AYA SOMPO အာမခံသည် သင့်ဘဝအတွက် လက်တွဲဖော် “Your Partner for Life” ဟူသောဆောင်ပုဒ်နှင့်အညီ မိတ်ဆွေများအတွက် ပိုမိုသာလွန်သော နည်းပညာများဖြင့် ဝန်ဆောင်မှုများကို အစဥ်အမြဲ ဆောင်ရွက်ပေးလျက်ရှိနေပါသည်။ AYA SOMPO အာမခံအနေဖြင့် ယခုနှစ်ကျင်းပခဲ့သော “Asia Experience Awards” တွင် အာမခံလုပ်ငန်းများတွင် ပံ့ပိုးပေးခဲ့သော ဆန်းသစ်တီထွင်မှုအတွက် “Myanmar Customer Experience of the Year – General Insurance” ဆုကိုရရှိခဲ့ပါသည်။ Asia Experience Review မှစီစဥ်ကျင်းပပေးသော ဆုများသည် အာရှလုပ်ငန်းနယ်ပယ်များ အားလုံးရှိ သက်ဆိုင်သူများအား ကောင်းမွန်သော အတွေ့အကြုံများ၊ ဖန်တီးမှုများကို ပေးဆောင်သည့် ကုမ္ပဏီများ၏ ထက်မြက်သော တီထွင်ဆန်းသစ်မှုများအား အသိမှတ်ပြုသောအနေဖြင့် ပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။ AYA SOMPO အာမခံ၏ အဓိကအောင်မြင်မှုများထဲမှတခုဖြစ်သော 360º Customer Relationship Management System ကိုစတင်လုပ်ဆောင်ခြင်းနှင့် CRM ကိုအသုံးပြုပြီး customer များ၏ အချက် အလက်များကို ကိုင်တွယ်ရန်၊ စီမံဆောင်ရွက်ရန်နှင့် သိမ်းဆည်းရန်အတွက် အသုံးပြုသော နည်းစနစ်များလည်း ပါဝင်ခြင်းဖြစ်ပါသည်။ AYA SOMPO အာမခံသည် ယခု CRM စနစ်အသစ်ဖြင့် ဒစ်ဂျစ်တယ်ဆက်သွယ်ရေးဆိုင်ရာများမှတဆင့် ပိုမိုကောင်းမွန်သော ပေါင်းစပ်မှုများ၊ အဆင့်မြှင့်တင်မှုများနှင့် တိုးတက်မှုများ လုပ်ဆောင်ပေးနိုင်ရန် ရည်ရွယ်ပါသည်။
We use cookies to ensure that we give you the best experience on our website. If you continue to use this site we will assume that you are happy with it.