Digital Services

Easy for you to access your insurance policy via our digital platform

ငွေသားလုံခြုံမှုအာမခံထားရန် မည်သည့်စာရွက်စာတမ်းများ လိုအပ်ပါသလဲ။

၁။ အဆိုပြုလွှာ

၂။ ငွေသွင်းငွေထုတ်လယ်ဂျာစာရင်း

၃။ ငွေကိုင် ၂ ဦး၏နာမည်နှင့် မှတ်ပုံတင်မိတ္တူတို့ လိုအပ်ပါတယ်။

မည်သည့်အချိန်တွင် အာမခံအကာအကွယ် စတင်ပါသလဲ

ပရီမီယံကြေးပေးသွင်းသည့် အချိန်မှ စတင်၍ အကာအကွယ် စတင်ပါသည်။

ငွေသားလုံခြုံမှုအာမခံတွင် အာမခံသက်တမ်း မည်မျှထားခွင့်ရှိပါသလဲ။

အာမခံသက်တမ်း အနည်းဆုံး (၁) ရက် မှ အများဆုံး တစ်နှစ်အထိ ထားရှိနိုင်ပါတယ်။

ငွေသားလုံခြုံမှုအာမခံအတွက် (၁)နှစ်စာ ပရီမီယံကြေး ဘယ်လောက်ပေးသွင်းရမလဲ။

ပရီမီယံကြေးမှာ အာမခံထားငွေ၏

ပုဂ္ဂလိကဘဏ်များ  -   ၀.၂%

ပုဂ္ဂလိကလုပ်ငန်းအဖွဲ့အစည်းများ  -  ၁%

ငွေသားလုံခြုံမှုအာမခံက ဘယ်လိုဆုံးရှုံးမှုများကို အကာအကွယ်ပေးပါသလဲ။

သိမ်းဆည်းထားသည့် ငွေများကို ဖောက်ထွင်းခိုးယူခံရခြင်း၊ လက်နက်ဖြင့် ခြိမ်းခြောက်၍ လုယူခံရခြင်းများအန္တရာယ်မှ အကာအကွယ်ပေးပါတယ်။