05 Jan 2022 Authorized Workshop Posted at 10:33 မနက် in Understand Insurance by May Khaing 0 Likes လမ်းမထက်မှာ လူကြီးမင်းတို့ရဲ့ မော်တော်ယာဥ်မတော်တဆမှုတွေကြောင့် ငွေကြေးအရဆုံးရှုံးမှုတွေ ဖြစ်လာတဲ့ အခါ AYA SOMPO အာမခံမှ အလုံးစုံမော်တော်ယာဥ် အာမခံထားရှိခြင်းဖြင့် ဆုံးရှုံးမှုတွေကို ကာကွယ်နိုင်ပါတယ်။AYA SOMPO အာမခံရဲ့ အလုံးစုံမော်တော်ယာဥ်အာမခံကိုရယူထားတဲ့ မော်တော်ယာဥ်အတွက်ဖြစ်စေ ဒါမှမဟုတ် မိမိကြောင့် ထိခိုက်ခံရတဲ့ တဖက်မော်တော်ယာဥ်အတွက်ဖြစ်စေ AYA SOMPO Authorized Workshops များတွင် ပြင်ဆင်စရိတ် စိုက်ထုတ်စရာမလိုဘဲ ပြင်ဆင်နိုင်ပါတယ်။လူကြီးမင်းတို့ရဲ့ မော်တော်ယာဥ်များအတွက် AYA SOMPO Authorized Workshop တွေကို ရန်ကုန်၊မန္တလေး၊နေပြည်တော်၊မိတ္ထီလာ၊ပြင်ဦးလွင်၊မုံရွာနှင့်မြ၀တီ စသည့်မြို့နယ်တွေမှာ အသင့်ရှိနေတာကြောင့် အောက်ဖော်ပြပါလင့်ခ် https://ayasompo.com/my/authorised-workshops/ မှတဆင့်၀င်ရောက်ပြီးအသေးစိတ်လေ့လာကြည့်ရှုနိုင်ပါတယ်။AYA SOMPO Insurance – Your Partner for Life