Digital Services

Easy for you to access your insurance policy via our digital platform

၁) စုစုပေါင်းအာမခံထားငွေသည် အဆောက်အဦး၏အတန်းအစားနှင့် လက်ရှိပေါက်ဈေးအပေါ် မူတည်သည်။

၂) ရောင်းဈေး သို့မဟုတ် ပေါက်ဈေးကို အခြေခံ၍ အောက်ဖော်ပြပါတို့ကို မီးအာမခံအကာအကွယ် ပေးပါသည်။

• အဆောက်အဦး

• လုပ်ငန်းသုံးပစ္စည်းများ

• စက်ပစ္စည်းများ

• ကုန်ပစ္စည်းများ

• အိမ်ထောင်ပရိဘောဂများ

၃) အခြေခံမီးအာမခံအကာအကွယ်တွင် အောက်ပါဆုံးရှုံးမှုများ ပါဝင်သည်

• ရေ (သို့မဟုတ်) မီးငြိမ်းသတ်ရာမှ ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှု

• မီးလောင်နေသော အဆောက်အဦးအတွင်းမှ ပစ္စည်းများရွှေ့ပြောင်းရာ၌ ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှု

• မီးသတ်သမားများမှ မီးကူးစက်မှုကို ဟန့်တားရန် ဆောင်ရွက်မှုကြောင့် ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှု

၄) အပိုအကာအကွယ်များအတွက် ထပ်ဆောင်းပရီမီယံကြေးပေးဆောင်၍ ဝယ်ယူနိုင်ပါသည်။