလျော်ကြေးလျှောက်လွှာပုံစံ / သေဆုံးကြောင်းသက်သေ စသည်တို့ လိုအပ်ပါသည်။

၉။ သတိထားသင့်တဲ့ အဓိက အချက်အလက်တွေက ဘာဖြစ်မလဲ?

အာမခံထားသူ၏ အလုပ်အကိုင်၊ စီးပွား​ေရးလုပ်ငန်းများနှင့် မသက်ဆိုင်သော ရည်ရွယ်ချက်များဖြင့် အာမခံဝယ်ယူမည်ဆိုပါက Proposal Form (အဆိုပြုလွှာ) တွင် မှန်ကန်သော အချက်အလက်များကို ဖြည့်သွင်းရန် လိုအပ်ပါသည်။ အာမခံထားသူသည် မေးခွန်းများကို မှန်ကန်စွာနှင့် တိကျစွာ ဖြေပေးရန် လိုအပ်ပါသည်။ မေးခွန်းများအား မှန်ကန်စွာ ဖြေဆိုခြင်းမရှိပါက အာမခံပေါ်လစီအား ငြင်းပယ်ခြင်း၊ လျော်ကြေးငြင်းပယ်ခြင်းနှင့် အာမခံပေါ်လစီဖျက်သိမ်းခြင်းများအား ပြုလုပ်နိုင်ပါသည်။ အာမခံထားသူဘက်မှ ကုမ္ပဏီ၏ ဆုံးဖြတ်ချက်များ၊ အန္တရာယ်ကို လက်ခံနိုင်သည့် အတိုင်းအတာနှင့် သတ်မှတ်ချက်များ စည်းမျဥ်းစည်းကမ်းများကို သိရှိထားရန် လိုအပ်သည်။ အာမခံထားသူသည် အသက်အာမခံထားရှိခြင်း၊ Proposal Form ပါအချက်အလက်များ ပြောင်းလဲခြင်းများ (သို့) အသက်အာမခံထားရှိသူသည် ခရီးသွားအာမခံထားမည်ဆိုပါက ကုမ္ပဏီကို ချက်ချင်းအကြောင်းကြားပေးရန် လိုအပ်ပါသည်။

၁၀။ ခရီးသွားအာမခံအကြောင်းကို ထပ်သိချင်ရင် ဘယ်လိုစုံစမ်းနိုင်မလဲ?

AYA SOMPO အာမခံ၏ Customer Service Hotline – +959 777 100 555 သို့ တနင်္လာနေ့မှသောကြာနေ့ နံနက် ၉:၀၀ နာရီမှ ညနေ ၅း၀၀ နာရီအတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။