Digital Services

Easy for you to access your insurance policy via our digital platform

Secure your Ride

with

Motor Vehicle

Insurance

Secure your Ride

with

Motor Vehicle

Insurance

မော်တော်ယာဉ်အာမခံ

မော်တော်ယာဉ်အာမခံသည် သင်၏လိုအပ်ချက်များနှင့် လိုက်လျောညီထွေရှိစေရန် အကာအကွယ် အပြည့်အစုံ ပေးထားခြင်း ဖြစ်ပါသည်။ ဤအာမခံသည် သင်၏မော်တော်ယာဉ်သာမက သင်နှင့်အတူလိုက်ပါစီးနင်းသူများအတွက်ပါ အကာအကွယ်ပေးထားပါသည်။ ထို့ကြောင့် သင်၏မော်တော်ယာဉ်ကို အကာအကွယ်အပြည့်အစုံဖြင့် လုံခြုံစိတ်ချစွာ မောင်းနှင်နိုင်ပါပြီ။

အကျိုးခံစားခွင့်များ

အကျိုးခံစားခွင့် အသေးစိတ် အချက်အလက်များ

အရေးပေါ်ယာဉ်ဆွဲစရိတ်
ယာဉ်မတော်တဆမှုကြောင့် အရေးပေါ်ယာဉ်ဆွဲယူခြင်းဝန်ဆောင်မှုအတွက် အကျိုးခံစားခွင့် ၃ သိန်းကျပ် အထိ ရရှိနိုင်ခြင်း

တရားခွင်စရိတ်
မော်တော်ယာဉ်နှင့်ပတ်သက်ပြီး တရားစွဲဆိုမှု ကုန်ကျစရိတ်အတွက် ၅ သိန်းကျပ် အထိ ရရှိနိုင်ခြင်း

၂၄နာရီ လျော်ကြေးတောင်းခံခြင်း ဝန်ဆောင်မှု
အရေးပေါ်လျော်ကြေးတောင်းခံခြင်းကို ၂၄ နာရီ ဆက်သွယ်အကြောင်းကြားနိုင်ခြင်း

Fleet Discount (ယာဉ်စုအလိုက် လျော့ဈေးပေးခြင်း)
အာမခံသူတစ်ဦးတည်း၏အမည်အောက်တွင် fleet discount ၁၀% အထိရရှိနိုင်ခြင်း

လျော်ကြေးမဲ့ဆု (No Claim Bonus)
ယခင်အာမခံသက်တမ်းတွင် လျော်ကြေးတောင်းခံမှု မရှိပါက လျော်ကြေးမဲ့ဆုကြေးအနေဖြင့် ပရီမီယံ၏ ၄၀% အထိ ရရှိနိုင်ခြင်း

အာမခံသက်တမ်းဒုတိယနှစ်တတိယနှစ်စတုတ္ထနှစ်မှစ၍
ကိုယ်ပိုင်ယာဥ်၂၅%၃၀%၄၀%
လုပ်ငန်းသုံးယာဥ်၁၅%၂၀%၂၅%

အာမခံအကာအကွယ်

အာမခံထားသောယာဉ် ပျက်စီးဆုံးရှုံးခြင်း
မတော်တဆကားတိုက်မိခြင်း၊ မီးလောင်ခြင်းနှင့် မိုးကြိုးပစ်ခြင်းတို့ကြောင့် မိမိကိုယ်ပိုင်ယာဉ် ပျက်စီးဆုံးရှုံးမှုအတွက် အကာအကွယ်ပေးခြင်း (အာမခံထားသော ယာဉ်တန်ဖိုးအများဆုံးအထိ ရရှိနိုင်ပါသည်)

လေကာမှန် အကာအကွယ်
လေကာမှန်တန်ဖိုးအပေါ်မူတည်၍ ပျက်စီးဆုံးရှုံးမှုအတွက် အကျိုးခံစားခွင့် သိန်း ၃၀ အထိ ရရှိနိုင်ခြင်း

သေဆုံးမှုနှင့် ဒဏ်ရာရရှိမှု အကျိုးခံစားခွင့်
သေဆုံးမှုနှင့် ဒဏ်ရာရရှိခြင်းအတွက် လျော်ကြေးပေးဆောင်မှုကို ထိခိုက်သည့်အတိုင်းအတာပေါ်မူတည်၍ အကျိုးခံစားခွင့် သိန်း ၃၀ အထိ ရရှိနိုင်ခြင်း

တစ်ပါးသူထိခိုက်နစ်နာခြင်း
တစ်ပါးသူသေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းနှင့် တစ်ပါးသူပိုင်ဆိုင်သော ပစ္စည်းများ ပျက်စီးဆုံးရှုံးခြင်းများအတွက် လျော်ကြေး ပေးဆောင်မှု (အများဆုံး သိန်း ၅၀၀ အထိ)

သပိတ်မှောက်ခြင်း၊ အဓိကရုဏ်းဖြစ်ခြင်း
သပိတ်မှောက်ခြင်း၊ အဓိကရုဏ်းဖြစ်ခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုအတွက် အကာအကွယ်ပေးခြင်း

စစ်ဘေးအန္တရာယ်
စစ်နှင့်စစ်အသွင် ဖြစ်ရပ်များကြောင့် ပျက်စီးဆုံးရှုံးမှုအတွက် အကာအကွယ်ပေးခြင်း

လျော်ကြေးနုတ်ဖြတ်ငွေ ကင်းလွတ်ခွင့်အခ
မတော်တဆထိခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုအတွက် ထပ်ဆောင်းပေးရသော နုတ်ဖြတ်ငွေကင်းလွတ်ခြင်း

မော်တော်ယာဉ်ခိုးယူခံရခြင်း
မော်တော်ယာဉ်ခိုးယူခံရခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုအတွက် အကာအကွယ်ပေးခြင်း

ထပ်ဆောင်းနုတ်ဖြတ်ငွေ
ထပ်ဆောင်းနုတ်ဖြတ်ငွေ ကျခံခြင်းဖြင့် ပရီမီယံသက်သာခွင့် ရရှိနိုင်ခြင်း

နုတ်ဖြတ်ငွေပမာဏပရီမီယံသက်သာခွင့်
၂၀၀,၀၀၀ ကျပ်၂၅,၀၀၀ကျပ်
၃၀၀,၀၀၀ ကျပ်၃၅,၀၀၀ကျပ်
၅၀၀,၀၀၀ ကျပ်၆၀,၀၀၀ကျပ်

သဘာဝဘေးအန္တရာယ်
ရေကြီးခြင်း၊ လေမုန်တိုင်းတိုက်ခြင်း၊ တိုင်ဖုန်း၊ လေဆင်နှာမောင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ မြေငလျင်လှုပ်ခြင်း၊ မြေပြိုခြင်း၊ မြေကျွံခြင်း စသည်တို့ကြောင့် ပျက်စီးဆုံးရှုံးမှုအတွက် အကာအကွယ်ပေးခြင်း

ပိုမိုကောင်းမွန်လာခြင်း
ထိခိုက်ပျက်စီးသွားသောအစိတ်အပိုင်းများကို ပြုပြင်ရာတွင် ယာဉ်၏ ပကတိအခြေအနေထက် ပိုမိုကောင်းမွန်စေရန် စျေးကွက်ထဲတွင်ရရှိနိုင်သည့် အစိတ်အပိုင်းအသစ် (သို့မဟုတ်) အသစ်ကဲ့သို့ ပိုမိုကောင်းမွန်သော အခြေအနေရှိသည့် အစိတ်အပိုင်းများ အသုံးပြု ပြင်ဆင်ခြင်းအတွက် အကာအကွယ်ပေးခြင်း

အာမခံ အချက်အလက်များ

ပေါ်လစီသက်တမ်းသည် ၁ နှစ်အထိဖြစ်ပြီး နှစ်စဉ်သက်တမ်းတိုးနိုင်ပါသည်။
ပေါ်လစီသက်တမ်းအနေနဲ့ အနည်းဆုံး ၃လ၊ ၆လ နှင့် ၉လ အထိထားနိုင်ပါသည်။

ပရီမီယံနှုန်းထား
အာမခံထားငွေ (ကားတန်ဖိုး) ပေါ်တွင်မူတည်ပြီး ၀.၉% မှ ၂.၅% အထိ အောက်ပါတို့အပေါ်မူတည်၍ နှုန်းထား သတ်မှတ်ပါသည်

အာမခံထားငွေ
ယာဉ်၏ကာလပေါက်ဈေး

ယာဉ်တန်ဖိုး
ယာဉ်အသုံးပြုပုံ
အင်ဂျင်ပါဝါ

မေးလေ့ရှိသော မေးခွန်းများ

  • မော်တော်ယာဥ်အာမခံထားရှိလိုပါက အောက်ဖော်ပြပါ စာရွက်စာတမ်းများ လိုအပ်ပါသည်။
  • အဆိုပြုလွှာ အပြည့်အစုံ
  • အချက်အလက်စာရင်း အပြည့်အစုံ
  • ယာဥ်မှတ်ပုံတင်သက်​သေခံ လက်မှတ်(wheel tax)/ က.ည.န ကနဦးမှတ်ပုံတင်စာရွက်
  • ယာဉ်မောင်းလိုင်စင်
  • ယာဉ်မှတ်ပုံတင်စာအုပ်
  • အရောင်းအဝယ်စာချူပ်/ ပြေစာ
  • ကားဓာတ်ပုံ

မော်တော်ယာဉ်အာမခံမှာ Tariff Rate ဖြင့် သတ်မှတ်ထားခြင်းဖြစ်ပါသည်။ ဆိုလိုသည်မှာ ၄င်းအကာအကွယ်အတွက် ကောက်ခံမည့် ပရီမီယံသည် အာမခံတာဝန်ရှိသူမှ ချမှတ်ထားသော ပုံသေနည်း ပေါ်တွက်ချက်ပြီး ကောက်ခံခြင်းဖြစ်သောကြောင့် အာမခံကုမ္ပဏီတိုင်း တူညီသောအကာအကွယ်အတွက် တူညီသောအခြေခံပရီမီယံနှုန်းဖြင့် ကောက်ခံခြင်းဖြစ်ပါသည်။

လျော်ကြေးနုတ်ဖြတ်ငွေဆိုသည်မှာ အာမခံကုမ္ပဏီမှ လျော်ကြေး ပေးရချိန်တိုင်း အာမခံထားသူမှပေးဆောင်ရမည့် ပမာဏကို ဆိုလို ခြင်းဖြစ်ပါသည်။ ဥပမာအနေဖြင့် လျော်ကြေးပေးဆောင်မည့် ပမာဏ သည် တစ်သိန်းခြောက်သောင်းကျပ်ဆိုလျှင် ပေါ်လစီတွင် ဖော်ပြထားသော လျော်ကြေးနုတ်ဖြတ်ငွေ တစ်သိန်းကျပ်ကို အာမခံထားသူမှ ပေးဆောင် ရမည်ဖြစ်ပြီး အာမခံကုမ္ပဏီမှကျန်ငွေ ခြောက်သောင်းကျပ်ကို ပေးလျော်မည်ဖြစ်ပါသည်။ 

လျော်ကြေးမဲ့ဆုဆိုသည်မှာ အာမခံတာဝန်ရှိသူမှ သတ်မှတ် ထားသော စည်းမျဉ်းစည်းကမ်း နှင့်အညီ အာမခံသက်တမ်း အတွင်း လျော်ကြေးတောင်းခံခဲ့ခြင်းမရှိပါက အခြေခံပရီမီယံ ပေါ်တွင် ရာခိုင်နှုန်းအလိုက် လျော့ဈေးခံစားခွင့်ကို ဆိုလို ခြင်းဖြစ်ပါသည်။ သို့သော် အာမခံထားသူတစ်ဦးထဲမှ မော်တော်ယာဉ်ကို သက်တမ်း (၁၂) လ ဆက်တိုက်အာမခံ ထားမှသာ ခံစားခွင့်ရှိ မည်ဖြစ်ပါသည်။

ကားပြောင်းဖို့အတွက် Customer Service ဖုန်းနံပါတ် ၀၉ ၇၇၇ ၁၀၀ ၅၅၅ သို့ဆက်သွယ်နိုင်ပါသည် (သို့မဟုတ်) သက်ဆိုင် ရာ အရောင်းဝန်ထမ်းများသို့ ဆက်သွယ်အကြောင်းကြား နိုင်ပါသည်။ အာမခံနှင့်ပတ်သက်၍ ပြင်ဆင်ခြင်း/ပြောင်းလဲခြင်း တောင်းဆိုလွှာ ကို ဖြည့်ပေးပြီး လိုအပ်သော စာရွက်စာတမ်း များကို ပေးရန်လိုအပ်ပါသည်။ ပြန်အမ်းငွေ (သို့မဟုတ်) ထပ်ဆောင်းပရီမီယံကို သင်၏အာမခံထားငွေအသစ်အပေါ်တွင် ကောက်ခံသွားမည်ဖြစ်ပါသည်။

သင့်အမည်ဖြင့် မော်တော်ယာဉ်များကိုမှတ်ပုံတင်ထားပါက လျော်ကြေးမဲ့ဆုကို မော်တော်ယာဉ်တစ်စီးမှ နောက်တစ်စီးသို့ လွှဲပြောင်းပေးနိုင်ပါသည်။ သို့သော် နောက်နှစ်လျော်ကြေးမဲ့ဆုကို အာမခံထားသူတစ်ဦးထဲမှ မော်တော်ယာဉ်ကို သက်တမ်း (၁၂) လ ဆက်တိုက်အာမခံထားရှိထားပြီး အာမခံသက်တမ်းအတွင်း လျော်ကြေးတောင်းခံခဲ့ခြင်းမရှိမှသာ ခံစားခွင့်ရရှိမည်ဖြစ်ပါသည်။ (မှတ်ချက်၊ ရရှိသော လျော်ကြေးမဲ့ဆုကို မော်တော်ယာဉ် တစ်စီးထက်ပို၍ အသုံးပြုခွင့်မရှိပါ။)

ဈေးကွက်ပေါက်ဈေးပေါ်မူတည်ပြီး အာမခံထားရှိနိုင်ပါသည်။ အာမခံထားရှိလိုသော ကားတန်ဖိုးအား သိရှိလိုပါက ကားအရောင်းတာဝန်ခံ (သို့မဟုတ်) ကားအရောင်းပြခန်းတွင်လည်း မေးမြန်းနိုင်ပါသည်။

အကယ်၍ သင်၏ မော်တော်ယာဉ်သည် အစားထိုးပစ္စည်းများဖြင့် ပြုပြင်ရာတွင် ပစ္စည်းသစ်များ သုံးစွဲရပါက သင်၏ မော်တော် ယာဉ်သည် ပျက်စီးမှုမဖြစ်မီက ရှိခဲ့သော အခြေအနေထက် ပိုမို ကောင်းမွန်သွားမည်ဖြစ်ပါသည်။ စက်ပစ္စည်းအသစ် ထည့်ဝင်ခြင်းကြောင့် ပိုမိုကောင်းလာသော တန်ဖိုးအတွက် ကျသင့်သည့် အချိုးကျ စရိတ်ကို အာမခံထားသူဘက်မှ ပူးပေါင်းကျခံရန်လိုအပ်ပါသည်။ No Betterment အပိုအကာအကွယ် ဝယ်ယူထားခြင်းဖြင့် ပိုမိုကောင်းလာသော တန်ဖိုးအတွက် ကျသင့်သည့်စရိတ်ကို အာမခံကုမ္ပဏီမှသာ ကျခံပေးမည်ဖြစ်ပါသည်။

ပေါ်လစီ ပယ်ဖျက်ခြင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ Customer Service ဖုန်းနံပါတ် ၀၉ ၇၇၇ ၁၀၀ ၅၅၅ သို့ဆက်သွယ်နိုင်ပါသည် (သို့မဟုတ်) သက်ဆိုင်ရာ အရောင်းဝန်ထမ်းများသို့ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။ အာမခံနှင့်ပတ်သက်၍ ဖျက်သိမ်းခြင်း တောင်းဆိုလွှာ ဖြည့်ပေးရန်လိုအပ်ပါသည်။ ကျန်ရှိနေသော အာမခံ သက်တမ်းပေါ်မူတည်ပြီး ပရီမီယံကို ပြန်အမ်းပေးသွားမည်ဖြစ်ပါသည်။

လျော်ကြေးတောင်းခံမှု ဖြစ်ပွားချိန်တွင် ထပ်ဆောင်းနုတ်ဖြတ်ငွေ ပမာဏကို အာမခံထားသူဘက်မှ ကျခံခြင်းဖြင့် ပရီမီယံ သက်သာခွင့် ရရှိနိုင်မည်ဖြစ်ပါသည်။

More Information

Not sure what you need?

Learn in seconds which types of insurance match your needs.

Not sure what you need?

Learn in seconds which types of insurance match your needs.