Best Insurance Company Digital Transformation Myanmar 2020

၂၀၂ဝ ခုနှစ်အတွက် Global Banking and Finance မှ ရွေးချယ်ပေးအပ်သော “Best Insurance Company Digital Transformation Myanmar 2020” Award ကို AYA SOMPO အာမခံမှ ဆွတ်ခူးရရှိကြောင်း ချစ်ရသော မိတ်ဆွေများအား ဂုဏ်ယူဝမ်းမြောက်စွာဖြင့် အသိပေးအပ်ပါသည်။

AYA SOMPO အာမခံသည် မြန်မာနိုင်ငံတွင် ဦးဆောင်လုပ်ကိုင်နေသော အာမခံကုမ္ပဏီများထဲမှ တစ်ခုဖြစ်ပြီး လွယ်ကူဆန်းသစ်သော နည်းပညာဝန်ဆောင်မှုများဖြင့် ပြည်သူလူထု၏ လိုအပ်ချက်နှင့် ကိုက်ညီသော အာမခံအမျိုးအစားများနှင့် အာမခံဝန်ဆောင်မှုများကို အကောင်းဆုံး ပေးစွမ်းနိုင်ခြင်းကြောင့် အဆိုပါဆုကို ဆွတ်ခူးရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ 

ဆက်လက်ပြီး AYA SOMPO အာမခံအနေဖြင့် မြန်မာ့အာမခံမှ ချမှတ်ထားသော စည်းမျဥ်းစည်းကမ်းများနှင့်အညီ ပြည်သူများအတွက် ပိုမိုအဆင်ပြေလွယ်ကူစေမည့် Digital Initiative လုပ်ငန်းစဉ်များ သာမက လျင်မြန်လွယ်ကူစွာ အာမခံဝန်ဆောင်မှုပေးနိုင်မည့် Channel နှင့် ကဏ္ဍမျိုးစုံကိုလည်း အကောင်းဆုံး တိုးချဲ့လုပ်ဆောင်သွားမှာ ဖြစ်သည်။