31 Jul 2022 9th Anniversary Planting Day Posted at 10:24 မနက် in News & Events by May Khaing 0 Likes AYA SOMPO အာမခံသည် ဝန်ထမ်းများအားလုံးနှင့်အတူ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာများကို ကောင်းမွန်စွာသိရှိနားလည်ပြီး လက်ခံကျင့်သုံးနိုင်ရန်နှင့် ရေရှည်တည်တံ့သော လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဖြစ်စေရန် အပြည့်အဝ ပံ့ပိုးပေးလျက်ရှိပါတယ်။AYA SOMPO အာမခံရဲ့ ၉နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၃၁)ရက်နေ့တွင် လူမှုအကျိုးပြုလုပ်ငန်းများဖြစ်သော ဝန်ထမ်းများမှ စုပေါင်းသွေးလှူဒါန်းခြင်းနှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန်ရည်ရွယ်၍ သစ်ပင်ပေါင်း (၉၉၉) ပင်ကို စိုက်ပျိုးခဲ့ကြပါတယ်။ ပဲခူးမြို့အနီးရှိ ပန်းပျိုးလက်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတိုက်တွင် သစ်ပင်စိုက်ပျိုးသည့်လှုပ်ရှားမှုနှင့်အတူ ဝတ္ထုငွေများကိုလည်း လှူဒါန်းခဲ့ကြပါတယ်။