Edit Content

Digital Services

Easy for you to access your insurance policy via our digital platform


Why Inland Transit Insurance?

စိတ်အေးချမ်းသာစွာသယ်ယူပို့ဆောင်နိုင်ဖို့ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအာမခံထားကြပါစို့

ကြိုတင်မမြင်နိုင်တဲ့ ကံအကြောင်းများစွာရှိသည့်အတွက် ဘယ်လိုပဲ စိတ်ချယုံကြည်ရတဲ့ ယာဥ်မျိုးတွေ အသုံးပြုပြီး မိမိတို့ပိုင်ဆိုင်သော ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်နေပါစေ ဖြစ်လာနိုင်အခက်အခဲများတွက် AYA SOMPO အာမခံရဲ့ ပြည်တွင်း ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအာမခံဖြင့် အကာအကွယ်ယူလို့ရနေပါပြီ။

ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအာမခံဆိုတာ ဘာလဲ?

မိမိတို့၏ကုန်ပစ္စည်းများအား တနေရာမှတနေရာသို့ မော်တော်ယာဉ်ဖြင့်သယ်ယူပို့ဆောင်စဥ် ခရီးစဉ်အတွင်း မတော်တဆထိခိုက်မှုကြောင့်သော်လည်းကောင်း၊ မီးလောင်မှုကြောင့်သော်လည်းကောင်း ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုများအတွက် အကာအကွယ်ပေးသောအာမခံဖြစ်ပါသည်။

ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအာမခံတွင် မည်သည့်ပစ္စည်းများကို အာမခံထားရှိနိုင်မလဲ?

အထွေထွေကုန်ပစ္စည်းများ၊မီးလောင်လွယ်သော(ရေနံဆီ၊ ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ ဓာတ်ငွေ့)၊ကွဲရှလွယ်ပစ္စည်းများကို အာမခံထားရှိနိုင်မည်ဖြစ်ပါသည်။

ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအာမခံထားရင် မည်သို့သော အကာအကွယ်များရရှိနိုင်ပါသလဲ?

အာမခံထားသော ကုန်ပစ္စည်းသယ်ဆောင်လာသော မော်တော်ယာဥ်သည် ခရီးစဥ်အတွင်း မီးလောင်ခြင်း(သို့မဟုတ်)ပေါက်ကွဲခြင်း၊ကားမှောက်ခြင်း၊ရထားလမ်းချော်ခြင်း၊ယာဥ်ပြင်ပမှအခြားအရာ၀တ္ထုများနှင့်တိုက်မိခြင်းများအတွက် ပျက်စီးဆုံးရှုံးသွားပါက ဆုံးရှုံးသွားသောကုန်ပစ္စည်းများအတွက် အကာအကွယ်ရရှိနိုင်မည်ဖြစ်ပါသည်။

လူကြီးမင်းတို့အနေဖြင့် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအာမခံအကြောင်းကို ပိုမိုအသေးစိတ်သိရှိလိုပါက https://ayasompo.com/inland-transit-insurance/ ၀င်ရောက်လေ့လာနိုင်သလို Facebook Messenger တွင်လည်း လူကြီးမင်းတို့၏ဖုန်းနံပါတ်ထားခဲ့ပေးမယ်ဆိုပါက AYA SOMPO အာမခံမှ ပြန်လည်ဆက်သွယ်ပေးသွားမှာဖြစ်ပါတယ်။

AYA SOMPO Insurance-Your Partner for Life