Edit Content

Digital Services

Easy for you to access your insurance policy via our digital platform


Fire Insurance coverage

မီးဘေးအန္တာရာယ်ဆိုတာ ရန်သူငါးပါးထဲမှာ တစ်ပါးအပါအဝင် ဖြစ်တာကြောင့် “မီးဘေးရှောင် မလောင်ခင်တား “ဆိုသည့်အတိုင်း ကြိုတင်ကာကွယ်သည့်အနေဖြင့် မီးအာမခံထားရှိသင့်ပါတယ်။

အာမခံထားရှိနိုင်မည့်အရာများနှင့် ရရှိနိုင်မည့်အကာအကွယ်များကိုလေ့လာကြည့်ရအောင်။

မီးအာမခံထားခွင့်ရရှိမည့်အရာများမှာ

အဆောက်အဦးများ၊စက်ရုံအလုပ်ရုံများ၊လုပ်ငန်းသုံးပစ္စည်းများ၊စက်ပစ္စည်းအမျိုးမျိုး၊ကုန်ပစ္စည်းအမျိုးမျိုး၊အိမ်ထောင်ပရိဘောဂတွေလို ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းများအပြင် မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းများအတွက် ပါအာမခံထားရှိနိုင်မှာပါ။

မီးအာမခံမှ ကာကွယ်ပေးသောအရာများမှာ

မတော်တဆမီး၊ ပေါ့ဆမီး၊ ကူးစက်မီး၊ပစ္စည်းမီးလောင်၍ ပျက်စီးဆုံးရှုံးမှုနှင့် မိုးကြိုးပစ်၍ မီးလောင်ဆုံးရှုံးမှု၊ အိမ်သုံးဓါတ်ငွေ့ ယိုစိမ့်ပေါက်ကွဲမှုကြောင့် မီးလောင်ဆုံးရှုံးမှု တွေအတွက် အာမခံလျော်ကြေး တောင်းဆိုနိုင်ပါတယ်။

အပိုအကာအကွယ်များအနေဖြင့် အဓိကရုဏ်မီး၊ မသာမာဖျက်ဆီးမှု၊ လေယာဉ်ကြောင့်ထိခိုက်ပျက်စီးခြင်း၊ ကုန်းလမ်းသွားယာဉ်များကြောင့် ထိခိုက်ပျက်စီးရခြင်း၊ မြေကျွံ မြေပြိုခြင်း၊ မြေငလျင်မီးနှင့်မြေငလျင်တွေ့ကြောင့် ပြိုအက်ခြင်း၊ ပေါက်ကွဲပျက်စီးခြင်း၊ အလိုအလျောက်မီးစွဲလောင်မှုတွေ၊ လေမုန်တိုင်းအမျိုးမျိုး၊ ရေကြီးရေလျှံခြင်း၊ဖောက်ထွင်းခိုးယူခံရခြင်းနဲ့ စစ်နှင့်စစ်အသွင်ကြောင့် ပျက်စီးဆုံးရှုံးရခြင်းတွေအတွက် လည့်အကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

မိတ်ဆွေများအနေဖြင့် မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်မှုတွေရယူနိုင်ရန်အတွက်
မီးအာမခံအကြောင်း ထပ်မံအသေးစိတ်သိရှိလိုပါက https://ayasompo.com/fire-insurance/ မှာဝင်ရောက်လေ့လာနိုင်သလို Facebook Messenger မှာလူကြီးမင်းတို့၏ ဖုန်းနံပါတ်ထားခဲ့ပေးမယ်ဆိုရင်လည်း AYA SOMPO အာမခံမှ ပြန်လည်ဆက်သွယ်ပေးသွားမှာဖြစ်ပါတယ်။

AYA SOMPO Insurance – Your Partner for Life