Digital Services

Easy for you to access your insurance policy via our digital platform

ငွေပို့ငွေသယ်အာမခံထားရန် ဘယ်လိုစာရွက်စာတမ်းများ လိုအပ်ပါသလဲ။

၁။ အဆိုပြုလွှာ

၂။ ငွေကိုင်၏ နာမည်၊ မှတ်ပုံတင်မိတ္တူနှင့် ဝန်ထမ်းကဒ်မိတ္တူ

၃။ သယ်ယူမည့်ကား၏ Owner Book နှင့် Wheel Tax

ငွေပို့ငွေသယ်အာမခံက ဘယ်လိုဆုံးရှုံးမှုတွေကို အကာအကွယ်ပေးပါသလဲ။

ငွေသယ်ဆောင်စဉ်အတွင်း လုယက်ခိုးယူခံရခြင်းအတွက် အကာအကွယ်ပေးပါတယ်။

ငွေပို့ငွေသယ်အာမခံတွင် အာမခံသက်တမ်း မည်မျှထားခွင့်ရှိပါသလဲ။

ခရီးစဉ်တစ်ခေါက်အတွက်သာ အာမခံထားခွင့်ရှိပါသည်။

ငွေပို့ငွေသယ်အာမခံအတွက် (၁) နှစ်စာ ပရီမီယံကြေး ဘယ်လောက်ပေးသွင်းရမလဲ။

၁၀ မိုင်အတွင်း၀.၀၂၇%၁၀ မိုင် - ၁၅ မိုင်အတွင်း၀.၀၅၄%၁၅ မိုင် - ၂၀ မိုင်အတွင်း၀.၀၈၁%၂၀ မိုင်အထက်၀.၀၉၀% (လက်နက်ကိုင် အစောင့်အရှောက်ပါလျှင် ပရီမီယံနှုန်းထားကို ၀.၀၁ % လျှော့ပေးပါသည်။)

ငွေပို့ငွေသယ်အာမခံတွင် ဘယ်လိုအချက်တွေက အကာအကွယ်မရနိုင်သလဲ။

စစ်ဖြစ်သောမြို့၊ သပိတ်မှောက်ဆူပူသောမြို့များသို့ သယ်ယူမှုများအတွက် အကာအကွယ်မပေးပါ။