21 Sep 2020 AYA SOMPO Insurance continues providing insurance services during Stay at Home period Posted at 1:32 ညနေ in News & Events by May Khaing 0 Likes လုံခြုံစိတ်ချရသော အာမခံအကာအကွယ်များ ရယူနိုင်ရန်နှင့် အာမခံဝန်ဆောင်မှုများအား ပိုမိုဆင်ပြေလွယ်ကူစွာ ရယူနိုင်ရန်အတွက် အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်အနှံ့အပြားတွင် AYA SOMPO ရုံးခွဲပေါင်း (၁၂) ခုကို ဖွင့်လှစ်၍ တနင်္လာနေ့မှ သောကြာနေ့ နံနက် (၉)နာရီမှ ညနေ (၅) နာရီအထိ ဝန်ဆောင်မှုများ ပေးလျက်ရှိပါတယ်။ ရုံးခွဲများ ဖွင့်လှစ်ထားရာ မြို့များနှင့် လိပ်စာများအား https://ayasompo.com/contact/ သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ရုံးချုပ်နှင့် နီးစပ်ရာ ရုံးခွဲများသို့ လာရောက်လည်ပတ်လိုသည့် Customer များအတွက်လည်း ဝန်ထမ်းများနှင့် Customer များ၏ ကျန်းမာရေးလုံခြုံစိတ်ချမှုအတွက် ရုံးအတွင်းမဝင်မီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ Customer Counter များနှင့် ရုံးအတွင်းတွင် လက်သန့်ဆေးရည်များ ထားရှိပေးခြင်း၊ ဝန်ဆောင်မှုပေးသော ဝန်ထမ်းများအား Hair Cup များ၊ လက်အိတ်များ၊ Face Shield အကာအကွယ်များဖြင့် ဝန်ဆောင်မှုပေးခြင်းတို့ကို စီစဉ်ဆောင်ရွက်ထားရှိပါတယ်။Online မှတစ်ဆင့် အာမခံဝန်ဆောင်မှုရယူလိုသော Customer များအတွက်လည်း ayasompo.com/make-online-appointment/ သို့ ဝင်ရောက်ပြီး Online Booking ဖြင့် Appointment ကြိုတင်ရယူ၍ ကျွန်ုပ်တို့၏ အာမခံတာဝန်ရှိသူများနှင့် အခမဲ့တိုင်ပင်ဆွေးနွေးနိုင်သလို Message Box တွင် လူကြီးမင်း၏ ဖုန်းနံပါတ်ကို ချန်ထားခြင်းဖြင့် ဝန်ဆောင်မှုကိုရယူနိုင်ပါတယ်။ သို့မဟုတ် Customer Service Hotline – 09 777 100 555 သို့ဆက်သွယ်၍လည်း ဝန်ဆောင်မှု ရယူနိုင်ပါတယ်။AYA SOMPO အာမခံမှ အာမခံအကာအကွယ်ရယူထားပြီးသော Customer များအနေဖြင့်လည်း e-service များကို အသုံးပြု၍ အာမခံဝန်ဆောင်မှု ရယူနိုင်ပါသည်။ Stay at Home ကာလအတွင်း လျော်ကြေးဝန်ဆောင်မှုရယူလိုသော Customer များ အဆင်ပြေလွယ်ကူဖို့အတွက် ayasompo.com/eclaim-form/ သို့ ဝင်ရောက်ပြီး Online မှတစ်ဆင့် လျော်ကြေးဝန်ဆောင်မှု ရယူနိုင်ပါတယ်။အာမခံပရီမီယံကြေးတွေကို ကိုယ်တိုင်တွက်ချက်လိုသော Customer များအတွက်လည်း အောက်ပါ link များသို့ ဝင်၍ ကိုယ်တိုင်တွက်ချက်သိရှိနိုင်ပါတယ်။Motor Vehicle Insurance – https://premiumcalculator.ayasompo.com/motor-vehicleFire Insurance – https://premiumcalculator.ayasompo.com/fireHealth Insurance – https://premiumcalculator.ayasompo.com/healthTravel Insurance – https://premiumcalculator.ayasompo.com/travelPersonal Accident Insurance – https://premiumcalculator.ayasompo.com/personal_accidentMarine Cargo Insurance – https://premiumcalculator.ayasompo.com/marine_cargoInland Transit Insurance – https://premiumcalculator.ayasompo.com/inland_transitMarine Hull Insurance – https://premiumcalculator.ayasompo.com/marine_hull