21 Nov 2021 Why Inland Transit Insurance? Posted at 10:31 ညနေ in Understand Insurance by May Khaing 0 Likes စိတ်အေးချမ်းသာစွာသယ်ယူပို့ဆောင်နိုင်ဖို့ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအာမခံထားကြပါစို့ ကြိုတင်မမြင်နိုင်တဲ့ ကံအကြောင်းများစွာရှိသည့်အတွက် ဘယ်လိုပဲ စိတ်ချယုံကြည်ရတဲ့ ယာဥ်မျိုးတွေ အသုံးပြုပြီး မိမိတို့ပိုင်ဆိုင်သော ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်နေပါစေ ဖြစ်လာနိုင်အခက်အခဲများတွက် AYA SOMPO အာမခံရဲ့ ပြည်တွင်း ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအာမခံဖြင့် အကာအကွယ်ယူလို့ရနေပါပြီ။ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအာမခံဆိုတာ ဘာလဲ?မိမိတို့၏ကုန်ပစ္စည်းများအား တနေရာမှတနေရာသို့ မော်တော်ယာဉ်ဖြင့်သယ်ယူပို့ဆောင်စဥ် ခရီးစဉ်အတွင်း မတော်တဆထိခိုက်မှုကြောင့်သော်လည်းကောင်း၊ မီးလောင်မှုကြောင့်သော်လည်းကောင်း ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုများအတွက် အကာအကွယ်ပေးသောအာမခံဖြစ်ပါသည်။ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအာမခံတွင် မည်သည့်ပစ္စည်းများကို အာမခံထားရှိနိုင်မလဲ?အထွေထွေကုန်ပစ္စည်းများ၊မီးလောင်လွယ်သော(ရေနံဆီ၊ ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ ဓာတ်ငွေ့)၊ကွဲရှလွယ်ပစ္စည်းများကို အာမခံထားရှိနိုင်မည်ဖြစ်ပါသည်။ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအာမခံထားရင် မည်သို့သော အကာအကွယ်များရရှိနိုင်ပါသလဲ?အာမခံထားသော ကုန်ပစ္စည်းသယ်ဆောင်လာသော မော်တော်ယာဥ်သည် ခရီးစဥ်အတွင်း မီးလောင်ခြင်း(သို့မဟုတ်)ပေါက်ကွဲခြင်း၊ကားမှောက်ခြင်း၊ရထားလမ်းချော်ခြင်း၊ယာဥ်ပြင်ပမှအခြားအရာ၀တ္ထုများနှင့်တိုက်မိခြင်းများအတွက် ပျက်စီးဆုံးရှုံးသွားပါက ဆုံးရှုံးသွားသောကုန်ပစ္စည်းများအတွက် အကာအကွယ်ရရှိနိုင်မည်ဖြစ်ပါသည်။လူကြီးမင်းတို့အနေဖြင့် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအာမခံအကြောင်းကို ပိုမိုအသေးစိတ်သိရှိလိုပါက https://ayasompo.com/inland-transit-insurance/ ၀င်ရောက်လေ့လာနိုင်သလို Facebook Messenger တွင်လည်း လူကြီးမင်းတို့၏ဖုန်းနံပါတ်ထားခဲ့ပေးမယ်ဆိုပါက AYA SOMPO အာမခံမှ ပြန်လည်ဆက်သွယ်ပေးသွားမှာဖြစ်ပါတယ်။AYA SOMPO Insurance-Your Partner for Life