Digital Services

Easy for you to access your insurance policy via our digital platform

၁။ စက်မှုလုပ်ငန်းအလုံးစုံအန္တရာယ်အာမခံဆိုတာဘာလဲ ? (Industrial All Risks – IAR) 

စက်မှုလုပ်ငန်းအလုံးစုံအန္တရာယ်အာမခံဆိုတာ စက်မှုလုပ်ငန်းကြီးများအတွက် မီးအာမခံတွင် ပါဝင်သည့်အကာအကွယ်များသာမက အခြား မတော်တဆထိခိုက်မှုများကိုပါ ကာကွယ်ပေးနိုင်တဲ့ အာမခံအမျိုးအစား ဖြစ်ပါတယ်။ ရုတ်တရက် (သို့) မမျှော်လင့်ထားတဲ့ ဆုံးရှုံးမှုများအတွက် အကာအကွယ်တွင် ပါဝင်ခြင်းမရှိသည့် အန္တရာယ်များမှလွဲ၍ ပေးလျော်သော အာမခံအမျိုးအစား ဖြစ်ပါတယ်။  

ဘယ်လိုအရာတွေ အာမခံထားနိုင်မလဲ?  

ပရဝုန်တစ်ခုအတွင်းရှိ အဆောက်အဦးအမျိုးမျိုး၊ စက်ယန္တရားအမျိုးမျိုး၊ ပရိဘောဂအမျိုးမျိုးနှင့် ကုန်ပစ္စည်းများ အာမခံထားရှိနိုင်ပါတယ်။  

စက်မှုလုပ်ငန်းအလုံးစုံအန္တရာယ်အာမခံနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက Customer Service Hotline – 09 777 100 555 သို့ဆက်သွယ်၍လည်းကောင်း၊ Online Booking ဖြင့် Appointment ကြိုတင်ရယူ၍လည်းကောင်း အသေးစိတ်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။  

၂။ မီးအာမခံနှင့် စက်မှုလုပ်ငန်းအလုံးစုံအန္တရာယ်အာမခံ (Industrial All Risks – IAR) တို့ကြား ကွာခြားချက်များ 

မီးအာမခံက မတော်တဆမီး၊ ပေါ့ဆမီး၊ ကူးစက်မီး၊ အိမ်တွင်းမှုသုံးဓာတ်ငွေ့ပေါက်ကွဲမှုများ စသည်တို့ကြောင့် ဖြစ်ပေါ်လာတဲ့ ဆုံးရှုံးမှုများကို အကာအကွယ်ပေးပါတယ်။  

စက်မှုလုပ်ငန်းအလုံးစုံအန္တရာယ်အာမခံက ပေါ်လစီတွင် ဖော်ပြမထားသော အန္တရာယ်များမှလွဲ၍ ဘေးအန္တရာယ်အားလုံးကို အကာအကွယ်ပေးပါတယ်။  

စက်မှုလုပ်ငန်းအလုံးစုံအန္တရာယ်အာမခံ၏ အကာအကွယ် အကျိုးခံစားခွင့်များနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက အခုပဲ Customer Service Hotline – 09 777 100 555 သို့ဆက်သွယ်၍လည်းကောင်း၊ Online Booking ဖြင့် Appointment ကြိုတင်ရယူ၍လည်းကောင်း အသေးစိတ်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။  

၃။ ဘာကြောင့် စက်မှုလုပ်ငန်းအလုံးစုံအန္တရာယ်အာမခံက စက်မှုလုပ်ငန်းကြီးများအတွက် ဝယ်ယူသင့်သော အကာအကွယ်ကောင်းတစ်ခု ဖြစ်တာလဲ?  

စက်မှုလုပ်ငန်းကြီးများအတွက် မီးအာမခံတွင် ပါဝင်သည့် အကာအကွယ်များသာမက အခြား မတော်တဆထိခိုက်မှုများကိုပါ ကာကွယ်ပေးနိုင်တဲ့ အာမခံအမျိုးအစား ဖြစ်တဲ့အပြင် ရုတ်တရက် (သို့) မမျှော်လင့်ထားတဲ့ ဆုံးရှုံးမှုများအတွက် အကာအကွယ်တွင် ပါဝင်ခြင်းမရှိသည့် အန္တရာယ်များမှလွဲ၍ ပေးလျော်သော အာမခံအမျိုးအစား ဖြစ်ပါတယ်။ ပေါ်လစီတွင် ဖော်ပြမထားသော အန္တရာယ်များမှလွဲ၍ ဘေးအန္တရာယ်အားလုံးကို အကာအကွယ်ပေးသော အာမခံတစ်ခုဖြစ်တာကြောင့် စက်မှုလုပ်ငန်းကြီးများအနေဖြင့် ဝယ်ယူသင့်သော အကာအကွယ်ကောင်းတစ်ခု ဖြစ်ပါတယ်။  

စက်မှုလုပ်ငန်းအလုံးစုံအန္တရာယ်အာမခံ၏ အကာအကွယ် အကျိုးခံစားခွင့်များနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက အခုပဲ Customer Service Hotline – 09 777 100 555 သို့ဆက်သွယ်၍လည်းကောင်း၊ Online Booking ဖြင့် Appointment ကြိုတင်ရယူ၍လည်းကောင်း အသေးစိတ်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။