Digital Services

Easy for you to access your insurance policy via our digital platform

• လိုင်စင်ရှိသောယာဉ်မောင်းများမောင်းနှင်သောယာဉ်များဖြင့်သယ်ဆောင်ရမည်။

• လိုင်စင်သက်တမ်းအကျုံးဝင်သောယာဉ်များဖြင့်သယ်ဆောင်ရမည်။

• ခရီးစတင်ထွက်ခွာသည့်အချိန်မှခရီးဆုံးသို့ဆိုက်ရောက်သည့်အချိန်တွင်းဖြစ်ပွါးသောဆုံးရှုံးမှုများအတွက်သာလျော်ကြေးအကျုံးဝင်သည်။

• ကုန်ပစ္စည်းများသယ်ဆောင်သည့်ယာဉ်သည်ခရီးစဉ်အတွင်းပိုင်ရှင်ကတမင်ရည်ရွယ်ချက်ကြောင့်ပြုလုပ်ခြင်းမဟုတ်ဘဲမတော်တဆမီးလောင်ခြင်းကြောင့်သော်လည်းကောင်း၊စက်တပ်ယာဉ်ထိခိုက်မှုကြောင့်သော်လည်းကောင်း၊ထိခိုက်ပျက်စီးမှုများကြောင့်အာမခံထားသောကုန်ပစ္စည်းများပျက်စီးဆုံးရှုံးမှသာလျော်ကြေးအကျုံးဝင်သည်။

• ဆုံးရှုံးမှုဖြစ်ပွါးလျှင်ပိုင်ရှင်သည် ဆုံးရှုံးမှုနည်းစေရန် အာမခံထားရှိသော ကုန်ပစ္စည်းများကို ဘေးလွတ်ရာသို့ အလျင်မြန်ဆုံး ပြောင်းရွေ့ရန် လိုအပ်သည်။

• အာမခံထားငွေကျပ်တစ်သိန်းလျှင် တံဆိပ်ခေါင်းတန်ဖိုး ကျပ် ၁၀/- ကို အာမခံထားသူ မှ ပေးဆောင်ရပါမည်။ (အာမခံထားငွေ၏ ဝ.၀၁ % ဖြစ်ပါသည်)