Digital Services

Easy for you to access your insurance policy via our digital platform

၁။ ကုန်းလမ်းကုန်စည်အာမခံထားဖို့ ဘာတွေလိုအပ်နိုင်မလဲ။

ဖြေ။    ၁။ Proposal

၂။ Copy of Invoice List /Packing List / Bill of Lading

၃။ Copy of Vehicle Registration Certificate

၄။ Copy of Vehicle Transport License

၅။ Copy of TLR Registration & TLR Transport License (If any)

၆။ Copy of Driver “E” License တို့ လိုအပ်ပါတယ်။

၂။ ကုန်လမ်းကုန်စည်အာမခံတွင် မည်သည့်ပစ္စည်းများ အာမခံထားရှိနိုင်မလဲ။

ဖြေ။ ၁။ အထွေထွေကုန်ပစ္စည်း

၂။ ရေနံဆီ၊ ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ ဓာတ်ငွေ့

၃။ ကွဲရှလွယ်ပစ္စည်း များ အာမခံထားရှိနိုင်ပါတယ်။

၃။ ရေကြောင်းကုန်စည်အာမခံက ဘယ်လိုအကာအကွယ်‌ပေးမှာလဲ။

ဖြေ။ 100% ဆုံးရှုံးသွားလျှင် (ICC-C )1.1.82 အတွက်သာ (သို့) တစ်စိတ်တစ်ဒေသ ဆုံးရှုံးမှုအတွက်လည်း လျော်ပေးပါတယ်။

၄။ အာမခံတစ်ခုလုပ်မည်ဆိုလျှင် Policy ရရန် အချိန်ဘယ်လောက်ကြာမလဲ။

ဖြေ။ Survey စစ်ဆေးရန်မလိုပဲ စာရွက်စာတမ်းစုံလင်မည်ဆိုလျှင် 45 မိနစ် ကြာမြင့်ပါမည်။ Survey စစ်ဆေးရမည် ဆိုပါက Survey စစ်ဆေးရမည့် နေရာဒေသပေါ်မူတည်၍ ၁ ရက်မှ ၁ပတ်ခန့် ကြာမြင့်နိုင်ပါသည်။

၅။ ရေကြောင်းကုန်စည်အာမခံမှာ ပရီမီယံကြေးဘယ်လောက် ပေးသွင်းရမလဲ။

အထွေထွေကုန်ပစ္စည်း ခရီးအစ မှ အဆုံး ဝ.၁၄%
နိုင်ငံဖြတ်ကျော် ဝ.၁၄%
ရေနံဆီ၊ ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ ဓာတ်ငွေ့ ခရီးအစ မှ အဆုံး ဝ.၂၈%
နိုင်ငံဖြတ်ကျော် ဝ.၂၈%
ကွဲရှလွယ်ပစ္စည်း ခရီးအစ မှ အဆုံး ဝ.၈၀%

အာမခံထားငွေ အပေါ်တွင် မူတည်ပြီး သက်ဆိုင်ရာ ကုန်ပစ္စည်း အမျိုးအစား အလိုက် ပရီမီယံရာခိုင်နှုန်း ပြောင်းလဲ၍ တွက်ချက်သောကြောင့် ပရီမီယံကြေး မတူညီနိုင်ပါ။

၆။ မည်သည့်အချိန်မှ စတင်ပြီး အာမခံသက်တမ်း အကျုံးဝင်ပါသလဲ။

ဖြေ။ ပရီမီယံကြေး ငွေသွင်းပြီးစတင်ထွက်ခွာချိန်မှ ဆိုက်ရောက်နေရာအထိ သွားနေစဉ်အတွင်း အာမခံအကျုံးဝင်ပါသည်။ (ကုန်ပစ္စည်းအတင်အချတွင် ဖြစ်ပေါ်သော ဆုံးရှံးမှုများအတွက် အကာအကွယ်မရရှိပါ)

၇။ ကုန်းလမ်းကုန်စည်အာမခံမှာ ဘယ်အချိန်မှစတင်ပြီး ပေါ်လစီ အကျုံးဝင်သလဲ။

ဖြေ။ စတင်ထွက်ခွာချိန် မှ ဆိုက်ရောက်နေရာအထိ သွားနေစဉ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့်သော်လည်းကောင်း၊ Accident တစ်ခုခုကြောင့် သော်လည်းကောင်း၊ ပြင်ပမှ အရာဝတ္ထုများကြောင့်သော်လည်းကောင်း ပျက်စီးဆုံးရှံးမှု များသည် လျော်ကြေးအကျုံးဝင်ပါသည်။

၈။ ကုန်းလမ်းကုန်စည်အာမခံမှာ ဘယ်အချက်တွေက လျော်ကြေးအကျုံးမဝင်တာလဲ။

ဖြေ။    _ တင်ဆောင်ရမည့် ကုန်ပစ္စည်းထက် ပိုမိုတင်ဆောင်ခြင်း၊

_ ဥပဒေနှင့် မလွတ်ကင်းသော ကုန်ပစ္စည်းများတင်ဆောင်ခြင်း၊

_ ကုန်ပစ္စည်း၏ ပင်ကိုယ်သဘာဝ အရ ပျက်စီးခြင်းများ နှင့် လျော်ကြေးလိုချင်၍ မရိုးသားစွာဖြင့် တမင်တကာတိမ်းမှောက်ခြင်း ။

၉။ မတော်တဆမှုနှင့် ကြုံတွေ့ရရင် Customer ဘက်က ဘယ်လိုလုပ်ဆောင်ရမလဲ။ ဘာစာရွက်စာတမ်းတွေ ယူလာပေးရမလဲ။

ဖြေ။ Accident ဖြစ်ဖြစ်ချင်း AYA SOMPO အာမခံ၏ Claim Hotline- 09 429 305 224 ကို ချက်ချင်းဆက်သွယ်ဖို့ လိုအပ်ပါတယ်။ မတော်တဆမှု ဖြစ်ပွါးရာနေရာအား ဖုန်းဖြင့် မှတ်တမ်းတင်ထားပေးရန်၊ ဖြစ်စဉ်အကျဉ်းချုပ်၊ လျော်ကြေး တောင်းခံလွှာပေးရန်နှင့် ရဲစခန်းမှ ထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာ (သို့) အုပ်ချုပ်ရေးမှူးထောက်ခံစာတို့ လိုအပ်ပါတယ်။ Policy & Cash Received ပေးရန်လည်း လိုအပ်ပါတယ်။

၁၀။ လျော်ကြေးရရန် အချိန်ဘယ်လောက်ကြာပါသလဲ။

ဖြေ။ ဖြစ်စဉ်ပေါ်မူတည်၍ လျော်ကြေးကို အမြန်ဆုံး ဖြေရှင်းပေးပါတယ်။

၁၁။ ကုန်းလမ်းကုန်စည်အာမခံမှာ ၁နှစ်အတွင်း Claim ဘယ်နှစ်ကြိမ်အထိဖြစ်ခွင့်ရှိပါသလဲ။

ဖြေ။ ကုန်းလမ်းကုန်စည်အာမခံမှာတော့ ခရီးတစ်ခေါက်အာမခံဖြစ်တာကြောင့် (၁) ကြိမ်သာ လျော်ကြေးတောင်းခံခွင့်ရှိပါတယ်။

၁၂။ အာမခံထားသူ နာမည်ပြောင်းချင်ရင် ဘာလိုလုပ်ရမလဲ ?

ဖြေ။ AYA SOMPO အာမခံရုံးသို့ အကြောင်းကြားပြီး Customer ဘက်မှ Endorsement Request Letter ကို ရေးပေးရန်လိုအပ်ပါသည်။

၁၃။ Refund (သို့) Policy ဖျက်သိမ်းရင် ဘယ်လိုလုပ်ဆောင်ရမလဲ။

ဖြေ။ Customer ဘက်မှ Cancellation Request Letter ကို ရေးပြီး AYA SOMPO အာမခံကုမ္ပဏီသို့ ပေးပို့ အကြောင်းကြားရန် လိုအပ်ပါတယ်။

၁၄။ ကုန်းလမ်းကုန်စည်အာမခံအတွက် အိမ်အရောက်ဝန်ဆောင်မှု ရှိပါသလား။

ဖြေ။ Customer များ ပိုမိုအဆင်ပြေလွယ်ကူစေရန်အတွက် အိမ်အရောက်ဝန်ဆောင်မှု ပြုလုပ်ပေးပါတယ်။